Tuesday, January 28, 2020

ပြေးလမ်းမှ ထွက်ခွာစဉ် ခြံစည်းရိုးကိုတိုက်မိပြီး ချော်ထွက်ကာ အီရန်ခရီးသည်တင်လေယာဉ်တစ်စင်း အဝေးပြေးလမ်းပေါ် ရောက်ရှိသွား

Image may contain: airplane, sky and outdoorImage may contain: airplane, sky and outdoor

ဇန်နဝါရီလ ၂၇ ရက်တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၆နာရီ ၅၀မိနစ်တွင် အီရန်နိုင်ငံ အနောက်တောင်ပိုင်း လေဆိပ်တစ်ခုမှာ ကက်စပီယံလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ထွက်သွားခဲ့ကာ အဝေးပြေးလမ်းမပေါ် ရပ်တန့်သွားခဲ့ကြောင်းသိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာအနာတရ မရှိဘဲ လေယာဉ်ပေါ်ကနေ သယ်ထုတ်ပေးနိုင်ခဲ့ကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားသည်။

အဆိုပါလေယာဉ်သည် “မာရှာဟာလေဆိပ်ကို ဆင်းသက်ခဲ့ချိန်မှာ ပြေးလမ်းကနေ ကျော်ထွက်သွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူမရှိပါဘူး” လို့ IRNA သတင်းဌာနက ဖော်ပြခဲ့သည်။ အချို့ အီရန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လေယာဉ်ပေါ်မှာ ခရီးသည် ၁၃၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦး ပါဝင်ခဲ့တယ်လို့ သိရသည်။
နည်းပညာဆိုင်ရာ ပြဿနာတစ်ခုကြောင့် လေယာဉ် ဆင်းသက်ချိန် နှောင့်နှေးခဲ့ရပြီး ယခု မတော်တဆမှုဖြစ်ခဲ့ရတာလို့ ဒေသဆိုင်ရာ လေကြောင်းတာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး IRNA က ဖော်ပြပါတယ်။ လေယာဉ်မှူးဟာ အဆင်းဘီးတွေကို မချနိုင်ခဲ့ကြောင်းနဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း အီရန် မီဒီယာက ထုတ်ပြန်ထားခဲ့သည်။
လေယာဉ် မီးလောင်မှု မဖြစ်ခဲ့ကြောင်းနဲ့ ခရီးသည်အားလုံး လုံခြုံဘေးကင်းစွာ လေယာဉ်ထဲက ထွက်ခွာနိုင်ခဲ့ကြောင်း ခူဇက်စတန် လေဆိပ်များရဲ့ မန်နေဂျင်းဒါရိုက်တာ မိုဟာမက် ရီဇာ ရီဇိုင်းက ပြောဆိုထားသည်။
Image may contain: sky, car and outdoor
Source : Reuters

>>Zawgyi<<
ပြေးလမ်းမှ ထွက်ခွာစဉ် ခြံစည်းရိုးကိုတိုက်မိပြီး ချော်ထွက်ကာ အီရန်ခရီးသည်တင်လေယာဉ်တစ်စင်း အဝေးပြေးလမ်းပေါ် ရောက်ရှိသွား
Tuesday, January 28 , 2020

ဇန်နဝါရီလ ၂၇ ရက်တနင်္လာနေ့ ဒေသစံတော်ချိန် ညနေ ၆နာရီ ၅၀မိနစ်တွင် အီရန်နိုင်ငံ အနောက်တောင်ပိုင်း လေဆိပ်တစ်ခုမှာ ကက်စပီယံလေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ထွက်သွားခဲ့ကာ အဝေးပြေးလမ်းမပေါ် ရပ်တန့်သွားခဲ့ကြောင်းသိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ခရီးသည်များ ထိခိုက်ဒဏ်ရာအနာတရ မရှိဘဲ လေယာဉ်ပေါ်ကနေ သယ်ထုတ်ပေးနိုင်ခဲ့ကြောင်း အီရန် နိုင်ငံပိုင် မီဒီယာက ဖော်ပြထားသည်။
အဆိုပါလေယာဉ်သည် “မာရှာဟာလေဆိပ်ကို ဆင်းသက်ခဲ့ချိန်မှာ ပြေးလမ်းကနေ ကျော်ထွက်သွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူမရှိပါဘူး” လို့ IRNA သတင်းဌာနက ဖော်ပြခဲ့သည်။ အချို့ အီရန် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ လေယာဉ်ပေါ်မှာ ခရီးသည် ၁၃၅ ဦးနဲ့ လေယာဉ်အမှုထမ်း ၇ ဦး ပါဝင်ခဲ့တယ်လို့ သိရသည်။
နည်းပညာဆိုင်ရာ ပြဿနာတစ်ခုကြောင့် လေယာဉ် ဆင်းသက်ချိန် နှောင့်နှေးခဲ့ရပြီး ယခု မတော်တဆမှုဖြစ်ခဲ့ရတာလို့ ဒေသဆိုင်ရာ လေကြောင်းတာဝန်ရှိသူတွေရဲ့ပြောကြားချက်ကို ကိုးကားပြီး IRNA က ဖော်ပြပါတယ်။ လေယာဉ်မှူးဟာ အဆင်းဘီးတွေကို မချနိုင်ခဲ့ကြောင်းနဲ့ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း အီရန် မီဒီယာက ထုတ်ပြန်ထားခဲ့သည်။
လေယာဉ် မီးလောင်မှု မဖြစ်ခဲ့ကြောင်းနဲ့ ခရီးသည်အားလုံး လုံခြုံဘေးကင်းစွာ လေယာဉ်ထဲက ထွက်ခွာနိုင်ခဲ့ကြောင်း ခူဇက်စတန် လေဆိပ်များရဲ့ မန်နေဂျင်းဒါရိုက်တာ မိုဟာမက် ရီဇာ ရီဇိုင်းက ပြောဆိုထားသည်။
Source : Reuters
#Myanmar_Online_News

0 comments:

Post a Comment