Sunday, January 26, 2020

လျှပ်စစ်ဓါတ်အားယူနစ် ၂၀ ရာခိုင်နှုန်းခန့် ပျောက်ဆုံးနေ၍ ရပ်၊ ပျက်၊ နှေး မီတာများအစား ဒီဂျစ်မီတာများ အခမဲ့လဲလှယ်

Image may contain: one or more people

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင် လျှပ်စစ်ဓါတ်အားယူနစ် ၂၀ ရာခိုင်နှုန်းခန့် ပျောက်ဆုံးနေ၍ ရပ်၊ ပျက်၊ နှေး အိမ်သုံးမီတာများကို ဒစ်ဂျစ်မီတာများဖြင့် အခမဲ့ လဲလှယ်ပေးမည့်ဟု ယင်းမြို့ မြို့နယ်လျှပ်စစ်ဓါတ်အားဖြန့်ဖြူရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က ပြောဆိုသည်။

" သုံးသလောက် ယူနစ်မတက်တော့ဘူး။ကျွန်တော်တို့ဆီမှာ ယူနစ်ပျောက်ဆုံးကများတယ်။ပျောက်ဆုံးများတော့ ယူနစ် ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်လောက် ပျောက်ဆုံးမှုရှိတော့။ဒါမဖြစ်တော့ မီတာလည်စစ်မယ်။ ရပ်၊ ပျက်၊ နှေး၊ နှစ်ကြာမီတာတွေကို ဒစ်ဂျစ်တယ်မီတာနဲ့ လဲပေးမယ်။" ဟု ၎င်းက ပြောကြားသည်။
ယင်းမြို့တွင် အိမ်သုံး အန်ဒါလော့ ရပ်၊ ပျက်၊ နှေး နှင့် နှစ်ကြာမီတာ ၁၂၆၀ ကျော်ကို အသစ် ၁၅၊ ၃၀ ဒစ်ဂျစ်တယ်မီတာဖြင့် လှဲလှယ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသစ်တပ်လှဲလှယ်တပ်ဆင်မည့် ဒီဂျစ်တယ် မီတာခဖိုး ပေးသွင်းစရာမလိုဘဲ အခမဲ့လှဲလှယ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် အိမ်ရှင်မှ မီးဆက်ခကြေး နှစ်ထောင်ကျပ်သာ နိုင်ငံတော်သို့ ပေးသွင်းရမည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က ပြောကြားသည်။
ယင်းမြို့တွင် ၁၉၈၆ ခုနှစ်၊ ယခင် နှင့် နောက်ပိုင်း သက်တမ်းကြာမီတာများ၏ ကောင်တာများက သုံးစွဲသလောက် မနိုင်၍ ကောင်တာလည်ပတ်ခြင်းမရှိဘဲ နှေးနေခြင်း၊ မီးပွင့် လေး၊ ငါးပွင့် သုံးစွဲနေသည့်တိုင်အောင် မီတာလည်ပတ်မှုမရှိသဖြင့် သုံးစွဲယူနစ် အမှန်မဖြစ်တော့သည့်အတွက် ၂၀ ရာခိုင်းနှုန်းခန့် ယူနစ်ပျောက်ဆုံးနေသည်ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးထက်အောင်နိုင်က ရှင်းပြပြောဆိုသည်။
ထို့အပြင် နေအိမ်များတွင်သုံးစွဲနေသော လျှပ်စစ်ဝါယာရိမ်းသွယ်မှုအ၊ခြေအနေ၊ ဟောင်းနွမ်းဆွေးမြေ့ ပျက်စီးချို့ယွင်းနေသော လျပ်စစ်နှင့် ဆက်စပ်ပစ္စည်းများ သုံးစွဲနေခြင်းရှိ၊ မရှိ စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး သုံးစွဲနေခြင်းများ တွေ့ရှိပါက အမြန်ဆုံးအသစ်လှဲလှယ်ရန် ဆောင်ရွက်ပေးခြင်းနှင့် အိမ်ရှင်များက အမြန်ဆုံး အသစ်လှဲလှယ်မှု မလုပ်ဆောင်ပါက လျှပ်စစ်ဓါတ်အား ဖြတ်တောက်ထားမည်ဖြစ်ကြောင်း မြိုနယ်လျှပ်စစ်အင်ဂျင်နီယာ ကပြောသည်။
ယခင်နှစ် ဒီဇင်ဘာလဆန်းရက်မှ စတင်ပြီး ဇန်နဝါရီလတို့တွင် မီးသတ်ဦးစီးဌာန မှ နေ့စဉ် နွေရာသီအကြို မီးဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်စစ်ဆေးမှုတွင် ယင်းမြို့တွင် လျှပ်စစ်မီးသုံးစွဲနေသော နေအိမ် ၄၀ ရာခိုင်နှုန်းသည် ဟောင်း၊ဆွေးမြေ့နေသော အဖုံးအကာမဲ့ ဓါးမိန်းများ၊ နှစ်ပင်လိမ်ဝါယာကြီးများ၊ အဆက်အထုံးပါသော လျှပ်စစ်ကြိုးများ၊ မီးကျွမ်းထားသော ပလပ်ပေါက်များနှင့် လွတ်ဖြစ်နေသော ထိုးပင်များ၊ ထမင်းပေါင်းအိုး၊ အယ်နီဟင်းအိုး၊ သုံးမီနစ်ရေနွေးအိုးတို့တွင်ပါသော ပလပ်ငုပ်တို့ ပျက်စီးနေသော်လည်း လျှပ်စစ်မီးဖြစ်သလို သုံးစွဲနေခြင်းတို့ စစ်ဆေးတွေ့ရှိခဲ့သည်ဟု ယင်းမြို့ မီးဘေးအန္တရာယ် လုံခြုံရေးကော်မတီ ထံမှသိရသည်။
Ref;The Voice #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment