Sunday, January 26, 2020

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားရာဝူဟန်မြို့ရောက် မြန်မာကျောင်းသားများ အမိနိုင်ငံသို့ပြန်ခွင့်ရရန်တောင်းဆိုမှုကြောင့် သံရုံးနှင့် သက်ဆိုင်ရာကျောင်းများ ညှိနှိုင်းနေ

Image may contain: one or more people and outdoorImage may contain: one or more people and people standing

ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ရှိ မြန်မာကျောင်းသူ/ကျောင်းသားများက မြန်မာနိုင်ငံပြန်ခွင့်ရရေး အပါအဝင်တောင်းဆိုခဲ့သည့်အပေါ် တရုတ်နိုင်ငံရှိ မြန်မာနိုင်ငံသံရုံးနှင့် သက်ဆိုင်ရာကျောင်းများညှိနှိုင်းလျှက်ကြောင်းသိရှိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့က ထွက်ခွာမည့် လေယာဉ်၊ ရထားခရီးစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီးနောက် မြို့တွင် ကျန်ရှိနေသော မြန်မာကျောင်းသား၊ ကျောင်းသူအယောက် ၆ဝ က လက်ရှိတွင် ကျန်းမာရေးအခြေအနေကောင်းမွန်နေသောကြောင့် လိုအပ်သော စစ်ဆေးမှုများခံယူပြီး မြန်မာနိုင်ငံကို ပြန်ခွင့်ရရေးနှင့် လိုအပ်သော စားနပ်ရိက္ခာအကူအညီပေးရေး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
မြန်မာကျောင်းသူ/ကျောင်းသားတွေအနေနဲ့ ပြန်လာခွင့်ရမယ်ဆိုရင် ကျန်းမာရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့စစ်ဆေးမှုတွေကို ခံယူပြီးရောဂါကင်းစင်မှ ပြန်လာမှာဖြစ်သလို ပြန်ရောက်လာရင်လည်း မြန်မာနိုင်ငံက ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ စစ်ဆေးမှုတွေကို ခံယူဖို့အသင့်ရှိနေကြာင်း ပြောသည်။
ကိုရိုနာ ဗိုင်းရပ်စ်ပိုးကြောင့် တရုတ်ပြည်မကြီးတွင် ကူးစက်ခံရသူ ၁၃၀၀ ကျော်နှင့် သေဆုံးသူ ၄၁ ဦးအထိ ရှိနေပြီ အခြားပြည်ပနိုင်ငံတွေမှာလည်း ကူးစက်ခံရသူများ ရှိလာသည်။
မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ သံသယလူနာမတွေ့ရှိရသေးကြောင်းနှင့် အပြည်ပြည်ဆိုင်ရာလေဆိပ်များတွင် thermal scanner များဖြင့် စစ်ဆေးဆောင်ရွက်မှု၊ မြန်မာတရုတ်နယ်စပ်မြို့များတွင် စစ်ဆေးမှုများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နေမှုနှင့် တုပ်ကွေးအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံဆေးရုံများဖြင့် ဆောင်ရွက်နေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောထားသည်။
၂ဝ၁၉ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်ဖြစ်ပွားခဲ့သော ယခုရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးသစ်ဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုမှ မျိုးကွဲဖြစ်ကြောင်း သိရသည်။ သာမန်အအေးမိခြင်းမှ စ၍ ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့် ဆားစ်ရောဂါများ ဖြစ်ပွားနိုင်ပြီး ကျောက်ကပ်ပျက်စီးသေဆုံးနိုင်ကြောင်းလည်း သိရသည်။
Image may contain: one or more people, people standing and outdoor
Source - Mizzima
<zawgyi>

0 comments:

Post a Comment