Sunday, January 26, 2020

သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် နှာမောင်းနှင့် အရေပြားများ အခွာခံရကာ အသတ်ခံထားရ ကျူးလွန်သူဟု ယူဆရသူနှစ်ဦး ထွက်ပြေးတိမ်းရှောင်နေ


ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ဆင်မသစ်တောကြိုးဝိုင်း ဒေသအခေါ် ကျပ်တွင်းနေရာတွင် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက နှာမောင်းနှင့်အရေပြားများ အခွာခံရကာ အသတ်ခံထားရသည့် တောဆင်ရိုင်း အမတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျူးလွန် သူဟု ယူဆရသူနှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သတင်းရရှိသည်။
ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းတွင် ဆင်မ သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း တစ် အုပ်ဆင်မုဆိုးများလိုက်သောကြောင့် ကစဉ့်ကလျားထွက်ပြေးသွားသည်ဟု ယူဆရသည့် အသံကိုကြားရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့မှုအရ ရဲတပ်ဖွဲ့၊ သစ်တော၊ ဒေသ ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့မှ လိုက် လံရှာဖွေရာ ဆင်မသစ်တောကြိုးဝိုင်းအတွင်း ဒေသအခေါ် ကျပ်တွင်းနေရာတွင် နှာမောင်း အဖြတ်ခံထားရပြီး အရေပြားများခွာထားခြင်း ခံထားရသည့် တောဆင်ရိုင်းအသေတစ် ကောင်ကို တွေ့ရှိရပြီး ဆင်အသေအနီးတွင် ဆင်အစိတ်အပိုင်းများကို သိမ်းဆည်းနေသည် ဟု ယူဆရသည့် လူနှစ်ဦးကိုပါ တွေ့ရှိရကြောင်း၊ မသင်္ကာဖွယ် လူနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးရာ တွင်မူ တောနက်အတွင်းသို့ ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး နယ်မြေရှင်းလင်းရှာဖွေနေလျက်ရှိကြောင်း သိရသည်။

“၂၃ရက်နေ့ ညနေ ၆နာရီလောက်က ဒေသခံပြည်သူတစ်ယောက်က ဆင်တွေကစဉ့် ကလျား ဖြစ်ပြီးပြေးလွှားတယ်ပေါ့။ ပြေးလွှားတော့ အနီးစပ်ဆုံးဖြစ်တဲ့ အမှတ်(၁) ဆင်အခြေ စိုက်စခန်းက ဆရာကြီးထွန်းသိန်းကို လှမ်း အကြောင်းကြားတယ်။ ဆရာကြီးကနေ ကျွန် တော်တို့ဆီကို ပြန်အကြောင်းကြားတယ် ဒီလို ထူးတယ်ပေါ့။ ထူးတယ်ဆိုတော့ ကျွန်တော် တို့လည်း မိုးချုပ်ခါနီးမို့ မလာတော့ဘူး ကျွန် တော်တို့ မနက်အစောကြီး ၂၄ရက်နေ့ပေါ့နော် မနက်အစောကြီးမှ တက်လာခဲ့မယ်ဆိုပြီး ကျွန်တော်တို့ တက်သွားတယ်။ တက်သွားပြီး တော့ မသင်္ကာတဲ့နေရာပေါ့။ ဆင်အပြေးအလွှားရှိတဲ့နေရာကို ကျွန်တော်တို့ ရောက်အောင် သွားတယ်။ သွားရှာတော့ ဆင်ချေးပုံတွေ ဆင်ပြေးလွှားရင်းမဲ့နေရာတွေရှာရင်းနဲ့ တစ်နေ့လုံး ပေါ့နော်။ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ညနေ ၃ နာရီခွဲမှာ အဲဒီအချိန်မှာ ကျွန်တော်တို့ အရမ်းအြံ့သသွားတာဗျာ။ အဲဒီမှာဆင်ကတော့ တုံးလုံးပက်လက်လဲပြီးတော့ အရေပြားခွာထားပြီပေါ့။ အဲဒါနဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ လူနှစ်ယောက် လို့ ယူဆရတာပေါ့။ အဲဒီလူနှစ် ယောက် ဆင်ကအစိတ်အပိုင်းကို ယူပြီးတော့ ထည့်တာလား။ ဘာလားတော့ မသိဘူး။ တွေ့ တော့ ကျွန်တော်က အတင်းဝင်ပြီးတော့ လိုက် ရော၊ သူတို့က ကျွန်တော့်ကို အရင်တွေ့တယ် တွေ့တော့ အတင်းထွက်ပြေးသွားကြတယ်။ ကျွန်တော်က အနောက်ကနေလိုက်တာပေါ့။ အတင်းလိုက်ရင်း လိုက်လို့မမီတော့ဘူးပေါ့။ ဆင်ကတော့သေနေပြီ။အတောင် ၂၀ ပေ ၃၅ လက်မ ဆင်အရေပြားလေးပုံ ပုံထားတယ်ပေါ့။ အဲဒီလေးပုံရဲ့ ဘေးနားမှာတော့ ကျပ်စင်လို့ ယူဆရတယ်ပေါ့ဗျာ။ သူတို့ရှင်းထားတာ ၁၀ ပေ ၄ ပေလောက်ရှိတယ် နေရာက၊ သစ်ရွက် ရှင်းထားတာပေါ့။ အဲဒီနားမှာပဲ ကျပ်စင်လုပ်ပြီး တိုက်မယ်ထင်တယ်။ အဲဒီလိုယူဆရတာပေါ့။ ကျွန်တာ်တို့က ပစ္စည်းတွေလိုက်ရှာတော့ ရဲဒင်းနှစ်လက်နဲ့ ဓားအိမ်လေးတစ်ခုပဲ တွေ့တော့တယ် ကျန်တာ တူးမီးသေနတ်တို့ ရှာလို့ မတွေ့တော့ဘူး။ သူတို့ဆင်အရေပြားတော့မရ လိုက်ဘူးပေါ့” ဟု ငရုတ်ကောင်းတောင် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း၌ တောဆင်ရိုင်း အသတ်ခံရမှုဖြစ်စဉ်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် တောဆင်ရိုင်းများ အသတ်ခံရမှု ၁၆ မှု၊ ၂၀၁၈ ခုနှစ်တွင် တောဆင်ရိုင်းများ အသတ်ခံရမှု ခုနစ်မှု၊ ၂၀၁၉ ခုနှစ်တွင် တောဆင်ရိုင်းအသတ် ခံရမှု သုံးမှုဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။
Ref; Eleven #Myanmar_Online_News
>>Zawgyi<<
သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်းတစ်ကောင် နှာမောင်းနှင့် အရေပြားများ အခွာခံရကာ အသတ်ခံထားရ ကျူးလွန်သူဟု ယူဆရသူနှစ်ဦး ထွက်ပြေးတိမ်းရှောင်နေ
Sunday, January 26, 2020
ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်းမြို့ ဆင်မသစ်တောကြိုးဝိုင်း ဒေသအခေါ် ကျပ်တွင်းနေရာတွင် ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းက နှာမောင်းနှင့်အရေပြားများ အခွာခံရကာ အသတ်ခံထားရသည့် တောဆင်ရိုင်း အမတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ကျူးလွန် သူဟု ယူဆရသူနှစ်ဦးမှာ ထွက်ပြေးလွတ် မြောက်သွားကြောင်း သတင်းရရှိသည်။

ဇန်နဝါရီ ၂၃ ရက် ညနေပိုင်းတွင် ဆင်မ သစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း တစ် အုပ်ဆင်မုဆိုးများလိုက်သောေကြာင့် ကစဥ့်ကလျားထွက်ပြေးသွားသည်ဟု ယူဆရသည့် အသံကိုကြားရကြောင်း ဒေသခံတစ်ဦး၏ သတင်းပေးပို့မှုအရ ရဲတပ်ဖွဲ့၊ သစ်တော၊ ဒေသ ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့မှ လိုက် လံရှာဖွေရာ ဆင်မသစ်တောကြိုးဝိုင်းအတွင်း ဒေသအခေါ် ကျပ်တွင်းနေရာတွင် နှာမောင်း အဖြတ်ခံထားရပြီး အရေပြားများခွာထားခြင်း ခံထားရသည့် တောဆင်ရိုင်းအသေတစ် ကောင်ကို တွေ့ရှိရပြီး ဆင်အသေအနီးတွင် ဆင်အစိတ်အပိုင်းများကို သိမ်းဆည်းနေသည် ဟု ယူဆရသည့် လူနှစ်ဦးကိုပါ တွေ့ရှိရကြောင်း၊ မသင်္ကာဖွယ် လူနှစ်ဦးကို ဝင်ရောက်ဖမ်းဆီးရာ တွင်မူ တောနက်အတွင်းသို့ ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး နယ်မြေရှင်းလင်းရှာဖွေနေလျက်ရှိကြောင်း သိရသည်။

“၂၃ရက်နေ့ ညနေ ၆နာရီလောက်က ဒေသခံပြည်သူတစ်ယောက်က ဆင်တွေကစဥ့် ကလျား ဖြစ်ပြီးပြေးလွှားတယ်ပေါ့။ ပြေးလွှားတော့ အနီးစပ်ဆုံးဖြစ်တဲ့ အမှတ်(၁) ဆင်အခြေ စိုက်စခန်းက ဆရာကြီးထွန်းသိန်းကို လှမ်း အကြောင်းကြားတယ်။ ဆရာကြီးကနေ ကျွန် တော်တို့ဆီကို ပြန်အကြောင်းကြားတယ် ဒီလို ထူးတယ်ပေါ့။ ထူးတယ်ဆိုတော့ ကျွန်တော် တို့လည်း မိုးချုပ်ခါနီးမို့ မလာတော့ဘူး ကျွန် တော်တို့ မနက်အစောကြီး ၂၄ရက်နေ့ပေါ့နော် မနက်အစောကြီးမှ တက်လာခဲ့မယ်ဆိုပြီး ကျွန်တော်တို့ တက်သွားတယ်။ တက်သွားပြီး တော့ မသင်္ကာတဲ့နေရာပေါ့။ ဆင်အပြေးအလွှားရှိတဲ့နေရာကို ကျွန်တော်တို့ ရောက်အောင် သွားတယ်။ သွားရှာတော့ ဆင်ချေးပုံတွေ ဆင်ပြေးလွှားရင်းမဲ့နေရာတွေရှာရင်းနဲ့ တစ်နေ့လုံး ပေါ့နော်။ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ ညနေ ၃ နာရီခွဲမှာ အဲဒီအချိန်မှာ ကျွန်တော်တို့ အရမ်းအြံ့သသွားတာဗျာ။ အဲဒီမှာဆင်ကတော့ တုံးလုံးပက်လက်လဲပြီးတော့ အရေပြားခွာထားပြီပေါ့။ အဲဒါနဲ့ နည်းနည်းလှမ်းတဲ့နေရာမှာ လူနှစ်ယောက် လို့ ယူဆရတာပေါ့။ အဲဒီလူနှစ် ယောက် ဆင်ကအစိတ်အပိုင်းကို ယူပြီးတော့ ထည့်တာလား။ ဘာလားတော့ မသိဘူး။ တွေ့ တော့ ကျွန်တော်က အတင်းဝင်ပြီးတော့ လိုက် ရော၊ သူတို့က ကျွန်တော့်ကို အရင်တွေ့တယ် တွေ့တော့ အတင်းထွက်ပြေးသွားကြတယ်။ ကျွန်တော်က အနောက်ကနေလိုက်တာပေါ့။ အတင်းလိုက်ရင်း လိုက်လို့မမီတော့ဘူးပေါ့။ ဆင်ကတော့သေနေပြီ။အတောင် ၂၀ ပေ ၃၅ လက်မ ဆင်အရေပြားလေးပုံ ပုံထားတယ်ပေါ့။ အဲဒီလေးပုံရဲ့ ဘေးနားမှာတော့ ကျပ်စင်လို့ ယူဆရတယ်ပေါ့ဗျာ။ သူတို့ရှင်းထားတာ ၁၀ ပေ ၄ ပေလောက်ရှိတယ် နေရာက၊ သစ်ရွက် ရှင်းထားတာပေါ့။ အဲဒီနားမှာပဲ ကျပ်စင်လုပ်ပြီး တိုက်မယ်ထင်တယ်။ အဲဒီလိုယူဆရတာပေါ့။ ကျွန်တာ်တို့က ပစ္စည်းတွေလိုက်ရှာတော့ ရဲဒင်းနှစ်လက်နဲ့ ဓားအိမ်လေးတစ်ခုပဲ တွေ့တော့တယ် ကျန်တာ တူးမီးသေနတ်တို့ ရှာလို့ မတွေ့တော့ဘူး။ သူတို့ဆင်အရေပြားတော့မရ လိုက်ဘူးပေါ့” ဟု ငရုတ်ကောင်းတောင် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်ထွန်းက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း၌ တောဆင်ရိုင်း အသတ်ခံရမှုဖြစ်စဉ်မှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် တောဆင်ရိုင်းများ အသတ်ခံရမှု ၁၆ မှု၊ ၂၀၁၈ ခုနှစ်တွင် တောဆင်ရိုင်းများ အသတ်ခံရမှု ခုနစ်မှု၊ ၂၀၁၉ ခုနှစ်တွင် တောဆင်ရိုင်းအသတ် ခံရမှု သုံးမှုဖြစ်ပွားခဲ့ကြောင်း မှတ်တမ်းများ အရ သိရသည်။
Ref; Eleven #Myanmar_Online_News

0 comments:

Post a Comment