Sunday, January 26, 2020

ရန်ကုန်တိုင်းလွှတ်‌တော်အား ဝေဖန်ခဲ့သဖြင့် NLD ပါတီမှ ထုတ်ပယ်ခံရသည့် ဒဂုံမြို့နယ် လွှတ်တော်အမတ် ဦးကျော်ဇေယျ ဒေါ်သက်သက်ခိုင်၏ PPP ပါတီသို့ ဝင်ရောက်

Image may contain: 1 person, standing
NLD ပါတီဝင်အဖြစ်မှ ရပ်စဲခြင်းခံလိုက်ရသည့် ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျသည် ဒေါ်သက်သက်ခိုင် ဦးဆောင်သည့် ပြည်သူ့ရှေ့ဆောင်ပါတီသို့ ဝင်ရောက်သွားပြီဖြစ်ပြီး ယင်းသို့ ဝင်ရောက်ရခြင်းမှာ စီးပွား ရေးနယ်ပယ်တွင် အောင်မြင်နေသည့် စီးပွားရေးပညာရှင်များ ပါဝင်သည့်အတွက်ဖြစ်ကြောင်း ၎င်းကပြောသည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင် ရရှိခဲ့သော ဦးကျော်ဇေယျအား NLD အမှုဆောင်များမှ ပထမအကြိမ်တွင် ပါတီတာဝန်များ ရပ်ဆိုင်းခြင်းဖြင့်လည်းကောင်း ဒုတိယ အကြိမ်တွင် ပါတီဝင်အဖြစ်မှ အပြီးတိုင် ရပ်စဲခဲ့ခြင်းဖြင့် အရေးယူခဲ့ခြင်းဖြစ်သည်။
ပြည်သူ့ရှေ့ဆောင်ပါတီသည့် NLD ပါတီမှ ထုတ်ပယ်ခြင်း ခံထားရသည့် ပြည်သူ့လွှတ်တော်အမတ် ဒေါ်သက်သက်ခိုင်ဦးဆောင် ဖွဲ့စည်းထားသည့် ပါတီတစ်ခုဖြစ်ပြီး စည်းပွားရေး လုပ်ငန်းရှင်းများ၊ တတ်သိပညာရှင်များနှင့် စုဖွဲ့ထားသည့် ပါတီတစ်ခုလည်း ဖြစ် သည်။
Ref;AKonthi; #Myanmar_Online_News
>>Zawgyi<<

0 comments:

Post a Comment