Sunday, January 26, 2020

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ

Image may contain: one or more people, people standing, sky and outdoorImage may contain: 2 people, people standing and outdoor
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိအောင် ကြိုတင်ကာကွယ်ရေး နည်းလမ်းဖြစ်သော မက်စ်(Mask)များ တပ်ဆင်သွားလာနိုင်ရေးအတွက် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်ဂိတ်တွင် အသိပညာပေးခြင်းကို ဇန်နဝါရီ ၂၅ ရက်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မန့်ဟီးရိုးမြို့ရှိ မြို့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းယီအောင်နှင့် သူနာပြုဆရာများမှ ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံနေသော ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မက်စ်(Mask)များ တပ်ဆင်အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မန့်ဟီးရိုးမြို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ၊ မောင်နှမကျေးရွာ (နှစ်ပြည်တစ်ရွာ) အတွင်းရှိ ပန်းခြံ၊ ပြတိုက်၊ ဆိုင်ခန်းများနှင့် ထိုနေရာသို့ သွားရောက်လည်ပတ်သည့် လေ့လာရေးသမားများ၊ ခရီးသွားဧည့်သည်များ၊ ဒေသခံများ ဝင်ရောက်မှုအား ယနေ့နံနက်ပိုင်းမှစတင်ကာ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရပါသည်။
Image may contain: 1 person, standing and outdoorImage may contain: one or more people, people standing and outdoor
>>Zawgyi<<
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမှ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ
Sunday, January 26, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်းမရှိအောင် ကြိုတင်ကာကွယ်ရေး နည်းလမ်းဖြစ်သော မက်စ်(Mask)များ တပ်ဆင်သွားလာနိုင်ရေးအတွက် နှစ်နိုင်ငံနယ်စပ် ဝင်/ထွက်ပေါက်ဂိတ်တွင် အသိပညာပေးခြင်းကို ဇန်နဝါရီ ၂၅ ရက်မှ စတင်ပြီး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို မန့်ဟီးရိုးမြို့ရှိ မြို့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာစိုင်းယီအောင်နှင့် သူနာပြုဆရာများမှ ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့မရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်များက နယ်စပ်ဂိတ်ပေါက်မှတစ်ဆင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံနေသော ပြည်သူများအား ကိုရိုနာဗိုင်းရပ်စ်အကြောင်း အသိပညာပေး ဟောပြောခဲ့ပြီး ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မက်စ်(Mask)များ တပ်ဆင်အသုံးပြုနိုင်ရေး အခမဲ့ဖြန့်ဝေပေးခဲ့သည်။
မန့်ဟီးရိုးမြို့နှင့် ထိစပ်နေသော တရုတ်နိုင်ငံ၊ မောင်နှမကျေးရွာ (နှစ်ပြည်တစ်ရွာ) အတွင်းရှိ ပန်းခြံ၊ ပြတိုက်၊ ဆိုင်ခန်းများနှင့် ထိုနေရာသို့ သွားရောက်လည်ပတ်သည့် လေ့လာရေးသမားများ၊ ခရီးသွားဧည့်သည်များ၊ ဒေသခံများ ဝင်ရောက်မှုအား ယနေ့နံနက်ပိုင်းမှစတင်ကာ ပိတ်ထားလိုက်ပြီဖြစ်ကြောင်း သိရပါသည်။
#Myanmar_Online_News

0 comments:

Post a Comment