Sunday, January 26, 2020

TNLA အကြမ်းဖက် သောင်းကျန်းသူတစ်ဦးမှ ကျောင်းဆရာမတစ်ဦးအား လက်နက်ငယ်ဖြင့်လာရောက်ပစ်ခတ် သတ်ဖြတ်သွားကြောင်း တပ်မတော်ထုတ်ပြန်

No photo description available.
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ ဟွေခုတ်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း (ဆမ်ဝမ်)မှ ကျောင်းဆရာမတစ်ဦး အဆိုပါကျောင်းရှိ ဝန်ထမ်းအိမ်ရာ၌ ဇန်နဝါရီ ၂၄ ရက်တွင် သေဆုံးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဟွေခုတ်ကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်း(ဆမ်ဝမ်)မှ ဆရာမဖြစ်သူ ဒေါ်မြမွှေးအောင်(ဘ) ဦးယိုင်ကျိန်၊ နမ့်ဖက်ကာကျေးရွာ၊ ကွတ်ခိုင်မြို့နယ်နေသူ သည် အဆိုပါကျောင်းဝင်းဝန်ထမ်းအိမ်ရာ၌ ရှိနေစဉ် ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးမှ လက်နက်ငယ်ဖြင့် လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာ မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
အဆိုပါသေဆုံးသူ၏ ရုပ်အလောင်းအားကွတ်ခိုင်မြို့၊ ကရုဏာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ကွတ်ခိုင် ပြည်သူ့ ဆေးရုံသို့ပို့ဆောင် ခဲ့ကြောင်းနှင့် ကွတ်ခိုင် မြို့မရဲစခန်း၌ တရားဥပဒေအရ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။
>>Zawgyi<<
TNLA အကြမ်းဖက် သောင်းကျန်းသူ တစ်ဦးမှ ကျောင်းဆရာမ တစ်ဦးအား လက်နက်ငယ်ဖြင့်လာရောက်ပစ်ခတ် သတ်ဖြတ်သွားကြောင်း တပ်မတော်ထုတ်ပြန်
Sunday, January 26, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ အင်မိန်းဟိုကျန့်ကျေးရွာအုပ်စု၊ ဟွေခုတ်ကျေးရွာရှိ အခြေခံပညာမူလတန်း ကျောင်း (ဆမ်ဝမ်)မှ ကျောင်းဆရာမတစ်ဦး အဆိုပါကျောင်းရှိ ဝန်ထမ်းအိမ်ရာ၌ ဇန်နဝါရီ ၂၄ ရက်တွင် သေဆုံးခဲ့ ကြောင်း သတင်းရရှိပါသည်။

ဖြစ်စဉ်မှာ ဟွေခုတ်ကျေးရွာရှိ အခြေခံ ပညာမူလတန်းကျောင်း(ဆမ်ဝမ်)မှ ဆရာမဖြစ်သူ ဒေါ်မြမွှေးအောင်(ဘ) ဦးယိုင်ကျိန်၊ နမ့်ဖက်ကာကျေးရွာ၊ ကွတ်ခိုင်မြို့နယ်နေသူ သည် အဆိုပါကျောင်းဝင်းဝန်ထမ်းအိမ်ရာ၌ ရှိနေစဉ် ဇန်နဝါရီ ၂၄ ရက် ည ၇ နာရီခန့် တွင် TNLA အကြမ်းဖက်သောင်းကျန်းသူတစ်ဦးမှ လက်နက်ငယ်ဖြင့် လာရောက် ပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာ မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရှိရပါသည်။
အဆိုပါသေဆုံးသူ၏ ရုပ်အလောင်းအားကွတ်ခိုင်မြို့၊ ကရုဏာလူမှုကူညီရေးအသင်းမှ မော်တော်ယာဉ်ဖြင့် ကွတ်ခိုင် ပြည်သူ့ ဆေးရုံသို့ပို့ဆောင် ခဲ့ကြောင်းနှင့် ကွတ်ခိုင် မြို့မရဲစခန်း၌ တရားဥပဒေအရ ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

0 comments:

Post a Comment