Sunday, January 26, 2020

အမေရိကန် နှင့်စင်ကာပူမှ တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် နိုင်ငံသားများကို သွားခေါ်မည်

Image may contain: one or more peopleImage may contain: one or more people

ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပို့ဆောင်ရေးလမ်းကြောင်းများကို တရုတ်အစိုးရအာဏာပိုင်များကပိတ်ပင်ထားရာ ဝူဟန်မြို ့တွင်ပိတ် မိနေသည့် အမေရိကန်နိုင်ငံသားများကို သွားရောက် ခေါ်ယူမည်ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြုသည်။

အမေရိကန်နိုင်ငံသားများကို ပြန်လည်သယ်ဆောင်မည့် ပထမဆုံးလေယာဉ်တွင် ခရီးသည် ၂၄၀ ဦးလိုက်ပါနိုင်မည်ဟုဆိုသည်။ အဆိုပါလေယာဉ်သည် လာမည့်အင်္ဂါနေ့ဇန်နဝါရီ ၂၈တွင် ဝူဟန်မြို ့မှထွက် ခွာမည်ဖြစ်ပြီး လိုက်ပါလာသူများကို ဆန်ဖရန်စစ္စကိုသို့ပို့ဆောင်မည်ဟု ဆိုသည်။
အရေးအကြီးဆုံးအချက်မှာ အကန့်အသတ်ရှိနေခြင်း ဖြစ်ပြီး ဝူဟန်မြို ့မှ ပြန်လည်ထွက်ခွာလိုသူတိုင်းအား ခေါ်ဆောင်ရန် မဖြစ်နိုင်ပါက ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည့်ဘေးမှ ပိုမိုနီးစပ်သူများကိုအလေးပေး ခေါ်ဆောင်ရန် စီစဉ်ထားသည်ဟုလည်း အမေရိကန် တာဝန်ရှိသူများက ပြောကြားထားသည်။
စင်ကာပူကလည်း ဝူဟန်မြို ့သို့ရောက်ရှိနေသည့် ၎င်းတို့၏နိုင်ငံသားများကို ယနေ့(ဇန်နဝါရီ ၂၆ )တွင် သွားရောက်ခေါ်ယူမည်ဖြစ်သည်။ စင်ကာပူ၏ တန်ဖိုးနည်းဘတ်ဂျတ်လေယာဉ်လိုင်း တစ်ခုဖြစ်သည့် Scoot လေကြောင်းလိုင်းမှာ စင်ကာပူနှင့်ဝူဟန်ကိုနေ့စဉ်ပြေးဆွဲပေးသည့်လေကြောင်း လိုင်းဖြစ်ပြီး အဆိုပါလေကြောင်းလိုင်းပြေးဆွဲမှုကို ဇန်နဝါရီ ၂၃ က ခေတ္တရပ်နားခဲ့သည်။ယခုအခါဝူဟန်သို့ရောက်ရှိနေသည့်စင်ကာပူ နိုင်ငံသားများကို Scoot လေယာဉ်ဖြင့်သွားခေါ်ရန်စီစဉ် ထားခြင်းဖြစ်သည်။
Scoot လေကြောင်းလိုင်း၏ TR 188 လေယာဉ်မှာ ယနေ့မွန်းလွဲပိုင်းတွင် စင်ကာပူချန်ဂီလေဆိပ်မှထွက် ခွာမည်ဖြစ်ပြီး တရုတ်နိုင်ငံ ဟန်ကျုံး Hangzhou လေဆိပ်သို့ညနေ ၅ နာရီမထိုးမီ ရောက်ရှိမည်ဟုသိရသည်။ ထို့နောက် ဟန်ကျုံး Hangzhou လေဆိပ်မှ ညနေခင်းတွင်ပြန်လည်ထွက်ခွာလာမည်ဖြစ်ကာ စင် ကာပူသို့ အစောဆုံးအဖြစ် ည ၁၀ နာရီဝန်းကျင်တွင်ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
အသွားအပြန်ခရီးမှာ ၅နာရီမှ ၆ နာရီအကြားကြာမြင့်မည်ဟု ခန့်မှန်းထားကာ တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်ယောကျ်ား လေးအပါအဝင် စင်ကာပူနိုင်ငံသားခရီးသည် ၉ ဦးနှင့် Scoot ဝန်ထမ်း ၁၁ ဦးကို ပြန်လည်ခေါ်လာမည်ဟု သိရသည်။
ဟူဘေးပြည်နယ် ဝူဟန်မြို ့တွင်စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ယနေ့ဇန်နဝါရီ၂၆နံနက် ပိုင်းအထိစာရင်းများအရ သေဆုံးသူ ၅၆ ဦးရှိလာပြီဖြစ်ပြီး ဗိုင်းရပ်စ်တွေ့သူလည်း ၂၀၅၁ ဦးရှိလာသည်။
သေဆုံးသူအားလုံးမှာ တရုတ်နိုင်ငံမှပင်ဖြစ်ပြီး ဗိုင်းရပ်စ်တွေ့သူအများဆုံးကလည်း တရုတ်နိုင်ငံမှပင်ဖြစ်ကာ ၂၀၀၅ ဦးရှိနေသည်။
Image may contain: one or more people and outdoor
Image may contain: airplane, sky and outdoor
>>Zawgyi<<
အမေရိကန် နှင့်စင်ကာပူမှ တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် နိုင်ငံသားများကို သွားခေါ်မည်
Sunday, January 26, 2020

ဝူဟန်ဗိုင်းရပ်စ်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရေးအတွက် ပို့ဆောင်ရေးလမ်းကြောင်းများကို တရုတ်အစိုးရအာဏာပိုင်များကပိတ်ပင်ထားရာ ဝူဟန်မြို့တွင်ပိတ် မိနေသည့် အမေရိကန်နိုင်ငံသားများကို သွားရောက် ခေါ်ယူမည်ဖြစ်ကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြုသည်။
အမေရိကန်နိုင်ငံသားများကို ပြန်လည်သယ်ဆောင်မည့် ပထမဆုံးလေယာဉ်တွင် ခရီးသည် ၂၄၀ ဦးလိုက်ပါနိုင်မည်ဟုဆိုသည်။ အဆိုပါလေယာဉ်သည် လာမည့်အင်္ဂါနေ့ဇန်နဝါရီ ၂၈တွင် ဝူဟန်မြို့မှထွက် ခွာမည်ဖြစ်ပြီး လိုက်ပါလာသူများကို ဆန်ဖရန်စစ္စကိုသို့ပို့ဆောင်မည်ဟု ဆိုသည်။
အရေးအကြီးဆုံးအချက်မှာ အကန့်အသတ်ရှိနေခြင်း ဖြစ်ပြီး ဝူဟန်မြို့မှ ပြန်လည်ထွက်ခွာလိုသူတိုင်းအား ခေါ်ဆောင်ရန် မဖြစ်နိုင်ပါက ဝူဟန်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမည့်ဘေးမှ ပိုမိုနီးစပ်သူများကိုအလေးပေး ခေါ်ဆောင်ရန် စီစဉ်ထားသည်ဟုလည်း အမေရိကန် တာဝန်ရှိသူများက ပြောကြားထားသည်။
စင်ကာပူကလည်း ဝူဟန်မြို့သို့ရောက်ရှိနေသည့် ၎င်းတို့၏နိုင်ငံသားများကို ယနေ့(ဇန်နဝါရီ ၂၆ )တွင် သွားရောက်ခေါ်ယူမည်ဖြစ်သည်။ စင်ကာပူ၏ တန်ဖိုးနည်းဘတ်ဂျတ်လေယာဉ်လိုင်း တစ်ခုဖြစ်သည့် Scoot လေကြောင်းလိုင်းမှာ စင်ကာပူနှင့်ဝူဟန်ကိုနေ့စဉ်ပြေးဆွဲပေးသည့်လေကြောင်း လိုင်းဖြစ်ပြီး အဆိုပါလေကြောင်းလိုင်းပြေးဆွဲမှုကို ဇန်နဝါရီ ၂၃ က ခေတ္တရပ်နားခဲ့သည်။ယခုအခါဝူဟန်သို့ရောက်ရှိနေသည့်စင်ကာပူ နိုင်ငံသားများကို Scoot လေယာဉ်ဖြင့်သွားခေါ်ရန်စီစဉ် ထားခြင်းဖြစ်သည်။
Scoot လေကြောင်းလိုင်း၏ TR 188 လေယာဉ်မှာ ယနေ့မွန်းလွဲပိုင်းတွင် စင်ကာပူချန်ဂီလေဆိပ်မှထွက် ခွာမည်ဖြစ်ပြီး တရုတ်နိုင်ငံ ဟန်ကျုံး Hangzhou လေဆိပ်သို့ညနေ ၅ နာရီမထိုးမီ ရောက်ရှိမည်ဟုသိရသည်။ ထို့နောက် ဟန်ကျုံး Hangzhou လေဆိပ်မှ ညနေခင်းတွင်ပြန်လည်ထွက်ခွာလာမည်ဖြစ်ကာ စင် ကာပူသို့ အစောဆုံးအဖြစ် ည ၁၀ နာရီဝန်းကျင်တွင်ပြန်လည်ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။
အသွားအပြန်ခရီးမှာ ၅နာရီမှ ၆ နာရီအကြားကြာမြင့်မည်ဟု ခန့်မှန်းထားကာ တရုတ်နိုင်ငံတွင် ပိတ်မိနေသည့် အသက် ၄ နှစ်အရွယ် ကလေးငယ်ယောကျ်ား လေးအပါအဝင် စင်ကာပူနိုင်ငံသားခရီးသည် ၉ ဦးနှင့် Scoot ဝန်ထမ်း ၁၁ ဦးကို ပြန်လည်ခေါ်လာမည်ဟု သိရသည်။
ဟူဘေးပြည်နယ် ဝူဟန်မြို့တွင်စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သစ်ကြောင့်ယနေ့ဇန်နဝါရီ၂၆နံနက် ပိုင်းအထိစာရင်းများအရ သေဆုံးသူ ၅၆ ဦးရှိလာပြီဖြစ်ပြီး ဗိုင်းရပ်စ်တွေ့သူလည်း ၂၀၅၁ ဦးရှိလာသည်။
သေဆုံးသူအားလုံးမှာ တရုတ်နိုင်ငံမှပင်ဖြစ်ပြီး ဗိုင်းရပ်စ်တွေ့သူအများဆုံးကလည်း တရုတ်နိုင်ငံမှပင်ဖြစ်ကာ ၂၀၀၅ ဦးရှိနေသည်။
Ref ; AFP #Myanmar_Online_News

0 comments:

Post a Comment