“မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်ကို စတင်အကောင်အထည်ဖော် ဆောင် ရွက်ခဲ့စဉ်အချိန်၌ လောင်းကစားမှု ပပျောက်ရေး ကို အရှိန်အဟုန်မြှင့်ဆောင် ရွက်ခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် လောင်း ကစားမှုပပျောက်ရေး ဆောင်ရွက်မှု အရှိန်အဟုန်လျော့ကျလာသည်ဟု သုံးသပ်ရရှိသဖြင့် တာဝန်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းများအား သတိပေး၍ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း’’ တိုင်း ဒေသ ကြီးဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောကြားသည်။
ကျင်းပဆဲ ပထမအကြိမ် မန္တလေး တိုင်းဒေသကြီးလွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ပဉ္စမနေ့တွင် လူမှုရေးနှင့် ယဉ်ကျေးမှုကော်မတီဝင် ဦးမိုးနိုင်ကျော်၏ “ဆင်းရဲနွမ်းပါးမှု များ ဖြစ်လာနိုင်သော လောင်းကစား ပပျောက်ရန် သက်ဆိုင်ရာမှ မည်သို့ ညွှန်ကြားဆောင်ရွက်ပေးမည်ကို သိ ရှိလိုကြောင်း’’ မေးခွန်းအပေါ် ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် လောင်းကစားမှုများလျော့နည်း ပပျောက်စေရေးအတွက် စီမံချက် များ စနစ်တကျ ရေးဆွဲဖမ်းဆီး ဆောင်ရွက်လျက်ရှိရာ လောင်း ကစားဒိုင်များ ဖမ်းဆီးရမိပါက နောက်ကွယ်မှ ကြိုးကိုင်လျက် အရင်းအနှီးစိုက်ထုတ် သုံးစွဲနေသူ များကိုပါ စုံစမ်းဖော်ထုတ် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ခွဲ ဒိုင်များ ဖမ်းဆီးရမိပါကလည်း အမှု စစ်အဖွဲ့ဖြင့် စနစ်တကျ စစ်ကြောဖော်ထုတ်ချက်များအပေါ် အခြေခံ၍ ဒိုင်ချုပ်များအား အမှုဖွင့်အရေးယူ ဆောင်ရွက်ခြင်း၊ သတင်းပေးတိုင်ကြား မှုများကိုလည်း အလေးထား စစ်ဆေး ဖော်ထုတ်ဖမ်းဆီး အရေးယူခြင်း၊ ကျော်ဇောသတင်းရှိသူများအား အမှုဖွင့် အရေးယူဆောင်ရွက်ခြင်းများ ဆောင်ရွက် လျက်ရှိပြီး ဖမ်းဆီးရမိမှုများတွင် တာဝန်ပေးအပ်ထားသော တပ်ဖွဲ့ဝင်များအနေဖြင့် ဒိုင်ချုပ်များ အား ချန်လှပ်၍ လက်ခွဲဒိုင်များကိုသာ ဖမ်းဆီးနေကြောင်း စိစစ်တွေ့ရှိရပါက တာဝန်ရှိသူ အဆင့် ဆင့်အား ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းကိုလည်း ပြောကြားသည်။
တိုင်းဒေသကြီးအတွင်း လောင်းကစားမှုများကို ဖမ်းဆီးအရေးယူ ဆောင်ရွက်ခဲ့ရာ ၂၀၁၁ ၌ လောင်း ကစားမှု၊ ၃၄၄မှု၊ အရေးယူခံရသူ ၇၄၂ ဦး၊ သိမ်းဆည်းရမိငွေ ၃၁၄၂၉၁၂၁ ကျပ်၊ ၂၀၁၂ ၌ လောင်းကစားမှု ၅၂၂ မှု၊ အရေးယူခံရသူ ၁၁၉၇ ဦး၊ သိမ်း ဆည်းရမိ ငွေကျပ် ၅၈၀၁၁၃၀၀၊ ၂၀၁၃ ဩဂုတ်လကုန်အထိ ဖမ်းဆီး ရမိသော လောင်းကစားမှု ၃၄၅ မှု၊ အရေးယူခံရသူ ၆၉၇ ဦး၊ သိမ်းဆည်း ရမိငွေ ၃၈၇၁၃၂၃၅ ကျပ်တို့ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်နိုင်ခဲ့ပြီး လောင်းကစားမှုများ လျော့နည်ပ ပျောက်စေရန်အတွက် ပြည်သူများမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ နှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်း၊သတင်းပေးခြင်းဖြ
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
0 comments:
Post a Comment