Monday, September 15, 2014

Miss Myanmar World ဆန်ခါတင်မှ ထုတ်ပယ်မှုကို ပက်ထရစ်ရှာရှင်းလင်း


သုသော်ဒီ (တွေ့မေးရေးသည်)

မော်ဒယ်သရုပ်ဆောင် ပက်ထရစ်ရှာဟာ Miss Myanmar World ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆန်ခါတင် ၂ဝဦးစာရင်းတွင် ပါဝင်ရွေးချယ်ခံခဲ့ရာမှ စက်တင်ဘာ ၁ဝရက်တွင် ပက်ထရစ်ရှာမှာ လေ့ကျင့်ရေးရက်များတွင် ပုံမှန်လာရောက်ခြင်းမရှိ၍ ပြိုင်ပွဲစည်းမျဉ်းစည်း ကမ်းနှင့် မကိုက်ညီဟုဆိုကာ ပြိုင်ပွဲမှထုတ်ပယ်လိုက်သည်ဟူသော ကြေညာ ချက်တစ်ရပ်ကို Miss Myanmar World Page တွင် ဖော်ပြခဲ့ရာ ပရိသတ်တချို့၏ ဝေဖန်မှုများ ထွက်ပေါ်ခဲ့တာကြောင့် ခါးနံပါတ် ၇ ပက်ထရစ်ရှာ ကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
မေး - ပက်ထရစ်ရှာကို ပြိုင်ပွဲကထုတ်ပယ်ဖို့ဖြစ်လာရတဲ့ ပြဿ နာက ဘယ်လိုမျိုးလဲ။ လေ့ကျင့်တဲ့ရက်တွေမှာ အချိန်မှန်လာရောက်မှု မရှိဘူးလို့ သိရတယ်။ အဲဒါဟုတ်ပါသလား။

ဖြေ - သူတို့ဘက်က သမီးကို ၉ရက်နဲ့၁ဝရက် နှစ်ရက်ကို အလုပ်လုပ်ဖို့ ရိုက်ကူးခွင့်ပေးတယ်လို့ ပြောတယ်။ နားရက်ပေးတယ်ပေါ့။ သြော် ဟုတ်ကဲ့ဆိုပြီး ရိုက်လိုက်တာ။ တကယ်တမ်းရိုက်နေတဲ့ အချိန် ရိုက်ကွင်းပေါ်မှာကျတော့ သမီးအမေကို ဖုန်းတွေ ဆက်တယ်။ ဘာလို့မလာတာလဲ။ ဒီနေ့က Training Day ဆိုပြီး တော့ ကိုယ့်ကို အပြစ်ပုံချသလိုပြောတယ်။ ပြိုင်ဖို့အဆင်မပြေ တော့ဘူးဆိုပြီး တွေးမိသွားတယ်။ အဲဒါနဲ့ သူတို့ကို အကြောင်း ပြန်လိုက်တယ်။ မပြိုင်ဖြစ်တော့ဘူးဆိုပြီးတော့ပေါ့။ အဲဒီအခါ သူတို့ Page မှာ တင်တော့ ညီမက Training Day တွေကို ပျက်ကွက်လို့ ထုတ်ပယ်တယ် ဆိုပြီးတော့ တင်ထားတယ်။ တကယ်တော့ ညီမ Image ကို ထိခိုက်တယ်။ ညီမကိုအားပေးနေတဲ့ ပရိသတ်တွေအတွက်လည်း မကောင်းဘူးပေါ့နော်။ ညီမက စည်းကမ်းမရှိတဲ့သူ တစ်ယောက် လို ဖြစ်သွားတော့ မကောင်းဘူးပေါ့နော်။

မေး - သူတို့ရဲ့ Training Day တွေကို ပျက်ကွက်ခဲ့တာရှိလား။

ဖြေ - ညီမ နေမကောင်းနေတဲ့အချိန်တောင် ရောက်အောင်သွားတယ်။ Voting ပေးဖို့အတွက် ဓာတ်ပုံရိုက်ခံရတော့ အဲဒီနေ့က သမီး လုံးဝနေမကောင်းဘူး။ သူများမျက်နှာတွေ အရမ်းလှနေတဲ့အချိန် သမီးမျက်နှာ မိတ်ကပ်တင်လို့မရသလို ဖြစ်နေတယ်။ အဲဒီနေ့က လည်း ဖြစ်ချင်တာဖြစ် အမှတ်လျော့ပါစေဆိုပြီးတော့ ကြိုးစားပြီး ရိုက်ပေးခဲ့ပါတယ်။ ၉ရက် ၁ဝရက် နှစ်ရက်လည်း အထက်လူကြီးခွင့်ပေးလို့ အလုပ်သွား လုပ်ခဲ့တာပါ။ အဲဒါကို ညီမက ပျက်ကွက်လို့ဆိုပြီးပြောလို့ ညီမလည်း ဆက်ပြိုင်ဖို့ မဖြစ်တော့ဘူးဆိုပြီး မပြိုင်ခဲ့တော့တာပါ။

မေး - Miss Myanmar World Page မှာ အဖြစ်မှန်ကိုပြန်လည်တင်ပေး ဖို့ တောင်းဆိုထားတာရှိလား။

ဖြေ- ဟုတ်ကဲ့။ အဖြစ်မှန်အတိုင်းပြန်တင်ပေးဖို့ကို ပြောထား ပေမယ့် သူတို့ဘက်က အခုချိန်အထိ ဘာမှမလုပ်ပေးသေးပါဘူး။

မေး - ပက်ထရစ်ရှာက ဆုရဖို့ထင်ကြေးပေးခံရသူဆိုတော့ အခုလိုဖြစ်သွား တာကရော ဘာကြောင့်လို့ ပြောချင်လဲ။

ဖြေ- ပရိသတ်တွေက သမီးအတွက် Vote ပေးကြတယ်။ အား ပေးတဲ့သူတွေ အရမ်းများတယ်ဆိုတာသိရတော့ ဝမ်းသာခဲ့တယ်။ ပရိသတ်တွေကလည်း သူတို့မကျေနပ်ဘူးဆိုတာကို ရေးထားတာ အများကြီး တွေ့ရတယ်။

မေး - အရင်တစ်ခေါက်ကလည်း မပြိုင်တော့ဘူးဆိုပြီး ဖြစ်ခဲ့တာကရော။

ဖြေ- အဲဒီတုန်းက သူတို့ပုံတွေတင်တယ်။ ပြိုင်ပွဲဝင်တွေရဲ့ပုံ တွေတင်တော့ ညီမတစ်ယောက်တည်း ပါးစပ်ကြီးဟပြီး စကားပြော နေတဲ့ပုံကို တင်လိုက်တယ်။ တော်တော်ရုပ်ဆိုးတယ်။ ညီမကို ရိုက် ထားတဲ့ပုံတွေမှ အများကြီးပါပဲ။ ကင်မရာကိုကြည့်ပြီးတောင် ပြုံးပြ လိုက်တဲ့ပုံတွေလည်းရှိတယ်။ သူများတွေကျတော့ ပဲပေးနေတဲ့ပုံတွေ တင်တယ်။ ညီမကို ပရိသတ်တွေက ဝေဖန်ကြတယ်။ ပက်ထရစ်ရှာ က ဒီပွဲမှာ ဘာလို့မလှတာလဲဆိုပြီးတော့ပေါ့။ ညီမလည်းစိတ်ဓာတ် ကျပြီး မပြိုင်ဖြစ်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာပေါ့။

မေး - ပက်ထရစ်ရှာ ဒီပွဲကိုပြိုင်ဖို့အတွက် ကိုယ့်ဘက်က လိုလိုလားလား ပြိုင်ခဲ့တာလား။ သူတို့ဘက်က ကမ်းလှမ်းမှုတွေရောရှိခဲ့လား။

ဖြေ- ပရိသတ်တွေကလည်း အားပေးတယ်။ ပြိုင်ပါလို့ပြောတာ သိရတော့ ညီမဝင်ပြိုင်ခဲ့တယ်။ သူတို့ဘက်ကလည်း အတင်းကိုပြိုင် ခိုင်းတာ။ အတင်းတောင်းဆိုတယ်။ ပြိုင်ဖို့အတွက် ညီမမှမရရင် ဘယ် သူရမှာလဲ ဆိုပြီးတော့ပေါ့။ ညီမက ပြိုင်ချင်လွန်းလို့ ဝင်ပြိုင်ခဲ့တာ မဟုတ်ဘူး။ ညီမနာမည် အသုံးချပြီး ပြိုင်ပွဲကို လူတွေစိတ်ဝင်စားမှ ဆောင့်ကန်ခံရတဲ့ပုံစံမျိုး ဖြစ်သွားတယ်။

မေး - Miss Myanmar World ကိုပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ - ဖြစ်ရပ်မှန်အတိုင်း ပြန်တင်ပေးပါလို့ပဲ ပြောချင်ပါတယ်။ ဒါ ညီမ ပထမဦးဆုံးဝင်ပြိုင်တဲ့ပွဲမှာမှ ဒီလိုဖြစ်ရတဲ့အတွက် စိတ် မကောင်းဘူး။


‪‎TheFlowerNews‬
YMG

0 comments:

Post a Comment