Sunday, September 14, 2014

ဒုက္ခသည်စခန်းများတွင် ဘင်္ဂါလီဦးရေ လေးသောင်းခန့်တိုးလာဟု ရခိုင်အမျိုးသားအင်အားစုပြော


ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခု ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များတွင် ဘင်္ဂါလီ လူဦးရေလေး သောင်းခန့် တိုးပွားလာနေ ကြောင်း ရခိုင်အမျိုးသားအင် အားစုများက နိုင်ငံတော်သမ္မတ ထံသို့တင်ပြစာတွင် ဖော်ပြထား သည်။စစ်တွေမြို့ရှိ မြို့မိမြို့ဖ အဖွဲ့၊ လူမှုအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူ ညီစောင့်ရှောက်ရေးရဟန်းတော် များ၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့တို့က ဘင်္ဂါ လီလူမျိုးများ နေရာချထားရေး နှင့် ပတ်သက်၍ ဒေသခံများ၏ ဆန္ဒသဘောထားများကို နိုင်ငံ တော်သမ္မတထံသို့ ပေးပို့သော စာတွင် ယင်းကဲ့သို့ ဖော်ပြထား ခြင်းဖြစ်သည်။

ယင်းတင်ပြစာကို စက်တင် ဘာ ၁၁ ရက်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှတစ်ဆင့်နိုင်ငံတော် သမ္မတထံ တိုက်ရိုက်ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းကဆိုသည်။ အဆိုပါ စာတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံး ၌ ဘင်္ဂါလီလူမျိုး ၁ ဒသမ ၃၃ သန်းရှိသည့်အနက် ရခိုင်ပြည် နယ်တွင် ၁ ဒသမ ၀၅ သန်းခန့်ရှိ ကြောင်း၊ သန်းခေါင်စာရင်းကာ လတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂါလီ လူမျိုးခြောက်ထောင်သာစာရင်း ကောက်ခံပြီး ကျန်သူများမှာ တရားမ၀င် ရိုဟင်ဂျာအမည်ခံ၍ စာရင်းအကောက်မခံဘဲဖီဆန်နေ ကြောင်းနှင့် ပဋိပက္ခ ၂ နှစ်ကျော် ကာလအတွင်း ဒုက္ခသည်စခန်း များ၌ ဘင်္ဂါလီလူဦးရေ လေး သောင်းခန့် တိုးပွားလာနေ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနကို ကိုးကား၍ ဖော်ပြထားသည်။

ယင်းအချက်နှင့် စပ်လျဉ်း၍ ‘‘လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီးဌာနက ကျွန် တော်တို့ကို ပြောကြားထားတာ တွေရှိပါတယ်’’ ဟု စစ်တွေမြို့မိ မြို့ဖဦးသန်းထွန်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး ဦးခင်ရီထံ ဆက်သွယ် မေးမြန်းခဲ့ရာ ရုံးအဖွဲ့မှူးသို့ ဆက်သွယ်၍ စာဖြင့်ရေးသားအ ကြောင်းကြားထားရန်နှင့် ၀န်ကြီး ခရီးထွက်နေသောကြောင့် လတ် တလောတွင် ပြန်လည်ဖြေကြား ရန် အဆင့်သင့် မဖြစ်သေး ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဒုက္ခသည်စခန်း များတွင်လူဦးရေတိုးပွားလာခြင်း မှာ တရားမ၀င်ဝင်ရောက်နေထိုင် သူများရှိနေ၍ဖြစ်ကြောင်းရခိုင်အ မျိုးသားအင်အားစုများကသုံးသပ် သည်။

ဒုက္ခသည် စခန်းများတွင် စားနပ်ရိက္ခာနှင့် ဆေးဝါး စောင့် ရှောက်မှုများ ထောက်ပံ့မှုရခြင်း ကြောင့်လည်း ယင်းကဲ့သို့ ၀င် ရောက်နေထိုင်မှုမျိုးရှိကြောင်း ၎င်းတို့ကဆိုသည်။

ရခိုင်ပြည်နယ်ရှိ အမှတ် (၄) ရဲတပ်ရင်းများကွပ်ကဲရေးအဖွဲ့မှ အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဘင်္ဂါလီ ဒုက္ခသည်စခန်းများသို့ အခြားဒေသများမှ ခိုးဝင်မှု၊ ခိုး ထွက်မှုများရှိတတ်ပြီး လုံခြုံရေး တပ်ဖွဲ့များက ပင်လယ်ပြင်ဝင် ပေါက်ကို အချိန်ပြည့် စောင့် ကြည့်နေရကြောင်း ပြောသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ ဒုက္ခသည်စခန်းများမှာ စစ်တွေ မြို့အနောက်ပိုင်းတွင် အများဆုံး တည်ရှိပြီး လူဦးရေ တစ်သိန်း ကျော်ရှိသည်ဟု ခန့်မှန်းထား သည်။ သို့သော် ဒေသအတွင်း အဖွဲ့အစည်းများက တစ်ဖက် နိုင်ငံ ပင်လယ်ရေလမ်းမှ တစ် ဆင့် ခိုးဝင်မှုများ ရှိနေသည့်အ တွက် ယင်းပမာဏထက် များ ပြားနိုင်ကြောင်း ဆိုသည်။ တစ် ဘက်နိုင်ငံ နယ်စပ်မောင်တော တွင်မူ ဘင်္ဂါလီဒုက္ခသည်စခန်း တစ်ခုမှ မရှိသော်လည်း ရခိုင်အပါအ၀င် တိုင်းရင်းသားလူဦးရေမှာ ၈ ရာခိုင်နှုန်းခန့် သာရှိကြောင်း သတင်းရရှိသည်။

ပေါက်တော၊ မြေပုံ၊ မြောက်ဦး၊ ကျောက်ဖြူစသည့် မြို့နယ် များ၌လည်း ဘင်္ဂါလီ ဒုက္ခသည် စခန်းများတည်ရှိသည်။


7Day Daily

0 comments:

Post a Comment