Monday, September 15, 2014

စိုးမြတ်နန္ဒာရဲ့ ရှေ့ဆက်မယ့် အနာဂတ် ဘဝခရီးနဲ့ လက်တွဲဖော် အကြောင်း


စိုးမြတ်နန္ဒာက အလုပ်တွေကို ပဲ သေသေချာချာ လုပ်ဖြစ်နေပြီး အခု လတ်တလောမှာ အိမ်ထောင်ပြုဖို့ အစီ အစဉ် မရှိသေးဘဲ တစ်ယောက်တည်း ပဲနေဖြစ်ဦးမယ် လို့ ပြော ပါ တယ်။ လက်ရှိမှာ ရရှိထားတဲ့ အချစ်ရေးက နားလည်မှု ရှိတဲ့ ချစ်သူမျိုးဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် စိတ်တူ ကိုယ်တူ လည်းဖြစ်ကြောင်း ပြောပါ တယ်။ သူ့ရဲ့ ရှေ့ဆက် လျှောက်လှမ်းမယ့် အနာဂတ် ဘဝခရီး နဲ့ပတ်သက်ပြီး စိုးမြတ်နန္ဒာက “အခုအချိန်မှာ ဒါဒါ တို့ အရွယ်တွေက အချစ်ကို ရူးရူးမူးမူး ရှိရမယ့် အရွယ်တွေ လည်း မဟုတ် တော့ပါဘူး။ အချစ် နဲ့ ဒီဘဝတစ်ခု မှာ ဒါဒါ အနေနဲ့ အလုပ်အပြင် ဘာသာ ရေးလည်း လုပ်တယ်။ အဘိဓမ္မာ ပထမ အဆင့်လည်း အောင်သွားပြီ။ တရား သဘောလည်း တော်တော် သိပြီ။ ဒါပေမဲ့ သိသော်လည်း လိုက်လုပ်ဖို့ ခက်တယ်။ သိပဲ သိနေတာ။ လိုက်လုပ် မှသာ တကယ်တမ်း ကောင်းမှာပေါ့။ ဒါဒါရှေ့ဆက် ရမယ့် ဘဝမှာ အခုဒီလို မျိုး တရား သဘောတွေသိလို့ သီလရှင် လည်း မဝတ်နိုင်သေးပါဘူး။ တော လည်း မထွက်နိုင်သေးဘူး။ ဒီအလုပ် မှာပဲ လည်နေသေးတယ်။ ဒါပေမဲ့ ဘယ်အရာ ကိုမဆို တရားသဘော လေး နဲ့ပဲ ဆင်ခြင်ပြီးနေပါတယ်။ ဒါဒါ့ ဘဝမှာလည်း မိဘ၊ မိသားစု၊ သား လေးကိုလည်း ဒါဒါ တာဝန် ကျေအောင် ထားမယ်။ ပြီးရင် ဒါဒါ ရဲ့ ရှေ့ဆက်ရ မယ့် ဘဝက အဓိက စိတ်ချမ်းသာရ မယ် ။ဒါဒါ စိတ်ချမ်းသာမှပဲ အကုန်လိုက် လုပ်နိုင်မယ်။ ဒါဒါနားမှာ ရှိတဲ့သူက စိတ်ချမ်းသာအောင် ထားရမယ်။ အတ္တ ကြီးတယ်ပဲ ပြောပြောပေါ့။ ကိုယ် လည်း သူ့ကို စိတ်ဆင်းရဲအောင် လုပ် မှာမဟုတ်ဘူး။ ပြီးရင် လှူမယ်တန်း မယ်။ တအားလည်း မချမ်းသာချင် ဘူး။ ငွေနောက် ချည်းပဲ လိုက်မှာ မဟုတ် ဘူး။ ဒါပေမဲ့ လုံလောက်တဲ့ ဝင်ငွေရှိ ရမယ်။ လူတန်းစေ့ နေနိုင်ရမယ်။ သားသမီးကို လူတန်းစေ့ ထားနိုင်ရ မယ်။ အဓိက စိတ်ချမ်းသာ အောင်နေ မယ်။ ဘုရားတရား လုပ်မယ်။ အဲဒီ လိုနည်းနဲ့ ဘဝကို ကုန်ဆုံး ချင်တယ်။ ကိုယ်ဘယ် အချိန်သေမယ် မှန်းလည်း မသိနိုင်ဘူး။ ဒါဒါတို့က ငယ်လည်း မငယ်တော့ဘူး။ အခုဆို ၃၅နှစ်ပေါ့။ အဓိကတော့ ကိုယ့်ကို စိတ်ချမ်းသာ အောင်ထားဖို့ပဲ။ ရန်ဖြစ်နေ ရမယ့် အချိန်လည်း မဟုတ်တော့ဘူးလေ” လို့ ပြောပါတယ်။

အနုပညာ ရှင်တွေ အပေါ် နားလည်ပေးကြတာ ရှိသလို၊ ဝေဖန်တဲ့ သူတွေလည်း ရှိတာကြောင့် သူ့အပေါ် ဝေဖန်မှုတွေ ရှိခဲ့ရင် အဲဒီ အပေါ် ဘယ် လိုမြင်လဲ လို့မေးတော့ “လူတစ်ယောက် ကို စိတ်တစ်မျိုးဆို တော့ ကိုယ့်ကိုချစ်တဲ့ လူတွေလည်း ရှိ တယ်။ မုန်းတဲ့ လူတွေလည်းရှိတယ်။ မုန်းချင်လည်း မုန်းပါစေ။ ဂရုမစိုက် တာတော့ မဟုတ် ပါဘူး။ ဘယ်သူက ကိုယ်ကို မုန်းတာ ခံချင်မှာလဲ။ ကိုယ့် ကို အထင်မှားနေတာတွေ ရှိရင်လည်း ဖြေရှင်းပေးနိုင် တဲ့သူဖြစ်ရမယ်။ ယောက်ျား တစ်ယောက်က အစစ အရာရာ ဦးဆောင်ပေးနိုင် တဲ့သူဖြစ် ရမယ်။ ဒါဒါတို့က စိတ်သိပ်ချမ်းသာ တဲ့ဘဝက လာခဲ့ကြတာ မဟုတ်ဘူး လေ။ အခက်အခဲတွေ အများကြီး ရှိ ခဲ့ တယ်။ လောက ဓံတွေ အများကြီးကို လည်း ရင်ဆိုင် ခဲ့ရတယ်။ အိမ်ထောင် ရေး ဆိုလည်း ကံမကောင်းခဲ့ဘူး။ အခုအချိန် မှာ အဲဒါတွေကို မေ့ပစ် လိုက်ချင်ပြီ။ နောက်တစ်ခါ အဲဒီလို မျိုးပဲ အိမ်ထောင်ရေး ဆိုရင်တော့ ဘယ်တော့ မှလည်း ယောက်ျားယူမှာ မဟုတ်တော့ဘူး” လို့ ပြောပါတယ်။ အနုပညာ လှုပ်ရှားမှု အနေနဲ့ သိပ် မလုပ်ဖြစ်တော့ဘဲ တကယ် စိတ်ပါ မယ့် ဇာတ်လမ်းမျိုးတွေပဲ ရိုက်ဖြစ် တော့မှာဖြစ်ကြောင်း စိုးမြတ်နန္ဒာ က ပြောပါတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
Popular Myanmar

0 comments:

Post a Comment