Monday, September 15, 2014

အမေရိကန်နိုင်ငံသား မက်သရူးမေလာကို မြောက်ကိုရီးယားက ထောင်ဒဏ် ၆ နှစ်ချမှတ်

မြောက်ကိုရီးယားလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးဌာနတွင် ဗီဇာအား ဆုတ်ဖြဲခဲ့ပြီး ခိုလှုံခွင့် တောင်း ခံခဲ့သည့် အမေရိကန်နိုင်ငံသား မက်သရူးမေလာ အား မြောက်ကိုရီး ယား တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ခြောက်နှစ်နှင့် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။




မက်သရူးမေလာသည် ဧပြီလအတွင်းက ကမ္ဘာလှည့်ခရီးသည်တစ်ဦးအဖြစ် မြောက်ကိုရီးယားသို့ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။မေလာနှင့် အခြား ဖမ်းဆီးထားသူ အမေရိကန်နိုင်ငံသားနှစ်ဦးကို မြောက်ကိုရီးယားအစိုးရက နှစ်နိုင်ငံ ဆက်ဆံရေးတွင် နယ်ရုပ်များအဖြစ် အသုံးချနေကြောင်း အမေရိကန်က ပြောကြားထားသည်။

မေလာအား စွဲဆိုခဲ့သည့် အမှုများနှင့်ပတ်သက်၍ မြောက်ကိုရီးယားအာဏာပိုင်များက အတိအကျမ ထုတ်ပြန်ခဲ့သော်လည်း ၎င်းအနေဖြင့် ဗီဇာအား ဆုတ်ဖြဲခြင်းနှင့် နိုင်ငံရေးခိုလှုံခွင့် တောင်းခံခြင်းတို့ ပြု လုပ်ခဲ့သောကြောင့် ယခုကဲ့သို့ ပြစ်ဒဏ်များ ချမှတ်ခြင်းဖြစ်ကြောင်း သိရသည်။



တရားရုံးသို့ တင်ပြချက်များတွင် မေလာက ၀ီကီလိခ်၏ လျှို့ဝှက်ချက်များ ပေါက်ကြားမှု တွင် မိမိအနေဖြင့် ပါဝင်ပတ်သက်နေသောကြောင့် အမေရိကန်နိုင်ငံမှ ထွက်ပြေး လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် KCNA သတင်းဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။


Ref:AFP
Mizzima

0 comments:

Post a Comment