Thursday, October 2, 2014

တအားကြီး မပွင့်လင်းကြပေမယ့် ညီမတို့မြန်မာနိုင်ငံမိန်းကလေးတွေ မတုံးဘူး၊ မအဘူးဆိုတာလေးကို ပြခဲ့ချင်တယ်




ညီမက လာမယ့်အောက်တို ဘာလ(၂၇)ရက်ကနေ နိုဝင်ဘာလ (၂)ရက်အထိ ဂျပန်နိုင်ငံမှာ ကျင်းပ မယ့် Miss International 2014 ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေပါတယ်။ အဲဒီပြိုင်ပွဲမှာ အစ်မနန်းခင်ဇေယျာက ၂ဝ၁၂ခုနှစ်၊ အစ်မဂုဏ်ရည်အေးကျော်က ၂ဝ၁၃ ခုနှစ်တွေမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ညီမက Real Fitness မှာ Gym သွားဆော့နေပါတယ်။ Mr.John နဲ့ Train နေတာပါ။ ပြီးတော့ အကလည်း သင်နေပါတယ်။ ပြိုင်ပွဲအတွက် အကောင်းဆုံး Dress တွေရဖို့အတွက်လည်း ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး သေချာစီစဉ်နေတယ်။ နောက် ကိုယ့်နိုင်ငံကို Represent လုပ်ရမယ့် Miss တစ်ယောက်အနေနဲ့ လိုအပ်ချက်တွေကို နည်းနိုင်သမျှနည်းအောင် ကြိုးစားနေပါတယ်။
ညီမဘဝအတွက် ဒီပြိုင်ပွဲတွေက ပထမဦးဆုံး စင်ပေါ်မှာ လမ်းလျှောက်ဖူးတာ၊ အင်တာဗျူးတွေဖြေဖူးတာ၊ ဓာတ်ပုံတွေ ရိုက်ဖူးတာပါ။ ညီမရဲ့ ပထမဦးဆုံးပွဲမှာ ပထမဆုရခဲ့တဲ့အတွက် စိတ်ထဲမှာ ဘယ်လိုခံစားရလဲဆိုတော့ ပျော်တယ်၊ ဝမ်းသာတယ်ဆိုတာထက် မြန်မာနိုင်ငံကြီးကို တစ်ခုခုလုပ်ပေးနိုင်ပြီဆိုပြီး စိတ်ထဲက တက်တက်ကြွကြွနဲ့ ခွန်အားတွေ အလိုလိုပြည့်နေသလို ခံစားရတယ်။ ညီမဘက်ကလည်း ပြင်ဆင်စရာရှိတာတွေအတွက် အကုန်ပြင်ဆင် နေပါတယ်။ ဒီပြိုင်ပွဲက Beauty Pageant ဆိုတော့ အလှအပက တကယ်အရေးပါတယ်။ Body Beauty အတွက်လည်း သေချာလေ့ကျင့်နေတယ်။ Exercises ၊ အစားအသောက်ကအစ ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာကို Trainer တွေပြောတဲ့အတိုင်း လိုက်လုပ်နေပါတယ်။ Skin Care အတွက်လည်း သေချာဂရုစိုက်ဖြစ်တယ်။ ပြီးတော့ ရုပ်ပိုင်းဆိုင်ရာတောက်ပနေဖို့တင်မကဘူး။

စိတ်နေသဘောထားကအစ ရှင်းပြီးလှနေအောင် လေ့ကျင့်ယူသွားမှာပါ။ ပြိုင်ပွဲမှာ ညီမရဲ့ဝါသနာဆိုရင်တော့ ညီမ (၄)(၅)တန်းလောက် ကတည်းက ဝါသနာအရလုပ်ဖြစ်နေတဲ့ ပန်းချီဆွဲတာနဲ့ အားကစားလုပ်တာကို ပြောမှာပါ။ အားကစားကို ညီမက တော်တော်ဝါသနာပါတာ။ မနှစ်က ဘော်လီဘောမှာ ညီမတို့ Championship ရတယ်။ ဒီနှစ်ပြိုင်ရင် Captain ဖြစ်မှာဆိုပေမယ့် Organization က ဒဏ်ရာဒဏ်ချက်နည်းအောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရမယ်ဆို ပြီးတော့ ညီမကို ပြောထားတယ်။

ညီမအနေနဲ့ မြန်မာအမျိုးသမီးတစ်ရပ်လုံးကို ကိုယ်စားပြုပြီး မြန်မာအမျိုးသမီးတွေက ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ ဖော်ရွေတယ်၊ ပြီးတော့ သူတစ်ပါးကိုလည်း ကူညီချင်စိတ်အပြည့်အဝရှိတယ်။ တအားကြီး မပွင့်လင်းကြပေမယ့် ညီမတို့မြန်မာနိုင်ငံမိန်းကလေးတွေ မတုံးဘူး၊ မအဘူးဆိုတာလေးကို ပြခဲ့ချင်တယ်။ ကျန်တဲ့အစိတ်အပိုင်းကိုလည်း ပြည့်စုံအောင် ဖြည့်သွားမယ်။ ဒီပြိုင်ပွဲမှာ မီးကုန်၊ ယမ်းကုန် ကြိုးစားသွားကြည့်ချင်တယ်။ ပြီးတော့ ညီမတကယ်ဖြစ်ချင်တဲ့ဘဝကိုရဖို့အတွက် ညီမနိုင်ငံခြားမှာ (၈) နှစ်လောက် ပညာသွားသင်ရဦးမှာ။ ညီမလိုချင်တဲ့ ဆရာဝန်လိုင်းကလည်း (၈)နှစ်ကနေ (၁၁) လောက်အထိ ကြာကြာတက်ရလိမ့်မယ်။ ငယ်ငယ်ကတည်းက ညီမရဲ့ ရည်မှန်းချက်ကိုက UNICEF တို့၊ World Public Organization တွေနဲ့ပေါင်းပြီး ဆင်းရဲတဲ့ဒေသတွေ၊ ဆရာဝန်မရှိတဲ့ဒေသတွေက ကလေး၊ လူကြီးတွေကို ကုသပေးချင်တာပါ။

ပြီးတော့ ညီမပရိသတ်ကို ပြောချင်တာကတော့ ညီမ ဒီ Miss Myanmar International 2014 မှာ ညီမ ခါးနံပါတ်ကိုအော်ပြီး အားပေးကြသလိုမျိုးပဲ Miss International Beauty Pageant 2014 ပြိုင်ပွဲမှာလည်း အားပေးကြပါလို့။ အဲဒီတော့မှ ညီမလည်း အားတွေတက်ပြီးတော့ ပွဲကို ကောင်းဆုံးယှဉ်ပြိုင်သွားနိုင်မှာပါလို့။ ညီမကို Support လုပ်ပေးကြပါဦး။ ညီမရဲ့ Confidence တွေကို ပရိသတ်တွေရဲ့ အားပေးမှုနဲ့ တည်ဆောက်မယ်။ ညီမကိုယ် ညီမလည်း ယုံကြည်မှုအပြည့်အဝရှိပါတယ်လို့ ပြောချင်ပါတယ်။

Shape Entertainment Journal




0 comments:

Post a Comment