Thursday, December 4, 2014

ပရိသတ်နေရာကနေ ခံစားပြီး ပုဝါလေးတွေ အမှတ်တရထုတ်ဖြစ်တဲ့ ဝတ်မှုန်ရွှေရည်



နိုင်ငံခြားက အနုပညာရှင်တွေတစ်ဦးစီတိုင်းဟာ သူတို့ကိုယ်ပိုင်နာမည်နဲ့ Brand မျိုးစုံထုတ်ကြတယ်။ တီထွင်မှုတွေ လုပ်ကြတယ်။ အဲဒီလိုပဲ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကလည်း သူ့ရဲ့ပရိသတ်တွေ အတွက် ရည်ရွယ်စဉ်းစားပြီးတော့ အမှတ်တရ အဖြစ်ဖက်ရှင်ကျလှပစေမယ့် ပုဝါဒီဇိုင်းမျိုး စုံကို ဖန်တီးထားပါတယ်။ ဒါကြောင့် ကစ်ကစ်ကို ဘယ်လိုရည်ရွယ်ထုတ်ဖြစ်ခဲ့လဲဆိုတော့ “ကစ်ကစ်က ပုဝါကို အစကတည်းက ကစ်ရဲ့Collection ဆိုပြီးလုပ်တယ်။ အဓိကက ကစ်ကိုယ်တိုင်လည်း ပုဝါလေးတွေ သဘောကျတယ်။ အခုဆိုရင် နိုင်ငံခြားမှာရော တော်တော်များများ မှာပုဝါတွေ ခေတ်စားလာကြပြီ။ နိုင်ငံခြားမှာဆိုရင် ဘယ်လိုနေရာ၊ ဘယ်နိုင်ငံဖြစ်ဖြစ်သွားတာနဲ့ ပုဝါဒီဇိုင်းမျိုးစုံပဲ အများကြီး ထွက်နေတယ်လေ။ ပုဝါကလည်း ခေတ်စားလာတယ်။ ဒီမှာသာ သိပ်မသုံးကြသေးတာ။ ပုဝါ အလှခြုံတာလေးတွေ တော်တော်ခေတ်စားလာတော့ ကစ်လည်း ကြိုက်တယ်။ ကိုယ်တိုင်ကြိုက်တော့ ကစ်ပရိသတ်အတွက် ကစ်က ရည်ရွယ်တာပေါ့။ ပုဝါထဲမှာဆိုလည်း ကစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းလေးတွေပေါ့။ ပစ္စည်းဆိုတာ ပုဝါထဲမှာ ကစ်ပုံဆွဲပြီး ထည့်ထားတာလည်း ပါပါတယ်။ ကစ်နဲ့သက်ဆိုင်တဲ့ ကစ်ကြိုက်တဲ့ ကစ်အခွေ၊ ကစ်နှုတ်ခမ်းရာလေးတွေ ပါတယ်။ ပုတီးလေးတွေ၊ ကင်မရာလေးတွေ၊ ကစ်က နှင်းဆီပန်းကြိုက်တော့ နှင်းဆီပန်းပုံ၊ ဖရဲသီးကြိုက်တော့ ဖရဲသီးပုံ၊ ကစ်နဲ့ပတ်သက်ဆက်နွယ်နေတဲ့ အရာလေးတွေပါပဲ။ အမြဲတမ်းနိုင်ငံခြားCelebrity တွေဆိုရင်လည်း အဲဒီ့လိုCollectionလေးတွေ လုပ်တယ်။ ကစ်ဆိုလည်း ကစ်ကြိုက်တဲ့ နိုင်ငံခြားအနုပညာရှင်တွေရဲ့အမှတ်တရ ပစ္စည်းလေးတွေ ဆိုရင် အမြဲဝယ်စုဖြစ်ပြီး သိမ်းထားတတ်တယ်။ အဲဒီတော့ ကိုယ့်အနေနဲ့ ပရိသတ်နေရာကနေ ခံစားပြီးတော့ထုတ်လိုက်တာပါ။” လို့ သူမက ပြောပါတယ်။

ငယ်ငယ်ကတည်းက ကိုယ်ကြိုက်တဲ့အနုပညာသမားရဲ့ အော်တိုလက်မှတ်လေးတွေ သိမ်းထားတတ်တဲ့ သူမက “ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ပရိသတ်နေရာကနေ စဉ်းစားခဲ့တယ်။ ကိုယ့်ရဲ့ပရိသတ်ဆိုရင်ရော ကစ်နဲ့ ပတ်သက်တဲ့ အမှတ်တရပစ္စည်းလေးတွေ သိမ်းထားချင်မှာပဲ။ ပုဝါကျတော့ သိမ်းထားလို့လည်းရတယ်။ အသုံးပြုချင်လည်းရတယ်။ ဖက်ရှင်အနေနဲ့လည်း သုံးလို့ရတယ်လေ။ အဲဒီ့အတွက် ပုဝါကို ရည်ရွယ် တာပေါ့။ ကစ်ကိုယ်တိုင်လည်း အမြဲသုံးဖို့ပါပါတယ်။ ရှေ့မှာ ခေါင်းအုံးလုပ်ခဲ့တယ်။ အခုပုဝါပေါ့နော်။ ကစ်စဉ်းစားထားတာ နောက်တစ်ခါကျရင်တော့ ယောင်္ကျားလေးရော၊ မိန်းကလေးရောသုံးလို့ အဆင်ပြေမယ့် ပုဝါဒီဇိုင်း ထပ်ထုပ်ဖို့ရှိပါတယ်။ အခု ဒီဇိုင်းဆွဲနေပါတယ်”တဲ့။

လတ်တလောမှာတော့ သူမဟာ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဂျူံးဂျူံးဂျက်ဂျက် ဆိုတဲ့ ဇာတ်ကားလေးကိုရိုက်ကူးနေတယ်လို့ သိရပါတယ်။


စန္ဒီ
Trend Myanmar

0 comments:

Post a Comment