Sunday, December 21, 2014

စစ်ကားတွေ ရိုက်နေရလို့ စိတ်ကြိုက်ဆံပင်ပုံစံ မရသေးတဲ့ မိုးယံဇွန်



တစ်ကိုယ်တော်အခွေအတွက် ရိုက်ကူးရေးများပြုလုပ်လိုသော်လည်း စစ်ကားများရိုက်ကူးနေရခြင်းကြောင့် လိုချင်သည့် ဆံပင်ပုံစံမရသေး၍ ကြန့်ကြာနေရကြောင်း သရုပ်ဆောင်မိုးယံဇွန်ကဆိုသည်။ သရုပ်ဆောင် မိုးယံဇွန်သည် မိုးကောင်းကင်တစ်နေရာသို့ အမည်ရှိ တေးစီးရီးခွေထွက်ရှိထားပြီး လိုချင်သည့် ဆံပင်ပုံစံ များမရရှိသေး၍ သီချင်းပုဒ်သုံးပုဒ်သာ ရိုက်ကူးရသေးကြောင်းနှင့် ပရိသတ်များထံသို့ ဧပြီမတိုင်မီထွက်နိုင်အောင် ကြိုးစားနေကြောင်း သိရသည်။‘‘အခုတစ်လော စစ်ကားတွေပဲ ရိုက်နေတော့ ဆံပင်က တိုလိုက်ရှည်လိုက်နဲ့။ ကျွန်တော်က ဆံပင်အရှည်ကြီးနဲ့ ရိုက်ချင်တဲ့ သီချင်းတွေပါနေတော့ အခုထိ မရိုက်ရသေးတာပါ’’ဟု သရုပ်ဆောင်မိုးယံဇွန်က ရှင်းပြသည်။

လတ်တလော အနုပညာလှုပ်ရှားမှုအနေဖြင့် Sky Net ရုပ်သံလိုင်းမှ တီဗီအစီအစဉ်တစ်ခုတွင်ပြသရန် ဇာတ်လမ်းတွဲရိုက်ကူးနေပြီး ယင်းဇာတ်လမ်းတွဲတွင်လည်း ရဲတပ်ဖွဲ့ဝင်တစ်ဦးအဖြစ် သရုပ်ဆောင်နေသည်ဟု ဆိုသည်။


7Day Daily

0 comments:

Post a Comment