Saturday, December 27, 2014

ပထမဆုံးဆုရှင်များနဲ့ ‘နင်စေရင်’ အောင်ပွဲခံခဲ့တဲ့ အကယ်ဒမီည


ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

၂၀၁၃ခုနှစ်အတွက် ချီးမြှင့်သော အကယ်ဒမီဆုပေးပွဲတွင် ပရိသတ်များက နှစ်ပေါင်းများစွာကြာအောင် ရစေလိုခဲ့သည့် အနုပညာရှင်များ အကယ်ဒမီဆုဆွတ်ခူးနိုင်ခဲ့သော်လည်း အတတ်ပညာရှင်ဆုကို တစ်ဆုတည်းသာ ချီးမြှင့်ခဲ့သဖြင့် အနုပညာလောကသားများကြား ဝေဖန်သံများ ညံနေသည်။

အကယ်ဒမီဟုဆိုလိုက်လျှင် အမြဲကံခေခဲ့သည့် ခိုင်သင်းကြည်၊ ဒါရိုက်တာဝိုင်းတို့ အကယ်ဒမီရွှေစင်ဆုကို ပထမဆုံးအကြိမ်ပိုင်ဆိုင်နိုင်ခဲ့သလို ပြေတီဦးက နှစ်နှစ်ဆက်တိုက်အကယ်ဒမီဆုဆွတ်ခူး သွားနိုင်ခဲ့သည့်အကယ်ဒမီညဖြစ် ခဲ့သည်။ ထို့အတူ ကြော်ငြာမင်းသမီးအဖြစ်မှ စူပါတန်းဝင်မင်းသမီးဖြစ်လာသည့် ၀တ်မှုံရွှေရည်ကလည်း နင်စေရင် ဇာတ်ကားဖြင့် ပထမဆုံးအကယ်ဒမီရွှေစင်ဆုကို ပိုင်ဆိုင်ခဲ့သည်။ အနုပညာသက်တမ်း နှစ်၂၀ကျော်မှ အကယ်ဒမီဆုကို နင်စေရင်ဇာတ်ကားဖြင့်ပင်အမျိုးသားဇာတ်ပို့ဆုရရှိသွားသူမှာ မင်းဦးဖြစ်သည်။ခိုင်သင်းကြည်က အနုပညာသက်တမ်းနှစ် ၂၀ ကျော်မှ ပထမဆုံးအကြိမ်အကယ်ဒမီကို ပိုင်ဆိုင်ခွင့်ရပြီး ရုပ်ရှင်အတတ်ပညာရှင်များက စတင်ရွေးချယ်ပေးသည့်နှစ်တွင် ရရှိခဲ့သဖြင့်ဝမ်းသာကြောင်း ပီတိစကားဆိုခဲ့သည်။ အကယ် ဒမီရရှိနိုင်ရန် ဆုတောင်းပေးကြသော ပရိသတ်များကိုလည်းမမေ့မလျော့ ကျေးဇူးတင်စကားဆိုခဲ့သည်။

ထို့အပြင် ၀ိုင်းကလည်း အ ကယ်ဒမီကျေးဇူတင်စကားပြောကြားရာတွင် ဇော်ကကနေသည်နှင့်အကယ်ဒမီရရှိခဲ့သော ဒါရိုက်တာမီးပွား၏ စကားကိုငှား၍ ‘၀ိုင်းအကယ်ဒမီရပါပြီ’ဟု ပြောကြားခဲ့သည်။

‘‘စေတန်ရဲ့ ကချေသည်ဇာတ်သိမ်းကို လေးလလောက်ကြာအောင်ရေးခဲ့ရတယ်။ တကယ့်တကယ် အဲဒီလိုရဖို့ နောက်ဆယ်နှစ်မှာဖန်တီးဖို့ကလည်း မဖြစ်နိုင်တော့ဘူးဆိုတာ ကိုယ်ဝန်ခံပြီးသားပါ’’ဟု ဒါရိုက်တာသက်တမ်း၁၁နှစ်တွင် အကယ်ဒမီဆုရရှိခဲ့သည့် ဒါရိုက်တာဝိုင်းက ပြော သည်။

ယခုနှစ်အကယ်ဒမီတွင် ဆု အများဆုံးဆွတ်ခူးနိုင်ခဲ့သလို အ မြင့်ဆုံးဆုများဖြစ်သည့် ဇာတ် ဆောင်ဆုများနှင့် ဇာတ်ပို့ဆုရခဲ့ သည့် နင်စေရင်ဇာတ်ကားကို ဒါ ရိုက်တာဝိုင်းကပင် ဖန်တီးရိုက် ကူးခဲ့သော်လည်း သူကိုယ်တိုင်က မူ စေတန်ရဲ့ကချေသည်ဇာတ် ကားဖြင့် အကယ်ဒမီရခဲ့ခြင်းဖြစ် သည်။ ပြီးခဲ့သည့်နှစ်ကလည်း မင်းသားဆုနှင့် မင်းသမီးဆုကို ဒါ ရိုက်တာဝိုင်းဖန်တီးခဲ့သည့်လက် ပံဇာတ်ကားဖြင့်ပင်ရရှိခဲ့သည်။

ထို့အတူ နင်စေရင်ဇာတ် ကားဖြင့် ပထမဆုံးအကယ်ဒမီပိုင် ဆိုင်ခဲ့သည့် ၀တ်မှုံရွှေရည်က လည်း ထိုဇာတ်ကားသည်၎င်း၏ အနုပညာသက်တမ်းတွင် အမှတ် တရအဖြစ်ဆုံးဇာတ်ကားဖြစ်ပြီး ယင်းဇာတ်ကားဆုနှင့်ဆုရရှိခဲ့ သောကြောင့် တန်ဖိုးရှိသည့်ဆုဟု ခံယူထားကြောင်းပြောသည်။

‘‘အရမ်းပျော်တယ်။ ဒီဆုက ကစ်အတွက် အရမ်းကိုတန်ဖိုးရှိ တဲ့ဆုပါ။ ဒီဇာတ်ကားမှာ ကစ်တ ကယ်ကြိုးစားခွင့်ရခဲ့သလို တကယ်ကြိုးစားခဲ့ရတဲ့ဇာတ်ကားမှာ ရတဲ့အတွက် တန်ဖိုးရှိတယ်လို့ခံ စားရပါတယ်’’ဟု ၀တ်မှုံရွှေရည် ကပြောသည်။

ကလေးနှစ်ဦးဖခင်ဖြစ်တော့ မည်ဖြစ်သလို နှစ်နှစ်ဆက်တိုက် အကယ်ဒမီရခဲ့သည့် ပြေတီဦးက လည်း အကယ်ဒမီသုံးဆုရရှိသွား ပြီဖြစ်သော်လည်းဆက်လက်၍ ကြိုးစားသွားမည်ဖြစ်ပြီးအကယ် ဒမီထပ်လိုချင်သေးကြောင်း အ ကယ်ဒမီအမှတ်တရစကားဆိုခဲ့ သည်။

နင်စေရင်ဇာတ်ကားနှင့် အ မျိုးသားဇာတ်ပို့ဆုရရှိခဲ့သည့်မင်း ဦးကလည်း အနုပညာခရီးတစ် လျှောက်လုံးတွင် ကြိုးစားခဲ့သလို ဆုရပြီးချိန်တွင်လည်း ထပ်၍ကြိုး စားသွားဖြစ်ပြီး ပရိသတ်များ၏ ဆုတောင်းမှုကြောင့်လည်း ရရှိခဲ့ ခြင်းဖြစ်သည်ဟု ပြောသည်။

ယခုနှစ်အကယ်ဒမီဆန်ခါတင်စာရင်းတွင် ဇာတ်ကားလေးကားပါဝင်သောကြောင့် အကယ်ဒမီအတွက် ရင်ခုန်၍ ရသည့်နှစ်ဟုပြောခဲ့သော်လည်း အကယ်ဒမီ ဆုနှင့်လွဲချော်ခဲ့သည့် နေတိုးက အကယ်ဒမီပေးပွဲပြီးသည့် အချိန်တွင်၎င်း၏ဖေ့စ်ဘွတ်စာမျက်နှာ၌ပရိသတ်ရဲ့အားပေးသော လက်ခုပ်သံတွေနဲ့ပဲ ကျွန်တော်အနုပညာကို ဆက်လက်ရှင်သန်ခွင့်ပေးဆပ်ခွင့်ပြုပါ ပရိသတ်ကြီးရေဟု ရေးသားထားသည်။

ထို့အတူအမျိုးသမီးဇာတ်ပို့ဆုအတွက် ခိုင်သင်းကြည်နှင့်အပြိုင်ထင်ကြေးပေးခံထားရသော သိင်္ဂီထွန်းက အကယ်ဒမီပေးပွဲနှင့်ပတ်သတ်သည့် ခံစားချက်အချို့ကို ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ရင်ဖွင့်ထားသည်။

‘‘အကယ်ဒမီနတ်ကြီး ကြောင်းဝန်ခံပါပြီ။ ကျွန်မစစ်မှန် တဲ့ အကယ်ဒမီများဒီနှစ် ဖြစ်မလား ထင်ခဲ့ပါသည်။ရိုးဖြောင့်စွာ ကြိုးစား၍ ပီပြင်တတ်ကျွမ်းသော ပညာရှင်ကိုမပေး လူပုဂ္ဂိုလ်အရ ခင်မင်ရာခင်မင်ကြောင်းနှင့် နတ်တင်မှရမည်ဆိုသည့် အကြောင်း. နတ်ကြီးတဲ့အကြောင်း သိပါပြီ။ဇာတ်ကားမကြည့်ဘဲ အဖွဲ့စည်းက ကြိုတင်ပေးထားခြင်းဖြစ်ပါ ကြောင်းမရိုးသားတဲ့ အကယ်ဒမီ ပတ်သက်ရာပတ်သက်ကြောင်းသာဖြစ်ပြီး လူတစ်စုကောင်းစားနေရာရဖို့ဖွဲ့စည်းပြီး အနုပညာအဖွဲ့အစည်းအမည်သုံး စပွန်ဆာတွေ အမြောက်များယူပြီး လုယက် စားသောက်နေကြသော ရုပ်ရှင်အစည်းရုံးအားရှုတ်ချပါသည် စစ်မှန်သောအကယ်ဒမီကိုသာ မျှော်လင့်ပြီး နိုင်ငံတော်မှ ချီးမြှင့်သောဆုသည်မှတော်ကာကျပါဦးမည်’’ ဟုရေးသားထားသည်။

သို့သော်လည်း ကြယ်စင်မော်ကွန်းဇာတ်ကားဖြင့်အကယ်ဒမီရရှိနိုင်သည်ဟု ထင်ကြေးပေးခံထားရသည့် လူမင်းက အကယ်ဒမီကို ၎င်းကိုယ်တိုင်မျှော်လင့်ခဲ့ပြီးဆုနှင့်လွဲချော်ခဲ့သော်လည်း ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ခမ်းခမ်းနားနားကျင်းပနိုင်သောကြောင့် ဖြေနိုင်ကြောင်းပြောသည်။

ဆုရရှိသူများ ပျော်ရွှင်ခဲ့ရသလို ဆန်ခါတင်ဇာတ်ကားများတွင်ပါဝင်၍ အကယ်ဒမီခန့်မှန်းပေးထားသော်လည်း ဆုမရရှိသည့် အနုပညာမောင်နှမများကို လက်ခုပ်တီး၍ ပြန်ခဲ့ရသည့် ၂၀၁၃ ခုနှစ်အကယ်ဒမီထူးချွန်ဆု ပေးပွဲကြီးမှာ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

‘‘ရုပ်ရှင်အစည်းအရုံးကလုပ်ရင် နိုင်ငံတော်အဆင့်မမီဘူးလို့ ဝေဖန်နေကြတဲ့သူတွေကို ရင်ကော့ခေါင်းမော့ ပြီးကြည့်နိုင်သွားပြီ။ ရုပ်ရှင်သမိုင်းမှာ အကယ်ဒမီကို သမ္မတအဆင့်တတ်တာမရှိခဲ့ဘူး။ ကိုယ်သမ္မတကြီးကို ကြိုးစားပြီး ဖိတ်ပေမယ့် သူလုံးဝမအားလို့ ဒုသမ္မတကို ချက်ချင်းစီစဉ်ပြီး လွှတ်ပေးတဲ့သမ္မတကြီးကို ကျေးဇူးတင်ပါတယ်။ ’’ ဟု ရုပ်ရှင်အစည်းအရုံးဥက္ကဌဦးလူမင်းက ပြောသည်။

ပရိသတ်ထင်ကြေပေးထား သည့် အနုပညာရှင်များဆုရရှိခဲ့ ကြသော်လည်း ယခုနှစ်ဆုချီးမြှင့် သည့် အရေအတွက်မှာမူသတ် မှတ်ထားသည့် ဆုအရေအတွက် ၏ ထက်ဝက်ခန့်ကိုသာပေးအပ်ခဲ့ သည်။

ဆုရွေးချယ်ရေးအဖွဲ့က သတ်မှတ်ထားသည်အရည်အ ချင်းမပြည့်မီသောကြောင့်ဆုအ ရေအတွက် နည်းခဲ့ခြင်းဖြစ်နိုင် ကြောင်းရုပ်ရှင်ထူးချွန်ဆုပထမ အဆင့်စိစစ်ကဲဖြတ်ရေးဥက္ကဋ္ဌဒါ ရိုက်တာကြည်စိုးထွန်းကသုံးသပ် သည်။

တေးဂီတဆု၊ ဒါရိုက်တာဆု အမျိုးသားနှင့်အမျိုးသမီးဇာတ် ဆောင်ဆုနှင့် ဇာတ်ပို့ဆုအပါအ ၀င် ဆုခြောက်ဆုသာချီးမြှင့်ခဲ့ပြီး ကျန်ရှိသည့်အတတ်ပညာရှင်ဆု များနှင့် ဇာတ်ကားဆုကိုမူပေးအပ် ခဲ့ခြင်းမရှိပေ။

ဆုအမျိုးအစားအနုပညာရှင်ဆုရရှိသည့်ဇာတ်ကား

အမျိုးသားဇာတ်ဆောင်ဆု - ပြေတီဦး (နင်စေရင်)
အမျိုးသမီးဇာတ်ဆောင်ဆု - ဝတ်မှုံရွှေရည် (နင်စေရင်)
အမျိုးသားဇာတ်ပို့ဆု - မင်းဦး (နင်စေရင်)
အမျိုးသမီးဇာတ်ပို့ဆု - ခိုင်သင်းကြည် (စုန်းပြူး)
ဒါရိုက်တာဆု- ဝိုင်း (စေတန်ရဲ့ကချေသည်)
နောက်ခံတေးဂီတဆု - စန္ဒရားတင်ဝင်းလှိုင် (ကြယ်စင်မော်ကွန်း)


7Day Daily

0 comments:

Post a Comment