Wednesday, December 24, 2014

ဆင်ဆာကြောင့် မြန်မာဝတ်စုံတွေသာ ဝတ်ဖြစ်နေတဲ့ သဉ္ဇာနွယ်ဝင်း



ဇာတ်ဝင်ခန်းများ အတွက် အဝတ်အစားရွေးချယ်ရာ တွင် ဆင်ဆာတင်းကျပ်မှုများရှိ လာ၍ မြန်မာဆန်ဆန်အဝတ် အစားများသာ ရွေးချယ်ဝတ်ဖြစ် နေကြောင်း သဉ္ဇာနွယ်ဝင်းက ပြောသည်။

မြန်မာဇာတ်ကားများကို ဆင်ဆာပြန်လည်တင်းကျပ်လာ သည့်အတွက် အဝတ်အစားများ ကို ဒီဇိုင်းလှလှများချုပ်ကာ ဝတ်ဖြစ်နေကြောင်း သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းကဆိုသည်။‘‘ဆင်ဆာမရှိတုန်းကဆိုရင် ဝတ်တာတွေက နည်းနည်းလေး ခေတ်ဆန်ဆန်ပုံစံလေးဝတ်ဖြစ် တယ်။ အခုဆင်ဆာပြန်တင်းကျပ် လာတာဆိုတော့ မြန်မာဝတ်စုံ ဝမ်းဆက်လေးတွေပဲ ဝတ်ဖြစ် တော့တယ်’’ဟု သဉ္ဇာနွယ်ဝင်းက မြန်မာဝတ်စုံများဝတ်ဖြစ်လာရ သည့်အကြောင်းကို ရှင်းပြသည်။

လတ်တလောတွင် ဒါရိုက် တာ သည်ခေတ်နေရိုက်ကူးသည့် ကမ္ဘာဦးမှတ်ပုံတင် (Kiss Me)အမည်ရှိ ဗီဒီယိုဇာတ်ကားကို သရုပ်ဆောင်မြင့်မြတ်နှင့်အတူ ရိုက်ကူးလျက်ရှိပြီး ယင်းဇာတ် ကားထဲတွင် ကောင်လေးတစ်ဦး ၏ လျှို့ဝှက်အနမ်းများ ပေးခြင်းကိုခံရသော ကောင်မလေးတစ် ဦးနေရာတွင် သရုပ်ဆောင်ထား ကြောင်း ၎င်းကပြောသည်။


7Day Daily

0 comments:

Post a Comment