Wednesday, December 24, 2014

လက်တစ်ကမ်းယမကာ၊Sexy အက၊ ရေစိုပျိုမေများနှင့် ကလပ်ဖြစ်နေသော ပြည်သူပိုင်အရပ်



ဒီဂျေသံက မြူးကြွလှသည်။

စည်းချက်အတိုင်း တဝုန်းဝုန်းယိမ်း ထိုးကခုန်နေသည့် အမျိုးသား၊ အမျိုး သမီးများကလည်း ထွေးရောယှက်တင်။ ရေစိုနေသည့် အဝတ်အစားများက ဘိုသီ ဘတ်သီ။ ယမ်းခါ ကခုန်လိုက်တိုင်း ရင် ဘတ် ဟပြဲအင်္ကျီများက တဘတ်ဘတ်။အင်္ကျီမပါအပေါ်ပိုင်းဗလာဖြစ်နေသော အမျိုးသားများကလည်း နီရဲသောမျက်လုံး များဖြင့် လက်နှစ်ဖက် ကို အားကုန်မြှောက် ကာ တွန်းလိုက်၊ ထိုးလိုက်၊ ပူးလိုက်၊ ကပ် လိုက်။ ရေစိုအဝတ်များ၊ အီလက်ထရိုဂီတ သံနှင့် လူငယ်၊ လူကြီး၊ ယောက်ျားမိန်းမ အရွယ်စုံ ရီဝေက ခုန်နေသည့်မြင်ကွင်း ကို ဖတ်ပြီးသည်နှင့် ရန်ကုန်သင်္ကြန်ပွဲကို ဖော်ညွှန်းခြင်းဟု ထင်ပါလိမ့်မည်။ မဟုတ်ပါ။ ဤနေရာက ရန်ကုန်မြို့ပြည်သူ့ရင်ပြင်ဝင်းအတွင်းမှ ရေ လွှာလျှောစီး ရေကူးကန်အတွင်း တစ်ခုသောတနင်္ဂနွေ နေ့၏ မြင်ကွင်းတစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ရေလွှာလျှောစီးရေကူးကန်အား နေ့ စဉ် မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားပြီး စနေ၊တနင်္ဂနွေနှင့် အများ ပြည်သူ ရုံးပိတ်ရက်များတွင် လာရောက် သူမျာြး ပားလျက်ရှိသည်။

သို့သော် ထိုသို့ များပြားသည်ဆိုရာ တွင် သာမန်မိသားစု အပန်းဖြေနားခိုလိုသူ များထက် ကလပ်တစ်ခုကဲ့သို့ဖြစ်နေသော အခြေအနေအတွက်လူငယ်အများ စုသာပျော် ပါးကခုန်လိုသည့် ခေါင်းစဉ်ဖြင့်လာရောက်ခြင်းကပိုများသည်ကမျက်မြင်ပင်။

အရက်သေစာ သောက်စားထားသူ များ ရေလွှာလျှောစီးခွင့်မရှိဟူသော အ ဝင်ဝမှ သတိပေးတားမြစ်ချက်ကို မူးယစ် ကခုန်နေသူများနှင့် ရေကူးကန်ပေါင် များပေါ် အဝေးကပင်မြင်နိုင်သော ရေ သန့်ဘူးအယောင်ဆောင် ဘီယာနှင့် ယမကာများက လှောင်ပြောင်နေသည့် အလား။

ရေကူးကန်အတွင်း ဝင်လိုက်သည် နှင့် လုံခြုံရေးများက လာရောက်သည့် ပြည်သူများကို လုံခြုံရေးအရစစ်ဆေး နေသော်လည်း အဝင်အထွက်ဂိတ်တွင် အရက်၊ ဘီယာစသည့် မူးယစ်စေတက် သော အဖျော်ယမကာများကို ရေသန့် ဘူးအလွတ်ထဲထည့်ကာယူဆောင်ခွင့်ပြု ထားသည်။

”အရက်ပုလင်းတို့၊ ဘီယာပုလင်းတို့ ကို ရေကူးကန်အတွင်း ယူဆောင်ခွင့်မပြု ပါဘူး။ ကန်ထဲမှာ ခိုက်ရန်ဖြစ်ပွားမှာ စိုး ရိမ်တာလည်းပါတယ်။ ယူသွားချင် တယ် ဆို ရင်တော့ ရေဘူးအလွတ်ထဲကိုထည့်ပြီး ယူဆောင်ခွင့်ပြုထားပါတယ်” ဟု လုံခြုံ ရေးတစ်ဦးကပြောသည်။

ဖွင့်ထားသော သီချင်းသံကလည်း အပြင်မှ လူငယ်များကို ဖိတ်ခေါ်နေသကဲ့ သို့ပင်။ ရေကူးကန် ခြံစည်းရိုးသံတိုင်အ ပြင်ဘက်မှနေ၍ အတိုင်းသားမြင်နေရ သည်က ရေပန်းရှိတိုင်များကို ပွေ့ဖက်ကာ sexy dance ဟုခေါ်နေကြသော တိုင် ဖက်အကဖြင့်အစွမ်းပြနေသောအမျိုး သမီးငယ်အချို့။

ယခင် အစိုးရလက်ထက်က Day Club များတွင် ကျောင်းသား၊ ကျောင်းသူ များ ကျောင်းပြေးကာ လာရောက်သဖြင့် နောက်ပိုင်းတွင် သက်ဆိုင်ရာမှ ဖွင့်လှစ် ခွင့် မပြုတော့။ ဤနေရာ၏အသွင်အပြင် ကတော့ ထိုကလပ်များနှင့် သိပ်မခြားနား သလိုဖြစ်နေရာ ထိုအကြောင်းပြချက် ကြောင့်ပင် အစွမ်းကုန်ပျော်မြူးနေတတ် ကြခြင်း လည်း ဖြစ်ကောင်း ဖြစ်ပါမည်။

သေချာသည်ကတော့ ထိုနေရာသည် အများပြည်သူနှင့်သက်ဆိုင်သော အပန်း ဖြေနေရာတစ်ခုဖြစ်သော်လည်း မိသားစု များ၊ ဆော့ကစားရန်လာရောက်ကြသည့် ကလေးသူငယ်များနှင့် လုံးလုံးမသက် ဆိုင်သကဲ့သို့ သီးခြားနေရာတစ်ခုလိုဖြစ်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။

ပြည်သူ့ရင်ပြင် ရေလွှာဥယျာဉ်အ တွင်း အများပြည်သူလုံခြုံရေးကာကွယ် ရန် လုံခြုံရေး ၂ဝကျော်ခန့်ထားသည်။ အများပြည်သူရုံးပိတ်ရက်များတွင် ယင်း မြို့နယ်ရှိ ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူ များလည်း လာရောက်ကာ ပြည်သူများ လုံခြုံရေးအတွက်အထူးဆောင်ရွက် လျက်ရှိသည်။

ထိုနေရာတွင် လူငယ်အများစုက အရက်သေစာ သောက်စားထားသည့် အတွက် နောက်ဆက်တွဲ ခိုက်ရန်ဖြစ်ပွား မှုများ၊ ခိုးမှုများ မဖြစ်ပေါ်စေရန်အတွက် လည်း လုံခြုံရေးကို အထူးကြပ်မတ်ထား သည်ဟုဆိုသည်။ သို့သော် နေ့စဉ် တစ်ခု မဟုတ်တစ်ခု ဖြစ်နေတတ်သည်ဟု ရေ လွှာလျှောစီး ရေကူးကန်လုံခြုံရေးဝန်ထမ်း တစ်ဦး ကပြောသည်။

”ကျွန်တော်တို့ကို ကိုယ်ထိ လက် ရောက် လုပ်ပိုင်ခွင့်မပြုဘူး။ တကယ်ခိုက် ရန်ဖြစ်ပွားလာရင် တားဆီးခွင့်ပဲပေးထား တယ်။ ပြီးမှ သက်ဆိုင်ရာက လာရောက် ဖမ်းဆီး တယ်။ ဒီမှာက ခိုက်ရန်ဖြစ်ပွားမှုက အနည်းနဲ့ အများ ဖြစ်ပွားတတ်တယ်” ဟု လုံခြုံရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၁ ရက်နေ့ကလည်း ရေ လွှာဥယျာဉ်တွင် လူငယ်များတစ်ဖွဲ့နှင့် တစ်ဖွဲ့  အချင်းများကာ ရန်ပွဲဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာ ဒဂုံမြို့မရဲစခန်းမှ တာဝန် ရှိသူများက ထိန်းသိမ်းပေးခဲ့ကြသည်။

”ဒီထဲမှာတော့ ခိုက်ရန်ဖြစ်ပွားမှုက နေ့တိုင်းလိုရှိတယ်။ နောက်ပြီး ခိုးမှုလည်း ဖြစ်ပွားမှု များတယ်။ လှည့်ကင်းအဖွဲ့က အရေးယူမှုတွေလုပ်ပါတယ်။ စည်ပင်ရဲ ကင်းမှာ ဖြေရှင်းလို့ရတဲ့အမှုဆိုရင် ဖြေ ရှင်းပေးလိုက်ပါတယ်။ အဲ့ဒီမှာ ရှင်းလို့မရ တဲ့အမှုမှစခန်းကိုခေါ်သွားပါတယ်” ဟု ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ရေလွှာဥယျာဉ်အတွင်းစား သောက်ဆိုင်များမှ အရက်၊ ဘီယာစသည့် တို့ အလွယ်တကူ လက်တစ်ကမ်းရရှိနေ ခြင်း ကလည်း မူးယစ်ရမ်းကားခြင်းနှင့် နောက် ဆက်တွဲပြဿနာများကို လက် ကမ်းခေါ်နေသကဲ့သို့ ဖြစ်နေနိုင်ပါသည်။

”စနေ၊ တနင်္ဂနွေဆို ဆိုင်မှာလူကျ တယ်။ ကြားရက်တွေဆို လူရှင်းတယ်။ ဒီ ကိုလာတာ အသက်၂ဝ ဝန်းကျင်တွေ များတယ်။ မိသားစုအလိုက် အပန်းဖြေ တဲ့လူတွေ လည်း ရှိတယ်။ ဆိုင်မှာက ဘီ ယာအပြင် ဝီစကီမျိုးစုံလည်း ရောင်းပေး တယ်။ ပုလင်းနဲ့တော့ယူဆောင်ခွင့်မပေး ဘူး။ ရေသန့်ဘူးနဲ့တော့ထည့်ပေးတယ်” ဟု ယင်းရေကူး ကန်ရှိ စားသောက်ဆိုင် တစ်ဆိုင်မှ စားပွဲထိုးတစ်ဦးကပြောသည်။

မိသားစုဖြင့် လာရောက်အပန်းဖြေ သည့် အသက်၅ဝ ဝန်းကျင်ခန့်ရှိ အမျိုး သမီးတစ်ဦးကတော့ ”လူငယ်တွေ ဒီလို ပျော်ကြတာတော့ ကောင်းပါတယ်။ ဒါ ပေမဲ့ မိန်းကလေးတွေကအစ ဘီယာ အ ရက်သောက်စားပြီး ပျော်နေတာတော့ မကောင်းဘူး။ အများပြည်သူ အပန်းဖြေ တဲ့နေရာမှာ ဒီလိုမျိုးလွတ်လပ်ခွင့်ပေးထား တာတော့ မကောင်းဘူး” ဟု သူ့အမြင် ကို ပြောသည်။

ရေလွှာဥယျာဉ်တွင် အများပြည်သူ လာရောက်အပန်းဖြေချင်စရာ ပြုလုပ် ထားသော်လည်း အရက်သေစာသောက် စားပြီး ပျော်ရွှင်မြူးထူးနေသည့် လူများ ကြောင့် စိတ် အနှောင့်အယှက်ဖြစ်နိုင်ခြေ ပိုများပါလိမ့်မည်။

မိန်းကလေး တချို့သည်လည်း ရေ ကူးကန်နံဘေးတွင် ဘီယာ၊ အရက်ထည့် ထားသော ဘူးများကို မော့သောက်နေ ကြသလို မူးမူးဖြင့်မဟန်နိုင်ဘဲ မှောက် နေကြ သူများလည်းရှိသည်။ အများပြည် သူ အပန်းဖြေနားနေစရာ လူမြင်ကွင်းဟု ဆိုသော်လည်း စိတ်လွတ်ကိုယ်လွတ် အ မြင်မတင့်တယ် နေထိုင်မှုများကတော့ ထိန်းချုပ် သင့်သော အပြုအမူများဖြစ် သည်။ မိသားစုများ အနားယူနိုင်စေရန် ထားရှိသော် ဘန်ဂလိုများတွင်လည်း စုံ တွဲများ ပွေ့ဖက် နမ်းရှုပ်ခြင်းကဲ့သို့ မောင် နှင့်နှမ သားနှင့်အမိ မမြင်အပ်စရာများကလည်း အတိုင်းသား။

အမျိုးသမီးများအတွက် အားကစား ဝတ်စုံ၊ ရေကူးဝတ်စုံ(bikini)နှင့် တီရှပ် အင်္ကျီများဖြင့် ရေကစားခွင့် မပြုထား သော်လည်း ရေစိုနေသည့် အဝတ်အစား များနှင့် မလုံခြုံသော ခေတ်ဆန်ဆန်ဝတ် စားမှုများက မူးယစ်နေသည့် လူငယ်များ ၏ ရင့်ရင့်သီးသီး နောက်ပြောင်မှုများနှင့် မလိုလားအပ်သော အန္တရာယ်များကို ဖိတ်ခေါ်နေသကဲ့ သို့လည်း ဖြစ်စေနိုင် သည်။

ရေလွှာဥယျာဉ်သို့ ရေကူးရန်အတွက် လာရောက်သူများရှိသကဲ့သို့ သူငယ်ချင်း အပေါင်းအသင်းများစုဝေးက ပျော်ပါး ကခုန်ရန် လာရောက်သူများလည်းရှိပြီး သာမန် အပန်းဖြေရန် စိတ်ကူးဖြင့် လာ ရောက်သူများလည်း ရှိနိုင်ပါသည်။

သို့သော် အဆိုပါ အခြေအနေများ ကြား ရည်ရွယ်ချက်တစ်ခုဖြင့် သီးသန့် လာရောက်ကြသည့် လူအချို့ကလည်း ဤနေရာကို ခြေကုတ်ရယူထားပါသေး သည်။
ထိုသူများကတော့ အခကြေးငွေဖြင့် သွေးသားအရောင်းအဝယ် ပြုလုပ်နေသူ များနှင့် လိင်တူချစ်သောဂေးအချို့ဖြစ် သည်။ သူတို့ကလည်း ကိုယ့်အထာနှင့် ကိုယ်ဖြစ်ပြီး အခေါ်အပြော၊ ညှိနှိုင်းမှုများ ကို ကရင်းခုန်ရင်း၊ သောက်ရင်းစားရင်း မျက်ရိပ်ပြစကားပြောရင်းဖြင့် အလုပ်ဖြစ် မြောက်ပါက လိုရာအရပ်သို့ ပျံသန်းသွား တတ်ကြစမြဲဟု ထိုနေရာနှင့် ယဉ်ပါးသွား လာဖူးသူအချို့ထံမှ သိရသည်။

သမီးမိန်းကလေးမွေးထားသည့် အ သက် ၄ဝ ဝန်းကျင်ရှိ ဝန်ထမ်းလုပ်ကိုင်သူ ကိုမြတ်ကျော် (အမည်လွှဲ)ကတော့ ဤ မြင်ကွင်း ဤအရပ်နှင့် ပတ်သက်၍ စိတ် ပူမိကြောင်းပြောရင်း

”ဒီလိုမျိုးတွေ သောက်စားနေတဲ့အ ထဲမှာ မိန်ကလေးတွေကပါ မူးနေတာ တွေရတော့ ကလေးတွေအနေနဲ့ အတုယူ မှားမှာ စိုးရတယ်။ ဒီလိုလူမြင်ကွင်းကြီးမှာ တခြားနိုင် ငံအနေနဲ့ဘာမှ မဖြစ်နိုင်ပေ မယ့် မြန်မာနိုင်ငံအနေနဲ့ဆိုရင် မကောင်း ဘူးလို့တော့ မြင်တယ်” ဟု ဝေဖန်သည်။

ယင်းကဲ့သို့ နေရာများသည် မှုခင်း ဖြစ်စဉ် အများဆုံးဖြစ်နိုင်သည့်အတွက် ဂရုစိုက်၍စောင့်ကြည့်နေရကြောင်း၊ ယင်းကဲ့သို့ နေရာများမှာ မိသားစုများ လာရောက် အပန်းဖြေရန် မသင့်တော် ကြောင်း၊ လာရောက်သည့် လူအများစု သည် စရိုက်ဆန်သည့် အောက်ခြေလူတန်း စားများ ပိုမိုလာရောက်ကြောင်းလည်း ဒဂုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

”ပေါ်ပေါ်တင်တင်တော့ မရှိပါဘူး။ အဲဒီလို တွေ့ရှိရင်လည်း အရေးယူမှုတွေ လုပ်ဆောင်ပါတယ်။ အပြင်ကနေပါလာ တာတွေလည်းရှိပါတယ်။ ဒီမှာကသောက် စားတာတွေ များတယ်ဆိုပေမယ့် မူးယစ် ဆေးဝါးနဲ့ ပတ်သက်ပြီးတော့လည်း မရှိ ပါဘူး” ဟု ၄င်းက ပြောသည်။

မကြာသေးမီ ရက်ပိုင်းအတွင်း ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်တွင် ဤရုပ်ပျက်ဆင်း ပျက် မြင်ကွင်းဓာတ်ပုံများ တက်လာဖူးပြီး ဝိုင်းဝန်းဝေဖန်သူ၊ ထောက်ခံသူများနှင့် ပွဲဆူခဲ့သေးသော်လည်း ဒီဂျေသံကတော့ မြူးကြွနေဆဲ။ ဘန်ဂလိုတစ်ခု၏ကြမ်းပြင် ကွက်လပ်တွင် ယောက်ျားမိန်းမ ရော ထွေးနေသော လူအုပ်စုတစ်စုက ဂီတသံ နှင့်အညီ ယိမ်းထိုးခုန်ပေါက်နေဆဲ။ ပျို မေများ၏ ရေစိုအသားစိုင်များ၊ စကပ်တို တို ပေါင်သားလှုပ်လှုပ်နှင့် မှေးစင်းနေ သောမျက်လုံးများ၊ ယစ်ရွှေရည်ရောင် လွှမ်းနေသော
ရေသန့်ဘူးကိုတစ်ယောက် တစ်လှည့်မော့ရင်း နှုတ်ခမ်းချင်းတေ့နမ်း လိုက်သည့် စုံတွဲများဖြင့် ပြည်သူ့ဥယျာဉ် ရေလွှာလျှောစီးရေကူးကန်ကတော့ စည် ကား ဆူညံနေ ဆဲဖြစ်သည်။

မူးယစ် ကခုန်နေသူများနှင့် ရေကူး ကန်ပေါင်များပေါ်မှ အဝေးကပင်မြင် နိုင်သော ရေသန့်ဘူးအယောင်ဆောင် ဘီယာနှင့်ယမကာများက အဝင်ဝမှသတိ ပေးတားမြစ် ထားချက်ကို လှောင်ပြောင် နေဆဲလည်း ဖြစ်ပါသည်။

ထွဋ်မြတ်၊ ရန်နိုင်

Popular Myanmar News Journal

0 comments:

Post a Comment