Wednesday, December 17, 2014

ဗီဒီယို အကြိုခံစားခြင်း - ခြောက်လွှာမှာ ခြောက်နေတယ်



ဒီနေ့ရဲ့ ဗီဒီယိုအညွှန်း ကဏ္ဍ မှာတော့ သရဲဟာသကားတစ်ကားအကြောင်းကို ညွှန်းပေးလိုက်ပါတယ်။အငုံက လောကဓံရဲ့ ရိုက် ချက်တွေ ခံပြီး မွေးဖွားကြီးပြင်း လာသူပါ။ ကံကြမ္မာက မျက်နှာသာ ပေးမခံရတဲ့ဘ၀မှာ ယောက်ျား တွေကိုလည်း မုန်းဖို့ အဖြစ်အ ပျက်တစ်ခု ကြုံခဲ့ပါတယ်။ယောက်ျားတစ်ယောက်ကို အားကိုးဖို့အတွက် ယူခဲ့ပေမယ့် သူထင်သလို ဖြစ်မလာခဲ့ပါဘူး။ အဲဒါကြောင့် နောက်ဆုံးမှာတော့ သူ့ယောက်ျားကို စိတ်နာတာ ကြောင့် ‘‘တပည့်တော်မက ဘ၀ ဆက်တိုင်း ဆက်တိုင်းမှာ ယောက်ျားတကာကို ဖြတ်ဖောက်ချုပ်လုပ်ရတဲ့ ယိုးဒယားက ဆရာဝန်ဖြစ်ပါစေ’’ လို့ ဆုတောင်းပြီး ခြောက်လွှာကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့ပါတယ်။

အစွဲအလမ်းတစ်ခုကြောင့် သေတာဖြစ်လို့ အငုံက မကျွတ်မ လွတ် ဖြစ်နေခဲ့ပါတယ်။ အဲဒါ ကြောင့် အငုံသတ်သေသွားတဲ့ ခြောက်လွှာက သရဲခြောက်တယ် ဆိုပြီး နာမည်ကြီးလာခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီလို သရဲခြောက် တယ်ဆိုတာကို မယုံကြည်ဘဲ သင်တန်းဆရာတစ်ယောက်က အဲဒီအခန်းမှာ သင်တန်းလာဖွင့်ပါ တယ်။ဒါပေမဲ့လည်း အဲဒီသင်တန်း မှာ ကမောက်ကမတွေဖြစ်ပြီး အ ဆင်မပြေမှုတွေ ရှိသလို သင်တန်း ဆရာတွေလည်း မမြဲခဲ့ပါဘူး။ တစ်ရက်မှာတော့ အဲဒီသင်တန်း မှာ ပျော်ပွဲရွှင်ပွဲလုပ်ရင်း သင်တန်း ဆရာ သေသွားပါတယ်။ အဲဒီအ ချိန်ကစပြီး သင်တန်းဆရာရဲ့ ခန္ဓာကိုယ်မှာ အငုံရဲ့ ၀ိညာဉ် ပူး ကပ်ပြီးနေခဲ့ပါတယ်။ အဲဒီအချိန် ကစပြီး အဲဒီသင်တန်းဆရာက သူ့ အနားမှာ ယောက်ျားတွေကိုမ ထားတော့ပါဘူး။ အဲဒါကြောင့် သူ့ရဲ့ သင်တန်းမှာရှိတဲ့ ယောက်ျား လေးဝန်ထမ်းတွေကိုဖြုတ်ပြီး မိန်း မလျာတွေကိုပဲ ခန့်ထားပါတယ်။

အဲဒီ သင်တန်းဆရာမှာ မေဘရာကျော်ဆိုတဲ့ သမီးတစ် ယောက် ရှိပါတယ်။ မေဘရာ ကျော်ကို ကြိုက်နေတဲ့ကောင် လေးနှစ်ယောကက်တော့ မေဘ ရာကျော်အနားကို ကပ်ချင်တာ ကြောင့် အဲဒီသင်တန်းကို မိန်းမ လျာပုံစံနဲ့ အလုပ်လျှောက်ခဲ့ပါ တယ်။ မေဘရာကျော်ကလည်း သူ့အဖေ ပုံစံမမှန်တာတွေကို တ ဖြည်းဖြည်း သိလာပါတယ်။ အဲဒါ ကြောင့် မိန်းမလျာဟန်ဆောင် ထားတဲ့ နေမျိုးသီဟနဲ့ သူရဗလတို့ကို အကူအညီတောင်းခဲ့ပါတယ်။ ပယောဂလို့ ထင်ထားတဲ့အတွက် သူရရဲ့ အဆက်အသွယ်နဲ့ ရွာတစ်ရွာမှာ သွားရောက်ကုသခဲ့ပါတယ်။ ယောက်ျားတွေကို မုန်းပြီး သေသွားတာကြောင့် ၀ိညာဉ်ပူးကပ်နေတဲ့ အငုံက ဘာတွေ ထပ်မွှေဦးမှာလဲ။ သရဲဝင်ပူးနေတာကိုကော ဘယ်အချိန်ကျရင်သိမှာလဲဆိုတာကိုတော့ လာဗင်ဒါထုတ်လုပ်ရေးကနေ ဒီဇင်ဘာ ၁၈ ရက် မှာ စတင်ဖြန့်ချိပေးမယ့် ခြောက်လွှာမှာ ခြောက်နေတယ်ဆိုတဲ့ ဇာတ်ကားလေးမှာရှုစားပေးပါ။ ဒီဇာတ်ကားမှာ နေမျိုးသီဟနဲ့ သူရဗလအဖြစ် ဇေရဲထက်နဲ့ သူရိယ၊ မေဘရာကျော်အဖြစ် နန်းဆုဦး၊ အငုံအဖြစ် တက္ကသိုလ် ဂွမ်းပုံနဲ့ သင်တန်းဆရာ အဖြစ် ကျော်ထူးတို့ ပါဝင်ထားပါတယ်။ ဟော့လိုင်းရဲ့ ၀တ္ထုကို ဒါရိုက် တာ ပြည်သိန်းသီဟက ရိုက်ကူးပုံဖော်ထားပါတယ်။


7Day Daily

0 comments:

Post a Comment