Tuesday, December 23, 2014

အရမ်းချစ်တတ်ပြီး အရမ်းအူတိုတတ်တယ်လို့ ပြောတဲ့ သဉ္ဖာနွယ်ဝင်းက သဲသဲလှုပ်ချစ်တဲ့အကြောင်း ဖွင့်ဟတာမျိုးတော့ မလုပ်တတ်ဘူးလို့ဆို


မကြာခင်မှာ တစ်ကိုယ်တော်ခွေ အလန်းစားထွက်ရှိတော့မဲ့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲ နာမည် သုံးလုံးပိုင်ရှင် အဆိုတော် လူငယ်လေးတစ်ဦးနဲ့ သတင်းတွေကြီးနေတဲ့ မော်ဒယ်လ် သရုပ်ဆောင် သဉ္ဖာနွယ်ဝင်းက လက်ရှိသူမရဲ့အချစ်ရေးနဲ့ပတ်သတ်ပြီး “အချစ်နဲ့ပတ်သက်လာရင် ကိုယ်ထားတဲ့ဘဲက စော်ကြည်ဘဲဖြစ်နေတဲ့အခါ မိန်းကလေးတွေနဲ့ရောရော ရောရော ဆို မိန်းမသဘာဝ အူတိုတာမျိုးရှိတယ်။ သဉ္ဖာက အရမ်းသတိုတတ်တဲ့ သူထဲမှာပါတယ်။ အရမ်းအချစ်ကြီးတယ်။ အရမ်းလဲ ချစ်တတ်သလို ပါးစပ်ကနေ ထုတ်ပြောတာမျိုးကျတော့ ရှားလိမ့်မယ်။ ခက်ခဲလိမ့်မယ်။ ကိုယ်ကို ထားပြစ်ခံရမှာ ကြောက်တဲ့အတွက်လဲ ပါပါတယ်”လို့ ဆိုသွားပါတယ်။လာမယ့် ၂၀၁၄ New Year ကို ဘယ်လိုဖြတ်သန်းဖြစ်မယ်ဆိုတာကိုတော့ သူမက “New Year ဆိုရင် နှစ်တိုင်း ဘယ်မှမသွားရဘူး။ အိမ်ကလဲ စိတ်မချဘူး။ New Year ဆိုပိုဆိုးတာပေါ့။ လူရှုပ်တယ် ဆိုတော့ ဘယ်မှတော့ ထွက်လို့မရပါဘူး။ ပြီးတော့ အဲ့ဒီညဆို အိမ်က အန္တရယ်များတယ်၊ မထွက်ရဘူးလို့ ပြောထားတယ်”တဲ့။

လက်ရှိမှာ သဉ္ဖာနွယ်ဝင်းဟာ ဒါရိုက်တာသည်ခေတ်နေ ရိုက်ကူးတဲ့ ကမ္ဘာဦးမှတ်ပုံတင်ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပြီး ဒီနှစ်အကယ်ဒမီပေးပွဲကိုတော့ ပိုးထည် အင်ကြင်းခိုင်၊ ဒီဇိုင်နာ မဌေးဌေးတင်တို့ရဲ့ ဖန်တီးမှုတွေနဲ့ တက်ဖြစ်မယ်လို့ ဖွင့်ဟသွားပါတယ်။

ခင်ဆွေသက် 
Trend Myanmar

0 comments:

Post a Comment