Wednesday, December 31, 2014

Miss Supranational 2014 အလှမယ် ဟန်သီ

''အမေရိကန်နိုင်ငံမှာ အနုပညာနဲ့ပတ်သက်တဲ့ ပညာရပ်တစ်ခု တက်ရောက်ဖို့ ရည်ရွယ်ထားပါတယ်''


ပိုလန်နိုင်ငံတွင် ကျင်းပပြုလုပ် ခဲ့သော Miss Supranational 2014 ပြိုင်ပွဲတွင် Miss Asia & Oceania Queen ဆုနှင့် Miss Internet ဆုနှစ် ဆုရရှိခဲ့သော အလှမယ်ဟန်သီ နေပြည်တော်သို့ ခဏတာ ရောက်ရှိခိုက် သိလိုသည်များကို မေးမြန်းခဲ့ပါသည်။ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့် Miss Supranational ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် မိခင်ဖြစ်သူက လျှောက်လွှာတင်ပေးခဲ့ပြီး ပြိုင်ပွဲအဆင့်ပေါင်းများစွာကို ဖြတ်ကျော်ကာ နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် မစ်ဂိုးဒင်း လန်းမြန်မာမှပေးအပ်သော ဆုကြီးငါးဆုအနက် Miss Supranational Myanmar ဆုကို ရရှိခဲ့သည်။

မေး။ ။ပြိုင်ပွဲဝင်ဖို့ ဘယ်လိုပြင်ဆင်ခဲ့ရပါသလဲ။

ဖြေ။ ။ပိုလန်နိုင်ငံမှာ ပြိုင်ပွဲဝင်ဖို့အတွက် ဝတ်စုံဒီဇိုင်း တွေ၊ မိတ်ကပ်ဆရာ၊ စကားပြောတာ၊ လမ်းလျှောက်တာ တွေကို လေ့ကျင့်ခဲ့ရတယ်။

မေး။ ။ဒီဇိုင်နာတွေက ဘယ်သူတွေလဲ။

ဖြေ။ ။ဝတ်စုံဒီဇိုင်နာတွေကတော့ ရိုးရာဝတ်စုံအတွက် မပုံ့၊ တဲလန့်ဒရက်စ်အတွက် မေဦးမောင်နဲ့ ညနေခင်း ဝတ်စုံကို ရှီလာတို့က တာဝန်ယူဆောင်ရွက်ပေးခဲ့ပါ တယ်။ မိတ်ကပ်ပြင်တာကိုတော့ မေဦးမောင်ကလေ့ ကျင့်ပေးခဲ့ပြီး စကားပြောတာနဲ့လမ်းလျှောက်တာ Miss Golden Land Organization က လေ့ကျင့်ပေးခဲ့ပါ တယ်။ Talent အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှု ရွှေသုန္ဒ ရီသီချင်းနဲ့ ကပြခဲ့ပါတယ်။

မေး။ ။ပိုလန်ပြိုင်ပွဲဝင် အတွေ့အကြုံလေးပြောပြပေးပါ။

ဖြေ။ ။ပထမဦးဆုံးခရီးစဉ်ဖြစ်တယ်။ အတွေ့အကြုံ လည်း အများကြီးရခဲ့တယ်။ တစ်ခါမှမမြင်ဘူး မတွေ့ဘူး တဲ့ လူမျိုးပေါင်းစုံနဲ့ မိတ်ဆွေသူငယ်ချင်းဖြစ်ခဲ့တယ်။ပြိုင်ပွဲဝင်ထဲမှာဆိုရင် အသက်အငယ်ဆုံးဖြစ်လို့ အရမ်း ကြောက်ခဲ့ စိတ်လှုပ်ရှားခဲ့ရတယ်။ အရမ်းလည်းပျော်ရွှင် ခဲ့ပါတယ်။ ပြိုင်ပွဲကျင်းပမှုကတော့ အရမ်းစည်းစနစ်ကျ ပြီးခမ်းနားပါတယ်။ သဘောကောင်းတဲ့ ပိုလန်လူမျိုးတွေ နဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး သူတို့ရဲ့ရိုးရာဝတ်စုံ၊ ရိုးရာအက တွေကို လေ့လာခွင့်ရလို့ သဘောကျမိပါတယ်။ ပြိုင်ပွဲဝင် အချို့ကတော့ ဘာသာစကားအခက်အခဲ ရှိကြတယ်။ဟန်သီကတော့မရှိပါဘူး။

မေး။ ။ပြိုင်ပွဲကို ဘယ်လိုဆုံးဖြတ်ချက်ချပြီး ဝင်ပြိုင်ခဲ့ တာပါလဲ။

ဖြေ။ ။ပြိုင်ပွဲမဝင်ခင်ကတည်းက ကြိုးစားရမယ်။ ဆုရ သည်ဖြစ်စေ မရသည်ဖြစ်စေ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။ ပြိုင်ပွဲဝင်ပြီး တဲ့အချိန်မှာတော့ ကြိုးစားရကျိုးနပ်ပါတယ်။ အခုရတဲ့ ရလဒ်ကို ကူညီလို့ရတဲ့နေရာတွေမှာ ပြန်ပြီးအသုံးချချင် ပါတယ်။

မေး။ ။ဟန်သီရဲ့ရည်မှန်းချက်နဲ့ ဝါသနာလေး ပြောပြ ပေးပါ။

ဖြေ။ ။ဘဝရည်မှန်းချက်ကတော့ အနုပညာအလုပ် ကို အဆုံးတိုင် ဆက်လျှောက်ဖို့ပါ။ ဝါသနာကတော့စာ အုပ်ဖတ်ခြင်း၊ သရုပ်ဆောင်ခြင်း၊သီချင်းဆိုခြင်း၊ အက ကခြင်းနဲ့ စန္ဒရားတီးခြင်းတို့ပဲဖြစ်တယ်။ အနှစ်သက် ဆုံးစကားရပ်ကတော့ Enjoy life while you can and don't forget to live positive ပဲ ဖြစ်ပါတယ်။

မေး။ ။ရှေ့ဆက်လုပ်ဖို့ အစီအစဉ်လေး ပြောပြပေးပါ။

ဖြေ။ ။၂ဝ၁၅မှာ အမေရိကန်နိုင်ငံမှာ အနုပညာနဲ့ ပတ်သက်တဲ့ပညာရပ်တစ်ခု တက်ရောက်ဖို့ရည်ရွယ် ထားပါတယ်။ မသွားခင်မှာတော့ အနုပညာအလုပ်တွေ ကို ဆက်လုပ်သွားမှာပါ။

မေး။ ။ဟန်သီအကြိုက်ဆုံးတွေကို ပြောပြပေးပါဦး။

ဖြေ။ ။ရုပ်ရှင်မှာဆိုရင် ရေဒီယို မနလနူ၊ သရုပ်ဆောင်မှာ ဆိုရင် ဆီလီနာဂိုးမက်ဇ်၊ အဆိုတော် တေလာဆွစ်ဇ်၊ မြို့ ဆိုရင် တောင်ကိုးရီးယားရဲ့ဆိုးလ်မြို့၊ အရောင်မှာဆိုရင် ပန်းရောင်၊ အစားအစာဆိုရေခဲမုန့်၊ အသုံးအဆောင် အိုင်ဖုန်း၊ စာရေးဆရာ Sophie Kinsella၊ တီဗွီအစီ အစဉ်မှာဆို Star World ပါပဲ။

မေး။ ။တခြားစိတ်ဝင်စားတဲ့အလုပ်ရှိရင် ပြောပြပါဦး၊

ဖြေ။ ။တစ်ပတ်ကို စာအုပ်နှစ်အုပ်ဖတ်ပါတယ်။ ဟန် သီရဲ့လှုပ်ရှားမှုတွေကို ဟန်သီရဲ့ဖေ့ဘွတ်ခ်အကောင့်မှာ အမြဲတင်ပါတယ်။

မေး။ ။ရရှိခဲ့တဲ့ဆုတွေကို ပြောပြပေးပါဦး။

ဖြေ။ ။ဟန်သီရခဲ့တဲ့ဆုတွေက Miss Asia & Oceania Queen, Miss Internet, Miss Face of Myanmar 2013, Miss Supranational 2014, Miss Personality(Miss People), Beauty Mind and Photogenic(The Face Shop), First Runner Up for Miss Loykertong, Miss ShweZar Chi, First Runner Up for Miss Shwe Nandaw ပဲဖြစ်ပါတယ်။

မေး။ ။ပရိတ်သတ်ကို ပြောချင်တဲ့စကားလက်ဆောင် လေး။

ဖြေ။ ။Aim for your goal ကိုယ် တစ်ကယ်ဖြစ်ချင် တဲ့လမ်းကို သေချာရွေးချယ်ပြီးမှ လျှောက်ပါလို့ပြောပါရ စေ။

ဗလ - တွေ့ဆုံမေးမြန်းသည်။
- ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

0 comments:

Post a Comment