Sunday, December 28, 2014

ရဲတပ်ဖွဲ့ဝင်များ ကျဆုံး စေရန် လက်ပံတောင်းဒေသခံများ ကျိန်စာတိုက်



ကြေးနီ စီမံကိန်း ခြံစည်းရိုးခတ်စဉ် လာရောက် တားဆီးခဲ့သည့် ဒေသခံများအား အကြမ်းဖက် ပစ်သတ်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များ အမြန် ကျဆုံး စေရန် ယခုလ (၂၈) ရက်၊ မွန်းလွဲ (၁) နာရီ အချိန်က တုံကျေးရွာ ဒေသခံ (၁၀၀) နီးပါး ကျိန်စာတိုက်ကာ ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။ ယင်းသို့ ကျိန်စာ တိုက် ဆန္ဒ ထုတ်ဖော်မှုကို တုံကျေးရွာထိပ် ခြံစည်းရိုး အနီးတွင် တုံကျေးရွာမှ ဒေသခံ များက ငှက်ပျောပွဲ တစ်ပွဲဖြင့် သီးသန့် ပြုလုပ်ခဲ့ ကြပြီး ဒေါ်ခင်ဝင်း သေနတ်ပစ်ခံခဲ့ရ သကဲ့သို့ တပ်ဖွဲ့ ဝင် များလည်း ဘေးအန္တရာယ်ဆိုးများ တွေ့ကြုံပြီး ကျဆုံးစေရန် ပြုလုပ်ခဲ့ ကြခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဒေါ်ခင်ဝင်းကို သေနတ်နဲ့ ပစ်ခဲ့တယ်။ ဒေသခံတွေကို ကျည်ဆန်တွေနဲ့ အတင်း အကြမ်းဖက် ဖြိုခွင်း ခဲ့တယ်။ လုံးဝကို စာနာစိတ် မရှိတဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ ဝင်တွေပါ။သူတို့ တွေက တရုတ်ကို ကာကွယ်ပေးပြီး တောင်သူ လယ်သမား တစ်ယောက်ကို အသေသတ်ပစ် ခဲ့တယ် ဟု တုံကျေးရွာမှ ဒေါ်ညိုလေး က The Messenger Media သို့ပြောသည်။ လက်ပံတောင်းတောင်ဒေသခံ များက ခြံစည်းရိုး အနီးတွင် ဆန္ဒ ထုတ်ဖော်ခြင်း၊ ကျိန်စာ တိုက်ခြင်းများ ပြုလုပ် နေသည့် အတွက် ယခင် တုံကျေးရွာနှင့် ဆည်တည်းကျေးရွာ သို့ ဆက်သွယ် ထားသည့် လမ်းမကြီးအား ၀မ်ပေါင် ကုမ္ပဏီက မြေစာပုံများဖို့ကာ ပိတ်ပင် တားဆီး လိုက်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ကျိန်စာတိုက် ဆန္ဒထုတ်ဖော်ရာတွင် မတရား အသတ်ခံ ရသည့် ဒေါ်ခင်ဝင်း အမှုမှန် ပေါ်ပေါက်ပါစေ၊ ဒေါ်ခင်ဝင်း သေဆုံး သလို ရဲတပ်ဖွဲ့ ဝင် များနှင့် မိသားစုများ ဘေးဆိုးများ တွေ့ကြုံနိုင် ပါစေ၊ ၀မ်ပေါင် ကုမ္မဏီနှင့် ဦးပိုင်တို့ အမြန် ကျဆုံးပါစေ၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝင် လူကြီးများ ကျဆုံး ပါစေစသည် တို့ကို ဆုတောင်းခဲ့ ကြကြောင်း သိရသည်

messengernewsjournal

0 comments:

Post a Comment