Monday, December 29, 2014

အရေးတော်ပုံ အောင်ရမည်


အကယ်ဒမီပေးပွဲကြီးပြီးသွားလေပြီ။
ဒီမိုကရေစီကျကျပေးသောအကယ်ဒမီဖြစ်သဖြင့်
ဒီမိုကရေစီဆန်ပေသည်။ မိုက်ကိုင်ပီးဆဲကြသည်
ရေသန့်ဗူးပေး၍အရှက်ခွဲကြသည်။လွန်စွာ အဆင့်အတန်းမြင့်မားကြလေသည်။နောက်များဆို သေနတ်တွေပါတွေယူလားပြီးပစ်မှာကြောက်ရသဖြင့် အကယ်ဒမီ ပွဲတက်ဝတ်စုံကို ကျည်ကာ
အင်္ကျီအဖြစ်သတ်မှတ်လိုက်လေသည်။ဆန္ဒပြလို့ ပစ်ခတ်သဖြင့်လူသေလျင် အာဇာနည်
ဖြစ်သည်။ မယုံမရှိပါနှင့် မြန်မာပြည်တွင်တကယ်ရှိလေသည်။ဆန္ဒပြသည့်လူများကတရားထိုင်းပီး
ဆန္ဒဖော်ထုတ်လေသလားဟု မေးမိသဖြင့်
မင်းဒင်ပင်အဆဲခံလိုက်ရသေးသည်။ လူသေသည်ကို များစွာဝမ်းနည်းမိသော်လည်း
သေလူကို လုပ်စား၍အမြတ်ထုတ်သည်ကိုတော့
အလွန်ပင်ရွံရှာမိပေသည်။နောက်ဆိုအာဇာနည်
လုပ်ရန်သိပ်မခက်ခဲတော့ပေ...ဆန္ဒပြ ရိုးရိုးတော့ပြမရ ဓားကိုင်တုတ်ကိုင်ပီး ပြရမည် လုံထိန်းကပစ်လို့သေလျင် ဗိုလ်ကြီးဟောင်းတို့
အသက်ကြီးတဲ့ကျောင်းသားများရောက်လာပြီး
အာဇာနည်စာရင်းသွင်းပေသည်ဟုသိရသည်။
မင်းဒင်တောင်အာဇာနည်ဖြစ်ရန် လူလက်နက်စု
ဆောင်းနေပီဖြစ်သည်။ မေမေသမ္မတဖြစ်လျင်
ဆန္ဒပြနိင်ရန်ဖြစ်သည်။ မီဒီယာတွေခေါ်မည်..
လုံထိန်းတွေကို ဓားနှင့်ခုတ်မည်။ ငြိမ်းချမ်းစွာ
ဆန္ဒပြသည်ဟု Fbတွင် ဓာတ်ပုံရိုက်တင်မည်။
လုံထိန်းပစ်လို့သေလျင် အသင့်ခေါ်ထားသော
နေကြီးတို့ ၈၈ပွင့် တို့ကို အာဇာနည်ဖြစ်မှအမျှဝေရန်ပြောပီးမှသေမည်။ ဒါဆိုအာဇာနည်ဖြစ်ရန်
သေချာသလောက်ရှိသည်။အို...ခုထည်းက ဆန္ဒပြ သည့်အကွက်တွေကို..လေ့ကျင့်ထားမည်။
တခုရှိသည်ကသေလျင်ပြုံးပြုံးလေးနှင့် လှလှလေးသေချင်သည်။ ဒီအတွက်လည်းပူစရာမလို
ဓာတ်ပုံဆရာကောင်းကောင်းကိုရှာထားပြီ
ဖြစ်သည်။မိတ်ကပ်ကိုတော့ခင်စန်းဝင်နှင့်ပြင်မည်
ဟုဆုံးဖြတ်ထားသည်။ ဒါကြောင့် ပိုက်ဆံတော်တော်ကုန်မည်ဟု သိထားသဖြင့် နေမျိုးဇင်နှင့်
ပူးပေါင်းပြီး အလှူ ခံနိင်ရန်လည်းညျိနှိုင်းထား
လိုက်ပီ...ဒါဆိုအာဇာနည်ဖြစ်ဖို့ကျိန်းသေလုံလောက်လေပီ...လုံထိန်းပစ်လို့မှမသေလျင်
မင်းအုပ်စိုးကို ခေါ်ထိုးခိုင်းမည်ဟုလည်း ၀ှက်ဖဲ
တစ်ချပ်ချန်ထားသေသည်။ အာဇာနည်ဖြစ်ချင်သည့် စိတ်ကအခုတလောအရမ်းကိုကြီးထွားလာသည်။ဘာဖြစ်ဖြစ် ဆန္ဒပြလို့
သေလျင်အာဇာနည်ဖြစ်နိင်သည်ဟု တစ်ထစ်ချ
တွက်ထားလိုက်သည်။ အာဇာနည်ဖြစ်ရန်အတွက် သေမှဖြစ်မည်..ရိုးရိုးသေလျင်တော့မရ
ဆန္ဒပြလို့သေမှရမည်ဖြစ်သဖြင့် ဆန္ဒပြပီးအာဇာ
နည်ဖြစ်ချင်သည်။

တိုင်ပြည်အတွက်လား...အို ဘာလုပ်စရာလိုလို့လည်း အစိုးရရှိတာပဲ
လေ...ကိုယ်ကအစိုးရလုပ်ချင်တာမဟုတ်..အာဇာ
နည်ပဲဖြစ်ချင်တာဖြစ်သည်။ ကိုယ်ကိုကိုယ်မီးရှို့
ဆန္ဒပြရန်လည်း သတ္တိမရှိသေးသဖြင့်..လုံထိန်း
ပစ်လို့ သေ...အာဇာနည် ဖြစ် ကိုယ်လိုချင်တာ
ဒါပဲဖြစ်သည်။ အခုတော့စားလည်းဒီစိတ် သွား
လည်းဒီစိတ်ဖြင့် ၂၀၁၅ ကိုချောင်းနေလိုက်သည်
ဟုတ်သည်....၂၀၁၅တွင် အာဇာနည် ဖြစ်ကိုဖြစ်ရမည်။အာဇာနည် ဖြစ်ရန်လွယ်သောတိုင်းပြည်
တွင် အာဇာနည်မှမဖြစ်ခဲ့ဘူးလျင် ရှက်ဖွယ်လိလိ
ပင်ဖြစ်နေတော့မည်။

မင်းဒင်
credit မြင့်မောင်မောင်ကျော်

0 comments:

Post a Comment