Tuesday, December 23, 2014

အိုင်အက်စ်တို့ ၏ လိင်ကျွန်အဖြစ်မှ လွတ်ရန် အမျိုးသမီးများ အချင်းချင်းပြန်သတ်နေ

အိုင်အက်စ်တို့၏ လိင်ကျေးကျွန်အဖြစ် ညည်းပန်းနှိပ် စက်ခံနေရသည့် ဘဝမှ လွတ်မြောက် ရန်အတွက် အဖမ်းဆီး ခံထားရသည့် အမျိုးသမီး များသည် အချင်း ချင်းလည် ပင်းညှစ်ကြကာ အဆုံးစီရင်ကြလျက် ရှိသည်ဟု သတင်းတစ်ရပ် ထွက်ပေါ် လာသည်။


အစ္စလာမ်မစ်နိုင်ငံတည်ထောင်ကာ လူမျိုးနွယ်သန့် ရှင်းရေးလုပ်ဆောင်နေသည့် အိုင်အက်စ်တို့ လက်တွင်း အမျိုးသမီးများစွာ လိင်ကျေးကျွန်ဖြစ်နေရသည်။ (ဓာတ်ပုံ - မိုင်ရာ)

အီရတ်မြောက်ပိုင်းရှိ ရာဇီဒီလူမျိုးနွယ်စုမှ ထောင်ပေါင်းများစွာသော အမျိုးသမီးများသည် အိုင်အက်စ်တိုက်ခိုက်ရေး သမားများ၏ လူမဆန်စွာနှိပ်စက်ခြင်းများ၊ အတင်း သားမယားပြုကျင့်ခြင်းများနှင့် လိင်မတော်မတရားပြုကျင့်ခံရခြင်းများအတွက် စိုးရိမ်ထိတ်တလန့် ရှိနေရသည်။အိုင်အက်စ်လူသတ်သမားတို့ ၏ လက်တွင်းမှ ဆင်းရဲဒုက္ခအဝဝကို ရှောင်ရှားနိုင်ရန်အတွက် တစ်ဦးကိုတစ်ဦး လည်ပင်းညှစ်၍ ဘဝကို အဆုံးစီရင်ကြကြောင်း ရှင်ကျန်ရစ်သူ အမျိုးသမီးတစ်ချို့က ပြောသည်။

အိုင်အက်စ်တို့ ဖမ်းဆီးခံရပြီးနောက် ယခုကဲ့သို့ အချင်းချင်းပြန်သတ်ကြသူများတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများလည်း ပါဝင်ခဲ့သည်ဟု ဆိုသည်။

ယခုလို အချင်းချင်းပြန်သတ်ကြသည့် လုပ်ရပ်ကို ငရဲမှလွတ်လမ်းဟု ခေါ်ကာ ယင်းသတင်းသည် တုန်လှုပ်ခြောက်ခြားစရာ တစ်ရပ် ဖြစ်နေသည်။

အီရတ်မြောက်ပိုင်းတွင် အစွန်းရောက် အိုင်အက်စ်တို့ ၏ ဖမ်းဆီးခံ ရာဇီဒီမျိုးနွယ်ဝင် ထောင်ပေါင်း များစွာသော အမျိုးသမီး များနှင့် ဆယ်ကျော် သက်မိန်း ကလေး ငယ်များ ရင်ဆိုင် ကြုံတွေ့ ရသည့် ဒုက္ခဝေဒနာဆိုးများကို စုံစမ်းဖော် ထုတ်နေသည့် နိုင်ငံတကာလွတ်ငြိမ်းခွင့် (Amnesty International )အဖွဲ့ ကယခု သတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အိုင်အက်စ်လက်တွင်းမှ လွတ်မြောက်ခဲ့သူ အသက်၂၇နှစ်ရွယ် ဝါဖာဆိုသူ အမျိုးသမီးသည် ဖမ်းထားသူ အိုင်အက်စ်များက အတင်း လက်ထပ်ရန် ခြိမ်းခြောက် လာသဖြင့် ညတစ်ညတွင် သူနှင့် သူ့ အစ်မဖြစ်သူတို့ က အချင်းချင်း လည်ပင်းညစ်ကြကာ ထွက်ပေါက်ရှာ သေကြောင်းကြံခဲ့သည်ဟု ပြောသည်။

သို့ သော်လည်း အခန်းထဲရှိ အခြား အဖမ်းခံ ထားရသည့် အမျိုးသမီးများ နိုးလာသဖြင့် လာရောက် တားဆီးကြရာ မအောင်မြင် ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆို သည်။

"ကျွန်မနဲ့ ကျွန်မအစ်မက ခြုံထည်တဘတ်နဲ့ တစ်ဦး လည်ပင်း တစ်ဦးပတ်ပြီး အားကုန်ဆွဲကြတယ်။ ကျွန်မတို့ခွဲ ကျသွား တဲ့အထိကို လည်ပင်း အစ်အောင်ဆွဲခဲ့ ကြတာပါ။ ဒီလိုလုပ်ပြီးနောက်ပိုင်း ရက်တော်တော်ကြာအောင် စကားမပြောနိုင်ဖြစ်ခဲ့ရသေးပါတယ်။"ဟု ဝါဖာက ပြောခဲ့သည်။

အိုင်အက်စ်တို့ သည် ဖမ်းဆီး ထားသည့် အမျိုးသမီး များကို အတင်းအကြပ် လက်ထပ်ခြင်း၊ ရောင်းစားခြင်း အပြင် အိုင်အက်စ် တိုက်ခိုက်ရေး သမားများ သို့မ ဟုတ်အဖွဲ့ကို ထောက်ခံသူများကို လက်ဆောင် အဖြစ်ပေးခြင်းများ ပြုလုပ် လျက်ရှိပြီး တစ်ချို့ ဖမ်းဆီးထားသူ များကိုအစ္စလာမ်ဘာသာ သို့ အတင်းကူးပြောင်း ခိုင်းခြင်းများကို လုပ်ဆောင် လျက်ရှိကြသည်။

"ရာဇီဒီ အမျိုးသမီးနှင့် မိန်းကလေး ရာပေါင်း များစွာဟာ အိုင်အက်စ်တို့ရဲ့ လက်တွင်းမှာ လိင်အကြမ်း ဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ် စေခိုင်း မှုတွေကြောင့် ဘဝတွေ ဖွတ်ဖွတ်ညက်ညက်ကြေနေရတယ်။ လိင်ကျွန်အဖြစ် စေခိုင်းခံရတာ အများစုကလည်း ငယ်ငယ်ရွယ်ရွယ် အသက် ၁၄ ၁၅နှစ်အရွယ် မိန်းကလေးတွေဖြစ် ကြပါတယ်။ အဓမ္မသားမယား ပြုကျင့်မှုကို အိုင်အက်စ်တွေက လက်နက်သဖွယ် သုံးနေတာလည်း ဖြစ်တယ်" ဟု Amnesty International အဖွဲ့ မှ အကြီးတန်း ပဋိပက္ခတုံ့ ပြန်မှုအကြံပေး ရိုဗာရာကပြောသည်။

"ဂျီလန်ဆိုတဲ့ ငယ်ရွယ်ချောမောတဲ့ ၁၉နှစ်အရွယ် မိန်းကလေး တစ်ဦး အိုင်အက်စ် တစ်ယောက်နဲ့ အတင်း အိမ်ထောင်ပြုရမှာ စိုးတာနဲ့ ရေချိုးခန်းထဲမှာ ကိုယ့် ကိုယ်ကို သတ်သေ သွားခဲ့ပါတယ်"ဟု လွတ်မြောက် လာခဲ့သည့် အမျိုးသမီးတစ်ဦးက Amnesty International သို့ ပြောခဲ့သည်။

အိုင်အက်စ် တို့ သည် အစ္စလာမ်မစ် နိုင်ငံတော် တည်ထောင်ကာ လူမျိုးနွယ် ရှင်းလင်းရေးကို သြဂုတ်လ အတွင်းက စတင်ကာ ဆောင်ရွက်လာ ခဲ့ခြင်းဖြစ်ပြီး အီရတ် အနောက်မြောက်ပိုင်း ဆင်းဂျားတောင်ကုန်း ဒေသတွင် နေထိုင်သည့် ရာဇီဒီမျိုးနွယ် အမျိုးသမီးနှင့် မိန်းကလေး ငယ်လေးများကို ဖမ်းဆီး လိင်ကျွန်ပြု လာခဲ့ခြင်းဖြစ်သည်။


Mizzima

0 comments:

Post a Comment