Thursday, December 25, 2014

လက်ပံတောင်းတောင် အကြမ်းဖက်လုပ်ရပ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကန့်ကွက်ဆန္ဒပြမည်ဟု ဗကသဥက္ကဋ္ဌပြော


လက်ပံတောင်းတောင် ပဋိပက္ခ နှင့် မိကျောင်းကန်သပိတ်စခန်းကို အ စိုးရမှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြန် မာနိုင်ငံ ကျောင်းသားသမဂ္ဂ(ဗကသ)အ နေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာအ ရ ကန့်ကွက်ဆန္ဒပြသွားမည်ဖြစ်ကြောင်း သမဂ္ဂဥက္ကဋ္ဌ ကိုကျော်ကိုကိုက ဒီဇင်ဘာ ၂၃ ရက်တွင် ပြောသည်။''လက်ပံတောင်းတောင်ဒေသမှာ အစိုးရက ပြည်သူတွေရဲ့ မျက်နှာကိုမ ကြည့်ဘဲ အရင်းရှင်တွေရဲ့ မျက်နှာကိုပဲ ကြည့်တယ်။ အခုဆိုရင် သူတို့ရဲ့လက် ချက်ကြောင့် တောင်သူတွေ သွေးမြေခ နေပြီ။ အဲဒီလိုလုပ်ရပ်တွေ ဖြစ်ပေါ်ဖို့ ဘယ်သူက အမိန့်ပေးခဲ့တာလဲ။ ဘယ်သူ့ မှာ တာဝန်ရှိလဲ။ လက်ရှိအစိုးရ ခေါင်း ဆောင်တွေ ဆန္ဒမပါရင် ဒီလိုဖြစ်ရပ်တွေ မဖြစ်ပေါ်လာနိုင်ဘူး။ သူတို့ သဘောထား ပါတယ်။ ပြည်သူတွေက ဥပဒေကို မကျူး လွန်ဘဲ နိုင်ငံ့ခေါင်းဆောင်တွေက ဥပ ဒေ ဘောင်ကျော်နေတာ အဲဒါတွေ အစိုး ရက ဘယ်လိုဖြေရှင်းမယ်ဆိုတာ သိချင် တယ်။ သူတို့လုပ်ရပ်တွေကို အပြင်းအထန် ကန့်ကွက်တယ်။ ကျွန်တော်တို့ ဗကသ အဖွဲ့က တစ်နိုင်ငံလုံး ကျောင်းသားတွေ စုပြီး နေရာအနှံ့ ဆန္ဒပြ ကန့်ကွက်သွား မှာပါ''ဟု ယင်းက ဆက်ပြောသည်။

ယင်းအပြင် ကျောင်းသားသမဂ္ဂအ နေဖြင့် ဥပဒေနှင့်အညီ ဖြေရှင်းပေးမှုမ လုပ်ဘဲ အမှုဖွင့် တရားစွဲဆိုခံရမှုများဖြင့် ရင်ဆိုင်နေရသည့် မိကျောင်းကန်သပိတ် စခန်း လှုပ်ရှားသူများအတွက်လည်း ဖြေ ရှင်းမှုတစ်ရပ် ပြုလုပ်ပေးဖို့ တောင်းဆို သွားမည်ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆန္ဒပြကန့်ကွက်မှုများပြု လုပ်နိုင်ရန်အတွက် ကနဦးဆုတောင်းပွဲကို ဖယောင်းတိုင်မီးများ ထွန်းညှိကိုင်ဆောင်ကာ ဒီဇင်ဘာ ၂၃ရက်က ရန်ကုန်မြို့လယ် ကောင်ရှိ ဆူးလေဘုရားအနီးတွင် လူအင်အား ၅ဝကျော်ဖြင့် ပြု လုပ်ခဲ့ကြောင်း သိရသည်။

မူလကတည်းက စီမံကိန်းရပ်ဆိုင်းရန် ဆန္ဒပြကန့်ကွက်မှု များရှိခဲ့သည့် ယင်းစီမံကိန်းသည် ဝမ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီး ပွားရေးဦးပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ယခင်နှစ် ကလည်း ယခုကဲ့သို့ လုံထိန်းများ၏ သေနတ်ဖောက်၊ အကြမ်းဖက် ထိန်းသိမ်းမှုကိုခံခဲ့ရပြီး ယခု ဒီဇင်ဘာ ၂၂၊ ၂၃ရက်များတွင်လည်း မြန်မာ-ဝမ်ပေါင်ကုမ္ပဏီ ခြံစည်းရိုး တိုးချဲ့ခတ်လုပ်ရာမှ တစ်ဆင့် လုံထိန်းများနှင့် ဒေသခံများပဋိပက္ခဖြစ်ကာ ဒေသခံတောင်သူအ မျိုးသမီးတစ်ဦး သေနတ်ထိမှန်သေဆုံးသည်အထိ ဖြစ်ခဲ့သည်။

‪TheYangonTimes‬

0 comments:

Post a Comment