Friday, December 26, 2014

အိမ်ထောင်ပြုတော့မယ်ဆိုတာ စနောက်လိုက်ခြင်းဖြစ်တယ်လို့ ပရိသတ်တွေကိုတောင်းပန်လိုက်တဲ့ သရုပ်ဆောင်ရွှေမှုံရတီ


''ရွှေမှုံ အရင်ဦးဆုံးပရိသတ်တွေကို တောင်း ပန်ပါတယ်။ ရွှေမှုံကို အဲဒီနေ့က မဂ္ဂဇင်းတစ်စောင်က အင်တာလာဗျူး တဲ့အချိန်မှာ အင်တာဗျူးတဲ့သူက
ရွှေမှုံပရိသတ်တွေကို ဘာများပြောချင် ပါသလဲလို့မေးတာကို ရွှေမှုံက နောက် ပြီးတော့ ယောက်ျားယူတော့မယ်လို့ ဖြေလိုက်တာပါ။ ဒီလောက်ထိ နာ မည်ကြီး သွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး။ ရွှေမှုံအဲဒီစကားက တကယ်မဟုတ် ပါဘူး။ နောက်ပြီးတော့ ပြောလိုက် တာပါ။ ပရိသတ်တွေအားလုံးကိုလဲ အဲဒီအတွက် အရမ်းကိုတောင်းပန်ပါ တယ်။ ရွှေမှုံက ဒီလောက်ထိမဖြစ် လောက်ဘူး ထင်ပြီးတော့ စပြီးပြော လိုက်တာ။ နောက်ဆိုရင်အဲဒီလို စကားမျိုးရွှေမှုံဘက်က မဟုတ်ဘဲနဲ့ မပြောတော့ပါဘူး။ ရွှေမှုံကိုအားပေး ကြတဲ့သူတွေကိုလဲ ရွှေမှုံက ကျေးဇူး တင်ပါတယ်။ အခုချိန်မှာ ရွှေမှုံအိမ် ထောင်ပြုဖို့ စိတ်ကူးလုံးဝမရှိသေးပါ ဘူး။ အခုရွှေမှုံက အသက်တောင် မပြည့်သေးပါဘူး။ မိဘကိုလုပ်ကျွေး ခွင့်ရတဲ့အချိန်မှာ အပြည့်အဝလုပ် ကျွေးချင်ပါသေးတယ်။ အဲဒီအတွက် ရွှေမှုံ အသက်ငယ်ငယ်လေးနဲ့အိမ် ထောင်မပြုပါဘူး။ အခုရွှေမှုံအသက် က ၁၆နှစ်ပဲရှိပါသေးတယ်။ အဲဒီလို ပြောလိုက်တဲ့အတွက် ရွှေမှုံ့ကိုမေမေ ကလဲ အရမ်းကိုဆူပါတယ်။ ကလေး ဖြစ်ပြီးတော့စကားကို အဲဒီလောက် လွယ်လွယ်ပြောရလားဆိုပြီးတော့ ဆူတယ်။ ရွှေမှုံကအိမ်မှာလဲ အဲဒီလို ပဲ တစ်ယောက်ယောက်ကိုမှ မစရရင် ဖုန်းဆက်ပြီးတော့ကို လှမ်းစတာ။ အစအနောက်သန်တဲ့အတွက် အခု လိုဖြစ်သွားတာပါ။ ရွှေမှုံအခု လော လောဆယ် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားရိုက်နေပါတယ်။ ရွှေမှုံအ ကယ်ဒမီပေးပွဲမှာ အနက်ရောင်ဝတ် ဖြစ်မယ်။ ဒီဇိုင်နာမျိုးမင်းစိုးကတော့ ဒီဇိုင်းဖန်တီးပေးမှာပါ။ ဘယ်သူ့ကို အကယ်ဒမီရစေချင်လဲ ဆိုတော့ ဘယ်သူပဲ ရရ ရွှေမှုံကတော့ ပျော်ပါတယ်''

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
Yangon Media Group

0 comments:

Post a Comment