Tuesday, December 23, 2014

KIA ၏ အတ္တလောဘကြောင့် ကချင်လူမျိုးနှင့် ကချင်ပြည်နယ် သင်းကွဲအပယ်ခံဖြစ်တော့မှာလား

မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေကို ကျွန်တော်သိသလောက်ပြောရမည်ဆိုလျှင် အလုံးစုံငြိမ်းချမ်းရေး မဟုတ်လျှင် တောင်မှအတော်အသင့် ငြိမ်းချမ်းနေပြီဟုဆိုနိုင်ပါတယ်။ ယခင်က သေနတ်သံ၊ဗုံးသံများ ဖုံးလွှမ်းနေခဲ့ရတဲ့ မြန်မာပြည် အနှံ့အပြားက ပြည်နယ်ဒေသတွေဟာဆိုရင် ထိုဒေသတွေမှာရှိတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ခေါင်းဆောင် ပီသသောလုပ်ဆောင်ချက်များ၊ ငြိမ်းချမ်းရေးလိုလားသော လုပ်ဆောင်ချက်များကြောင့် ယခုဆိုလျှင် မြန်မာပြည်ရဲ့ ပြည်နယ်ဒေသတော်တော်များများမှာ သေနတ်သံတွေ ဆိတ်သုန်းလို့ တိုင်းရင်းသားတွေ ပြုံးပျော်နေကြပါပြီ။ကျွန်တော်တို့ကချင်ပြည်နယ်ဆိုတာ မြန်မာပြည်မှာ သယံဇာတအများဆုံးထွက်ရှိတဲ့ဒေသဖြစ်ပါတယ်။ ကျွန်းသစ်တော များ၊ ကျောက်စိမ်းတွင်းများ ပေါကြွယ်ဝလွန်းလှပြီး ရွှေကြောများလည်း တည်ရှိတဲ့ဒေသဖြစ်ပါတယ်။ ဒီလောက်သယံ ဇာတပေါများပြီး သူများဒေသတွေလောက် ဖွံ့ဖြိုးမှုမရှိဘဲ နောက်ကျကျန်ခဲ့တာဟာ ဘာကြောင့်လဲလို့မေးရင်တော့ မငြိမ်းချမ်းလို့ပါဟု ကချင်လူမျိုးအားလုံးက ၀ိုင်းဝန်းဖြေကြားကြမှာဖြစ်ပါတယ်။ ဘာကြောင့်မငြိမ်းချမ်းသလဲ လို့မေးလာ ရင်တော့ KIA ကြောင့်ပါဟု ကချင်လူမျိုးများကိုယ်စား လက်ညှိုးငေါက်ငေါက်ထိုး၍ စွပ်စွဲလိုက်ချင်ပါတယ်။

ယခင်က KIA ပြောတဲ့ ကချင်ပြည်နယ်တိုးတက်ကောင်းစားရေး၊ တိုင်းရင်းသားတန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ ၀ါဒမှိုင်း အောက်မှာ ကျွန်တော်တို့ ကချင်လူမျိုးတွေ အားလုံးအယုံသွင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် အသိဥာဏ်ရှိသူများဖြစ်ကြပါတယ်။ KIA ရဲ့ လုပ်ရပ်တွေဟာ ကချင်လူမျိုးကို ကိုယ်စားမပြု ဘူး၊ ကချင်ပြည်နယ်ကို ကိုယ်စားမပြုဘူးဆိုတာ တဖြည်းဖြည်းနားလည်လာပါတယ်။

လိုင်ဇာမြို့မှာနေထိုင်တဲ့ ကျွန်တော်တို့ မောင်နှမတွေ ညီအစ်ကိုတွေဟာ ယခုဆိုရင် အားလုံးနဲ့ အဆက်သွယ်ဖြတ် ခံထားရပါတယ်။ ကမ္ဘာကြီးမှာဘာတွေဖြစ်ပျက်နေပြီလဲ၊ မြန်မာပြည်မှာဘာတွေ ဖြစ်နေသလဲဆိုတာကိုတောင်သိခွင့် မရပါဘူး၊ ရုပ်မြင်သံကြားကြည့်ခွင့်မရ၊ သတင်းစာဖတ်ခွင့်မရှိ၊ ဂျာနယ်ဖတ်ခွင့်မရှိ၊ ဥပဒေမရှိ၊ အခွင့်အရေးမရှိဘဲ၊ KIA မျက်နှာကြည့်ပြီးနေနေရတာဟာ လူ့အခွင့်အရေးလား၊ တိုင်းရင်းသားတန်းတူအခွင့်အရေးလား ကချင်လူမျိုးတိုးတက် ကောင်းစားရေး အတွက်လားလို့မေးချင်ပါတယ်။

ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလို့ ကြွေးကြော်နေတဲ့ KIA ဟာ ကချင်ပြည်နယ်မှာ ဗုံးထောင်၊ မိုင်းခွဲ၊ ကချင်ပြည်နယ် က ကားလမ်းရထားလမ်းတွေကို ဖျက်ဆီးဖြိုခွဲနေတာဟာလည်း အပြောနဲ့အလုပ်မညီလှပါဘူး။ ကချင်လူမျိုး မှန်ရင် KIA ထဲဝင်ရမယ်လို့ တစ်ဖတ်သတ်အမိန့်တွေထုတ်၊ ရွာတွေမှာ တစ်အိမ်ထောင်တစ်ယောက် လူသစ်စုပြီး ကချင်ပြည်သူ တွေကို စစ်အတွင်းသို့ အတင်းသွတ်သွင်းနေတာကရော လူ့အခွင့်အရေးနဲ့ညီပါရဲ့လား။ KIA ရဲ့ အတင်းအဓမ္မ လူသစ်စု မှုတွေဟာ ခုဆိုရင် အမျိုးသားလူငယ်တွေသာမက သက်ကြီးရွယ်အိုတွေ မိန်းခလေးတွေကိုပါ စစ်အတွင်းကို အတင်း ၀င်ရောက်စေမှု တွေဖြစ်နေပါပြီ။ ကချင်လူမျိုးတွေဟာ မိကွဲဖကွဲနဲ့ KIA ရဲ့ ဥပဒေမရှိသော တစ်ဖတ်သတ်အမိန့်တွေ အောက်မှာ နုံခြာစုတ်ပြတ်နေခဲ့ရပါပြီ။

ဝမ်ပေါင်နိုင်ငံတော်ဆိုတာကလည်း ဘယ်ကချင်လူမျိုးကမှ ဆန္ဒပြုခဲ့တာမဟုတ်ပါဘူး။ KIA ရဲ့လောဘအတ္တကြောင့် ကချင်လူမျိုးကို ခုတုံးလုပ်ပြီး ကြွေးကြော်ထားတဲ့အမည်သာဖြစ်ပါတယ်။ ကချင်လူမျိုးတွေဟာ စည်းစည်းလုံးလုံး အေးအေး ချမ်းချမ်းနဲ့ မြန်မာပြည်ကြီးမှာ ဥမကွဲသိုက်မပျက်နေချင်ကြသူတွေသာဖြစ်ပါတယ်။ KIA ဟာ ကချင်လူမျိုး တွေကို သာမကဘဲ ကချင်ပြည်နယ်က ရှမ်းလူမျိုးတွေကိုပါ အတင်းအဓမ္မလူသစ်တွေ စုဆောင်းနေတာကြောင့် အရင်က ရှမ်းလူမျိုးတွေနဲ့ ချစ်ချစ်ခင်ခင်နေထိုင်လာကြတဲ့ ကျွန်တော်တို့ကချင်လူမျိုးတွေဟာ ရှမ်းတွေကို မျက်နှာမပြရဲလောက် အောင်ဖြစ်နေရပါပြီ။

ကချင်မှာရှိတဲ့ ကျောက်စိမ်းတွင်းတွေ ကျွန်းသစ်တွေ ရွှေကြောတွေဟာလည်း KIA ရဲ့လက်ဝါးကြီးအုပ်မှုအောက်ကို သာရောက်နေပြီး ကချင်ပြည်သူတွေကတော့ မငြိမ်းချမ်းမှုအောက်မှာ ဒုက္ခတွေခံစားနေရ တုန်းပါဘဲ။ KIA ခေါင်းဆောင် တွေဟာ တရုတ်ပြည်မှာ ခြံတွေဝယ်၊ တိုက်တွေဆောက်၊ ကားတွေစီး၊ အမျိုးသမီးငယ်လေးတွေနဲ့ပျော်ပါးပြီး ငွေကို ရေလိုသုံးနေချိန်မှာတော့ ကျွန်တော်တို့ ကချင်ပြည်သူတွေကတော့ ဒုက္ခသည်စခန်းတွေမှာ ဒုက္ခမျိုးစုံနဲ့ရင်ဆိုင်နေရပါ တယ်။ ဒါတွေအားလုံးဟာ ငြိမ်းချမ်းမှုမရှိလို့ပါဘဲ။

KIA အနေနဲ့ ကချင်ပြည်နယ်ကို အမှန်တကယ်တိုးတက်စေချင်ရင်၊ ကချင်လူမျိုးကိုကောင်းစားစေချင်ရင်၊ ကချင်လူမျိုး အားလုံးကို အမှန်တကယ်ကိုယ်စားပြုတယ်ဆိုရင် ပြည်သူတွေမျက်နှာကိုထောက်ပြီး ငြိမ်းချမ်းရေးကို ကြိုးပမ်းစေချင် ပါတယ်။ ဒါပေမယ့် ထင်သလိုမဖြစ်လာဘဲ စစ်အင်အားတိုးချဲ့ဖို့နဲ့ ၄င်းတို့အာဏာတည်တံ့ရေးကိုသာ လုပ်နေကြ သောကြောင့် ကချင်လူမျိုးတွေဟာ KIA ကိုရွံကြောက်ဖြစ်နေကြပါပြီ။ အခုဆိုရင် KIA အနေနဲ့ မွတ်စလင်ကုလားတွေ ကိုပါ ကချင်ပြည်နယ်ထဲ ဆွဲခေါ်ပြီး သူတို့ရဲ့စစ်အင်အားကိုတိုးမြှင့်ဖို့လုပ်နေတာဟာ ကြောက်ရွံ့ဖို့ကောင်းနေပါပြီ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာလည်း အကြောင်းအမျိုးမျိုးပြပြီး မဖြစ်နိုင်တဲ့တောင်းဆိုမှုတွေနဲ့ ကန့်လန့်တိုက်လုပ် ဆောင်နေခြင်းများဟာလည်း ကချင်လူမျိုးအားလုံးအတွက် ရွှေပြည်တော်မျှော်တိုင်းဝေး ဘ၀ကိုရောက်နေကြရပါတယ်။

ယခုဆိုရင် ယခင်က သေနတ်သံလွှမ်းခဲ့တဲ့ ကရင်ပြည်နယ်ဟာဆိုရင် တစ်ရှိန်ထိုးဖွံ့ဖြိုးလာပါပြီ။ ဇွဲကပင်တောင်မှာ မိုးပျံ ရထားတွေဆင်ဖို့လုပ်နေကြပြီ။ ကျောင်းတွေ တက္ကသိုလ်တွေဟာ ကရင်ပြည်နယ်အနှံ့အပြားမှာ ဖွင့်လှစ်လာကြပြီး ကရင် လူမျိုးတွေပျော်ရွှင်နေကြပြီ။ မွန်ပြည်နယ်မှာလည်း တံတားတွေ လမ်းတွေဖောက်၊ ဘုရားတွေ ကျောင်းတွေဆောက်လို့ မွန်လူမျိုးတွေ တိုးတက်နေကြပြီ။ အနိမ့်ကျဆုံးလို့ပြောတဲ့ ချင်းပြည်နယ်မှာတောင် ဆေးရုံသစ်၊ တက္ကသိုလ်သစ် တွေနဲ့ ဖွံ့ဖြိုးနေပါပြီ။ ဒါတွေအားလုံးဟာ သူတို့ခေါင်းဆောင်တွေရဲ့ စစ်မှန်တဲ့စေတနာတွေနဲ့ ပြည်နယ်ဒေသကို ငြိမ်းချမ်းရေး နှင့်အတူ ဖွံ့ဖြိုးမှုကို တည်ဆောက်ခဲ့တဲ့ ရလာဒ်ဆိုရင် မမှားပါဘူး။

ကျွန်တော်တို့ကချင်လူမျိုးတွေကတော့ KIA ရဲ့ အတ္တ၊လောဘတွေကြောင့် ငြိမ်းချမ်းရေးဘယ်ဆီမှန်းမသိဘဲ ကျီးလန့် စာစား ဘ၀ရောက်နေရပါပြီ။ သယံဇာတပေါကြွယ်ဝသော်လည်း ကချင်ပြည်သူအတွက်မဟုတ်ဘဲ လူတစ်စုအတွက်သာ လုပ်ဆောင်နေမှုများကြောင့် ကချင်ပြည်နယ်နဲ့ ကချင်လူမျိုးဟာ အပယ်ခံသင်းကွဲဘ၀ကို ရောက်မှန်းမသိရောက်နေရ ပြီဖြစ်ကြောင်း ခံစားရေးသားအပ်ပါတယ်။

ဘရန်ဆိုင်း ( ဗန်းမော်)
Today Myanmar

0 comments:

Post a Comment