Wednesday, December 17, 2014

သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုခံရသော NLD ပါတီ ဗဟို ပြန်ကြားရေးကော်မတီဝင် ဟောင်း ထင်လင်းဦးက ပါတီက ခိုင်း၍ ပြောရခြင်း ဖြစ်ပြီး ကျေးဇူးရှင်ကို စော်ကားသည် ဟု NLD ပါတီကို ပြောပြီ


အောက်တိုဘာလ ၂၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ သုံးပန်လှရွာတွင် ဒေသခံ NLD ပါတီက ကမကထ လုပ်သော ဟောပြောပွဲတစ်ခုတွင် ဟောပြောခဲ့ရာ၌ ဗုဒ္ဓဘာသာ ရဟန်းတော် များ အား မိုက်မိုက်ရိုင်းရိုင်း ထိပါးစော်ကားခဲ့ခြင်းကြောင့် သာသနာတော်ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆို ထားခြင်းခံရသော NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီဝင်ဟောင်း ဦးထင်လင်းဦး၏ အာမခံ လျှောက်ထားမှုကို ချောင်းဦးမြို့နယ် တရားသူကြီးက ပယ်ချလိုက်ပြီးနောက် NLD ပါတီသည် ၄င်းတို့ကိုယ်တိုင် စေခိုင်းပြီးမှ ကျေးဇူးရှင်ကို စော်ကားခြင်း ဖြစ်သည် ဟု ဦးထင်လင်းဦးက ထုတ်ဖော်ပြောကြားလိုက်ကြောင်း သတင်းရရှိသည်။ထင်လင်းဦးသည်”ဒို့က သာကီမျိုး လို့ သင်္ကန်းပတ်လာတဲ့လူကြီးက ပြောလာရင် မင်းနဲ့ ငါ ဆံပင် ရှိတာနဲ့ မရှိတာပဲ ကွာတယ် ဟကောင်ရဲ့ လို့ ပြောလိုက်မယ်” ၊ “လူတွေက ကတုံး တုံးပြီး သင်္ကန်းပတ်လာရင် ဖင်ကုန်းပြီး ဦးချတော့တာပဲ”၊ “ဗုဒ္ဓဘာသာကို သင်္ကန်းဝတ်တွေ ဖျက်ဆီးနေတာ” စသည်ဖြင့် ဗုဒ္ဓဘာသာရဟန်းတော်များအား ပုတ်ခတ်စော်ကားသည့် စကားများ ပြောကြားခဲ့သဖြင့် သာသနာတော်ညှိုးနွမ်းစေမှုဖြင့်တရားစွဲဆိုခြင်း ခံထားရသူဖြစ်သည်။

NLD ပါတီသည် ထင်လင်းဦးဟောပြောမှုမှာ ပါတီနှင့် မသက်ဆိုင်ကြောင်း ပထမထုတ်ပြန်ခဲ့ပြီး တစုံ တရာ အရေးယူခြင်း မရှိခဲ့ပဲ အမျိုး ဘာသာ သာသနာကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ သံဃာများက ဖိအားပေးသဖြင့် ထင်လင်းဦးအား NLD ဗဟို ပြန်ကြားရေးကော်မတီဝင် အဖြစ် ထုတ်ပယ်ခဲ့သည်။

ထိုသို့ ထုတ်ပယ်ခြင်းခံခဲ့ရပြီးနောက် NLD ပါတီ ဗဟိုနာယက ဦးတင်ဦးက ထင်လင်းဦးကိစ္စမှာ ကြီးကျယ်လှသော ကိစ္စ ဖြစ်၍ ပါတီအနေဖြင့် တိုက်ရိုက် ပါဝင်ပေးမည် မဟုတ်ကြောင်း၊ သို့သော်လည်း ပါတီ ဥပဒေအထောက်အကူပြု အဖွဲ့မှ ရှေ့နေရှေ့ရပ် ငှားရမ်းခြင်း၊ တရားရုံးစရိတ်ကျခံခြင်း၊ ဥပဒေဆိုင်ရာ အကူအညီများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

ချောင်းဦးတရားရုံးမှ အာမခံ ပယ်ချခြင်းခံရပြီးနောက် ကာယကံရှင် ဦးထင်လင်းဦးက ထင်လင်းဦး (Wisdom Villa) ဆိုသည်မှာ မူလကတည်းက မိမိ ဘာသာ ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း၊ NLD ပါတီ၏ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး စည်းရုံးဟောပြောပွဲများ တွင် ၈၈ မျိုးဆက်များနှင့်အတူ နိုင်ငံအနှံ့ သွားလာခဲ့ သော်လည်း ယခုကဲ့သို့ ခွေးသေ၀က်သေ ပစ်ထားရက် သည်ကို နာကျည်းမိကြောင်း၊ NLD ပါတီသည် ကျေးဇူးရှင်ကို ကျေးစွပ်လိုက်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ပါတီက တာဝန်ပေးလို့ ပုဒ်မ ၄၃၆ ဟောပြောပွဲတွေမှာ ကိုယ့်စရိတ်ကိုယ်စားပြီး ဟောပြောခဲ့တယ်။ အခါအခွင့် သင့်ရင် ၉၆၉ တွေကို တွယ်ပစ်လိုက် ဆိုပြီး ပါတီက ညွှန်ကြားတယ်။ ပြည်သူတွေ သဘောထား ပြောင်းသွားအောင် ဘုရားဟော ကျမ်းဓမ္မတွေနဲ့ ပိုင်ပိုင်နိုင်နိုင် ရှင်းပြလိုက် ဆိုပြီး သူတို့ပဲ ပြောတယ်။ ပါတီက ခိုင်းလို့ ပြောရတယ်။ ဖြစ်လည်းလာရော ပါတီက ခေါင်းရှောင်တယ်။ ဒါဟာ ကျေးဇူးရှင်ကို စော်ကားတာ၊ ကျေးစွပ်တာပဲ ဖြစ်တယ်” ဟု ထင်လင်းဦးက ထုတ်ဖော်ပြောကြား ခဲ့ကြောင်း သိရှိရသည်။

ချောင်းဦးမြို့နယ် တရားရုံး၌ ထွက်ဆိုရာတွင်လည်း ပါတီက ခိုင်းစေ၍ လုပ်ရခြင်း ဖြစ်သည်ကို တရားဝင် ထွက်ဆိုသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်သူ့အာဏာ

0 comments:

Post a Comment