Monday, December 22, 2014

၅ ရက်အတွင်း ကိုယ်အလေးချိန် (၆) ပေါင်ကနေအထက် လျော့ချနိုင်မယ့် နည်းလမ်း



ကိုယ်အလေးချိန်တက်လာလို့ ၀ိတ်ချဖို့ လိုအပ်လာပြီဆိုရင် ဒီအချက်က သင်ကို အကူအညီပေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီနည်းက ကျသွားတဲ့အလေးချိန်ကို နောက်ပိုင်းပြန်ရဖို့ အာမခံချက်တော့ ပေးမထားပါဘူး။ အဲဒီအချက်ကို ကြိုတင်ကာကွယ်ဖို့ရန်အတွက် နေ့စဉ်ပုံမှန်စားနေကျ အစားအစာတွေ ပြောင်းဖို့လိုအပ်ပါလိမ့်မယ်။လိုအပ်တဲ့အရာတွေကတော့ သံပုရာသီး (၁) လုံး ၊တရုတ်နံနံပင် (၁) ပင် ၊ ရေ (၁) ခွက် ပဲဖြစ်ပါတယ်။

ဖော်စပ်နည်းတွေကတော့ တရုတ်နံနံပင်ကို စိတ်စိတ်လေးဖြစ်အောင် ခုတ်ဖြတ်ပါ။ ( လိုအပ်ပါက သစ်သီးညှစ်စက်/ဖျော်စက် သုံးပါ) နောက်ပြီး သံပုရာသီးကို အရည်ညှစ်ပါ။ အဲဒီနှစ်ခုကို ဖန်ခွက်တစ်ခုထဲ အတူရောထည့်ပါ။ ဒါဆိုရင် အသင့်သောက်သုံးနိုင်ပါပြီ။ သောက်ပုံသောက်နည်းကတော့ ဒီပျော်ရည်ကို မနက်စောစော အစာအိမ်ဗလာဖြစ်နေချိန်မှာ သောက်ပေးရမှာပါ။ (၅) ရက်ဆက်တိုက်သောက်ပေးပါ။ အဲဒီအတိုင်းသောက်ပြီးရင် (၁၀) ရက်နားပါ။ ဒီလိုသောက်ခြင်းအားဖြင့် အဆီကျစေပြီး ခန္ဓာကိုယ်ကို ဗင်တာမင်နဲ့ သတ္တုဓာတ်တွေနဲ့ ဖြည့်တင်းလာစေမှာဖြစ်ပါတယ်။ Parsley က အစာချေမှုလုပ်ငန်းကို တိုးတက်ကောင်းမွန်လာစေမှာဖြစ်ပြီး ခန္ဓာကိုယ်အတွင်း မလိုအပ်တဲ့ အကျိချွဲတွေကိုလည်း ရှင်းလင်းပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် (၅)ရက် အတွင်းမှာ (၆) ပေါင်ကနေ (၆)ပေါင်အထက်ကို သင်လျော့ချနိုင်ပါပြီ။

Source:naturalhealthcareforyou.com

Trend Myanmar

0 comments:

Post a Comment