Tuesday, December 23, 2014

တိုက်ပွဲများဖြစ်ပွားမှု တပ်မတော်နှင့် ဦးအောင်မင်း ဆွေးနွေးမည်

လက်ရှိဖြစ် ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ အစိုးရ တပ်မတော်၏ သဘော ထားကို သိပြီးမှသာ ၇ ကြိမ်မြောက် အပစ် ရပ်ဆွေးနွေး ပွဲလုပ်၊ မလုပ် ဆုံးဖြတ်မည်ဟု NCCT အဖွဲ့ဝင် ဦးခွန်ဥက္ကာက ပြောသည်။



ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာတွင်ပြုလုပ်သည့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ မြင်ကွင်းကို တွေ့ရစဉ်။ ဓာတ်ပုံ-ငြိမ်သစ်ညီ

“၀န်ကြီးဦးအောင်မင်း တို့ကိုယ်တိုင် တပ်ကိုဆွေးနွေးမယ်။ ပြီးရင်ချက်ချင်း အကြောင်းပြန်မယ်။ အဲဒီသဘောထားရှိတယ်။ အဲဒီသဘော ထားကိုရပြီး ရင်နောက် လအလယ်မှာ တရားဝင် ခုနှစ်ကြိမ်မြောက် ဆွေး နွေးပွဲ ပြန်စမယ်။ တပ်က ဘာမှမပြန်ရင် မစသေးဘူးပေါ့” ဟု ပြောသည်။နိုဝင်ဘာလ ၁၉ ရက်က KIO/KIA ဗိုလ်သင် တန်းကျောင်းသို့ တပ်မတော်၏ လက်နက်ကြီး ကျည်ကျရောက် မှု၊ နိုဝင်ဘာလ အတွင်းက ရှမ်းပြည် နယ်မြောက် ပိုင်းဒေသ များတွင် တိုက်ပွဲများ ဖြစ်ပွား မှုနှင့် ဒီဇင်ဘာ ၁၉ ရက် KIA ၏ တပ်မဟာ (၅) လက်အောက်ခံ ရှေ့တန်းစခန်း တစ်ခုသို့ အစိုရက လာရောက် ပစ်ခတ် မှုတို့ ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၁၉ ရက်က ကေအိုင်အေ၏ တပ်မဟာ(၅) လက်အောက်ခံ အောက်ဆား ကျွန်းကျေး ရွာအနီးရှိ KIA ရှေ့တန်းတပ် စခန်း တစ်ခုတွင် လည်း တိုက်ပွဲဖြစ်ခဲ့သည်။

ထို့ပြင် ရှမ်းပြည် မြောက်ပိုင်းရှိ တအာင်းအဖွဲ့၊ KIO/KIA တပ်မဟာ(၄)နှင့် ကိုးကန့် တပ်ပေါင်းစု များနှင့် အစိုးရ တပ်တို့ ဒီဇင်ဘာ ၈ ရက်က ကျောက်မဲမြို့နယ် အတွင်း၌ လည်းကောင်း၊ ဒီဇင်ဘာ ၁၀ ရက်က ကွတ် ခိုင်မြို့နယ် တာမိုးညဲ၌ လည်းကောင်း အစိုးရတပ်မ(၇၇) လက်အောက် ခံတပ်ရင်းများနှင့် တိုက်ပွဲဖြစ်ပွား ခဲ့ကြသည်။

ဒီဇင်ဘာ ၁၃ ရက်က တပ်မ(၇၇) လက်အောက်ခံ တပ်နှင့်ရှမ်းမြောက်ပိုင်း၊ ကျောက်မဲမြို့ နယ် နှင့် သီပေါမြို့နယ်အစပ်၌ လည်းကောင်း ဒီဇင်ဘာ ၁၄ ရက်က မိုင်းပန်မြို့နယ်၌ ခမရ (၃၃၂)တပ်နှင့် ရှမ်း ပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့အကြား လည်းကောင်း တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက် ကိုင်များ၏ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင် ရာညှိနှိုင်းရေး အဖွဲ့ (NCCT)တို့သည် ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် နည်းပညာ ဆိုင်ရာ လုပ်ငန်း အဖွဲ့ဆွေးနွေးပွဲကို မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန် လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာန (MPC)တို့တွင် ပြုလုပ် လျက်ရှိသည်။

ထို နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ဆွေးနွေးပွဲတွင် NCCT ဘက်က တင်ပြဆွေးနွေးခဲ့သည့် ကိစ္စရပ်များ အနက် ညှိနှိုင်းရန်ကျန် ရှိနေသေးသည့် ခုနစ်ကြိမ် မြောက်အပစ် ရပ်ဆွေးနွေး ပွဲကို ကျင်းပမည့်နေရာ နှင့်လိုင်ဇာတွင်ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်၍ ဆွေးနွေးပွဲပြု လုပ်ရန်စသည့် အချက်နှစ် ချက်ကျန် ရှိနေသည်။

ခုနစ်ကြိမ်မြောက် ဆွေးနွေးပွဲကို NCCT ဘက်က မြစ်ကြီးနားမြို့တွင် ပြုလုပ်ရန် တင်ပြထားပြီး UPWC ဘက်က ရန်ကုန်တွင် ပြုလုပ်ရန် ဆန္ဒ ရှိနေခြင်းဖြစ် သည်။

ယင်းအပြင် နည်းပညာ ဆိုင်ရာလုပ်ငန်း အဖွဲ့ဆွေးနွေးပွဲမှ ရရှိလာသည့် ရလဒ်များကို NCCT အဖွဲ့ဝင်များ ထံသို့ ဒီဇင်ဘာ ၂၆ ရက်တွင် တင်ပြဆွေးနွေး မည်ဖြစ် သည်ဟု ဦးခွန်ဥက္ကာက ပြောသည်။

UPWC ၏ အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ကျွန်တော်တို့ အချက်အားလုံးကို ဆွေးနွေးပြီးပြီ။ အဓိက ညှိဖို့က သုံးချက်လောက်ပဲ ကျန်တော့ပြီး ကျန်တာ အားလုံး ဆွေးနွေးပြီးပါပြီ။ အဲ့ဒီအတွက် ၀န်ကြီးဦးအောင် မင်းတို့ဘက်က ပြည်ထောင်စု ငြိမ်းချမ်ရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဗဟိုကို တင်ပြမယ်” ဟုပြော သည်။

ဒီဇင်ဘာ ၂၂ ရက်နှင့် ၂၃ ရက် ဆွေးနွေး ပွဲအပြီးတွင် အချက် ငါးချက် ပါသည့် သတင်းထုတ်ပြန်ချက်ကို NCCT နှင့် UPWC တို့ ပူးတွဲ ထုတ်ပြန် ခဲ့သည်။ယင်း ထုတ်ပြန်ချက်တွင် နှစ်ဖက်ကိုယ် စားလှယ်များသည် ယခင်ဆွေးနွေးပွဲများတွင် သဘောတူညီရန် ကျန် ရှိနေသေးသည့် အချက်များ ကိုရင်းနှီး ပွင့်လင်း စွာဖြင့်ဆွေးနွေး ညှိနှိုင်း ကြပြီး နှစ်ဖက်စလုံးက လက်ခံနိုင်မည့် အချက်များကို အဆိုပြုခဲ့ကြသည်။

ဆွေးနွေးပွဲမှ ညှိနှိုင်းရရှိထားသော အချက်များကို သက်ဆိုင်ရာခေါင်းဆောင်များထံ သို့ ပြန်လည်တင်ပြပြီး အတည်ပြုချက်များ ရယူကြမည်ဖြစ် သည်ဟုဖော်ပြ ထားသည်။

ယင်းအပြင် နှစ်ဖက်ယုံကြည်မှု တည်ဆောက်ပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အပေါ် ဆွေးနွေးညှိနှိုင်းနေစဉ်ကာလအတွင်း မလိုလားအပ်သော ကိစ္စရပ်များ ထပ်မံမပေါ်ပေါက်ရေး အတွက် ပူးတွဲဖြေရှင်း ဆောင်ရွက်သွားကြရန် သဘောတူကြောင်း ထုတ်ပြန်သည်။


Mizzima

0 comments:

Post a Comment