Tuesday, December 23, 2014

မြောက်ကိုးရီးယားအာဏာရှင်ကို သရော်ထားသည့်ဇာတ်ကား အမေရိကန်တွင် ပြသ

မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို သရော်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုက လွတ်လပ်တဲ့ ရုပ်ရှင်ရုံတချို့မှာ စတင်ပြသနေတယ်။


ဒီဇာတ်ကားကို ခရစ္စမတ်နေ့မှာ စတင်ဖြန့်ဖြူးဖို့ အစီအစဉ်ဟာ ဆိုက်ဘာ တိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်မှုတွေကြောင့် ပယ်ဖျက်လိုက်ရပြီး တချို့ရုပ်ရှင်တွေမှာသာ ပြသသွားမယ်လို့ ဆိုနီကုမ္ပဏီက ပြောပါတယ်။ဆိုနီဥက္ကဋ္ဌ မိုက်ကယ်လင်တွန်ကတော့ ဒီဟာသဇာတ်ကားကို ပြသနိုင်ဖို့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ပြောပါတယ်။

အတ္တလန်တာနဲ့ အော်စတင်မြို့မှာတော့ စတင်ပြသနေပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၂၄ ရက်က ဆိုင်ဘာ တိုက်ခိုက်ခံခဲ့ရတဲ့အတွက် မြောက်ကိုးရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို အမေရိကန် ဗဟို ထောက်လှမ်းရေးအေဂျင်စီက လုပ်ကြံတဲ့ အကြောင်းကို သရော် ရိုက်ကူးထားတဲ့ အင်တာဗျူးလို့ အမည်ပေးထားတဲ့ ဇာတ်ကားကို ဖြန်ချိဖို့ အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။

ဆိုနီရဲ့ ဒီလုပ်ဆောင်ချက်ကို အိမ်ဖြူတော်က ကြိုဆိုလိုက်ပြီး သမ္မတ အိုဘားမားကလည်း ထောက်ခံတယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။

ဒီဇာတ်ကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ စိရိုဂျင်က ဆိုနီက အရှုံးမပေးသလို လွတ်လပ်မှုက လွှမ်းမိုးလာပြီလို့ လူမှုကွန်ရက်စာမျက်နှာဖြစ်တဲ့ တွစ်တာမှာ ရေးပါတယ်။

အစောပိုင်းက ဆိုင်ဘာတိုက်ခိုက်မှုနဲ့ ရုပ်ရှင်တွေကို ခြိမ်းခြောက်မှုတွေကြောင့် ဆိုနီက ဒီဇာတ်ကားထုတ်လုပ်မှုကို ပယ်ဖျက်ဖို့ ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ကို ရုပ်ရှင်မြို့တော် ဟောလီးဝုဒ်မှာ ဝေဖန်ခံခဲ့ရပြီး ဒါဟာ လွတ်လပ်စွာ ဖော်ထုတ်ခွင့်ကို တိုက်ခိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

DVB

0 comments:

Post a Comment