Wednesday, December 31, 2014

ဖိလစ်ပိုင်တွင် ရုတ်တရက် ရေကြီးမြေပြို၍ ၅၃ ဦးထက်မနည်း သေဆုံး


ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် ရုတ်တရက်ရေကြီး မြေပြိုမှုများ ဖြစ်ပွားခဲ့၍ သေဆုံးသူ ၅၃ ဦးထက်မနည်း ရှိသွားပြီ ဖြစ်ကြောင်း အမျိုးသဘာဝဘေးအန္တရာယ်ဆိုင်ရာ အေဂျင်စီက ထုတ်ပြန်လိုက်သည်။အခြား အိမ်နီးချင်းနိုင်ငံများ အပါအ၀င် ဗီယက်နမ်တွင်ပါ ရက်အတန်ကြာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်တွင် ယခုလို့ ရေကြီးမြေပြိုမှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

အပူပိုင်းမုန်တိုင်း ဂျန်မီ ယမန်နေ့က တိုက်ခတ်ခဲ့၍ ဆာရီဂိုဒယ်လ်စာ၊ ဘိုဟိုလ်နှင့် ဆီဘူတို့မှ လူပေါင်း ၈၆၀၀ ကျော် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ ထို့နောက် မုန်တိုင်းမှာ အားလျော့သွားခဲ့သည်။

ဖိလစ်ပိုင်တွင် ယခုလအတွင်း၌ပင် တိုက်ခတ်ခဲ့သော အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ဟာဂူပစ်ကြောင့် လူပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ၁ သန်းကျော် မုန်တိုင်းဒဏ်ခံအဆောက်အအုံများတွင်း ၀င်ရောက်ခိုလှုံခဲ့ရကာ သဘာဝဘေးဆိုင်ရာ ကမ္ဘာ့အကြီးမားဆုံး ရွှေ့ပြောင်းခိုလှုံဖြစ်သည်ဟု ကုလသမဂ္ဂအေဂျင်စီတစ်ခုက ဆိုခဲ့သည်။

ကျော်လင်းထွန်း
__Ref: Thomson Reuters
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment