Sunday, December 28, 2014

အကယ်ဒမီစင်မြင့်ပေါ်တွင် ပြောခွင့်မရသည့် စန္ဒရား တင်ဝင်းလှိုင်၏ ရင်တွင်းစကားများ

၂၀၁၃ ခုနှစ် အကယ်ဒမီဆုချီးမြှင့်ပွဲတွင် ကြယ်စင်မော်ကွန်းဇာတ်ကားဖြင့် တေးဂီတဆု ရရှိခဲ့သည့် စန္ဒရား တင်ဝင်းလှိုင်က ၎င်းရရှိခဲ့သည့် ဇာတ်ကားနှင့်ပတ်သက်ပြီး စင်မြင့်ပေါ်တွင် ကျေးဇူးတင်စကား ပြောကြားရာတွင် ပြောစကား များပြားလာခြင်းနှင့်အတူ နိုင်ငံရေးဆန်သည့် ပြောစကားများကြောင့် ပရိသတ်များ၏ စိတ်ဝင်စားခြင်း ခံရသည်။


ယင်းအပြင် ဇာတ်ပို့သရုပ်ဆောင် ဇော်ဇော်အောင်က ၎င်းကို ရေသန့်ဘူး တက်ပေးပြီးနောက် စကားကို ပြီးဆုံးသည်အထိ ပြောခွင့်မရခဲ့ဘဲ စကားဆက် ဖြတ်ခံခဲ့ရသည်။ အစီအစဉ် တင်ဆက်သူ ရန်အောင်နှင့် တင်မိုးလွင်တို့ကလည်း ဝင်ရောက် ထိန်းပေးခဲ့သည်။ စကားဆက် ဖြတ်ခံရ ရပြီးနောက် ဦးတင်ဝင်းလှိုင် ဆက်လက်ပြောလိုသည်များကို မဇ္ဈိမက မေးမြန်းထား ပါသည်။အမေး။ ။ အကယ်ဒမီစင်မြင့်ပေါ်မှာ ကျေးဇူးတင်စကား ပြောနေတုန်းမှာ အဆက်ပြတ်သွားတဲ့ စကားက ဘယ်လိုစကားမျိုးလဲ။

အဖြေ။ ။ အဲဒီလိုပြောတဲ့အချိန်မှာ ကိုဇော်ဇော်အောင်ကလည်း ၀မ်းသာအားရနဲ့ တက်လာပြီး ရေသန့်ဘူးပေးတယ်။ ပြီးတော့ သူက သရုပ်ဖော် တင်ဆက်ပုံနဲ့ က ဖြစ်သွားတာဆိုတော့ အောက်က ပရိသတ်က ဝေါခနဲ ဖြစ်သွား တယ်။ အဲဒီမှာ ကျွန်တော်ကလည်း ပြောနေရင်း ရပ်သွားတော့ အခြားတစ်မျိုး ဖြစ်သွားတာပါ။

အမေး။ ။ စကားပြောတာ ရပ်သွားတဲ့ စကားနဲ့ပတ်သက်ပြီး ပရိသတ်တွေ အထင်လွဲသွားတဲ့အပေါ် သုံးသပ်ပြောပေးပါ။

အဖြေ။ ။ ဦးပြောချင်တာက အဲဒီအချိန်မှာ ပိုက်ဆံတွေ သိမ်းဖို့နေရာ ခက်ခဲနေတဲ့ လူ၊ အဲဒီ လူက ဘယ်သူလဲဆိုတော့ ပြောမယ့်အချိန်မှာ ကိုဇော်ဇော်အောင်က စင်မြင့်ပေါ် တက်လာတယ်။ အဲဒါက ဦးအမြင်ပြောရမယ် ဆိုရင် သရော်တာတော့ မဖြစ်နိုင်ဘူး။ အမယ့်လေး အခုမှပဲ အာဇာနည် သူရဲကောင်းတက်လာပြီးတော့ ပြည်သူ တွေဘက်ကနေ ပြောနေတယ်ဆိုပြီးတော့လို့ မြင်မိတယ်။

ဒီစင်မြင့်ပေါ်မှာ အားလုံးက ကျေးဇူးတင်တယ်ပဲ ပြောနေကြတယ်။ ဦးကသာ ကံသည်သာလျှင် ကျေးဇူးရဲ့သခင်ဖြစ်တယ်။ ဦးက ကံရဲ့ကျေးဇူးကို ဗုဒ္ဓဘာသာပီပီ ယုံယုံကြည်ကြည်နဲ့ ပြောလိုက်တဲ့ အခါမှာ သူ က တက်လာတဲ့အခါမှာ မဟုတ်တာတော့ မဖြစ်နိုင်ဘူး။

သူမျှော်လင့်တဲ့ ဒီလိုကျေးဇူးတင်တဲ့ စကားတွေ ပြောလိုက်တယ်။ ဦး ပြောလိုက်တာ ဆန်းကြယ်တဲ့ စကား ဖြစ်သွားတဲ့အတွက်၊ သူက စကားပြောသွားတဲ့အတွက် ရေကြည်ဆက်ပါတယ်ဘုရားလို့ ပါးစပ်က မထွက် ရုံပါပဲ။

ရေဘူးပေးပြီးတော့ ကိုယ်ကိုအလျားလိုက်ခင်းလိုက်တာက ကျွန်တော့် ခန္ဓာကိုယ်ကို ဆက်သပါတယ် ဘုရားလို့ ပြောလိုက်တယ်လို့ ထင်ပါတယ်။ သူက ဗြုံးဒိုင်း ရောက်လာပြီးတော့ အမူအယာက ဆန်းတော့ ဦးကလည်း ပြူးပြဲပြီးတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားတာပါ။

အမေး။ ။ တင်မိုးလွင်နဲ့ ရန်လေးတို့က ဦး ကျေးဇူးတင်စကား ပြောလိုက်တဲ့ အချိန်မှာ စကားစကို ဖြတ်လိုက်သမျိုး ဖြစ်သွားတဲ့အပေါ် ဘယ်လိုမြင်မိလဲ။

အဖြေ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင်ပေါ့နော်။ အဲဒီလို ဟိုဘက်ကလိုမျိုး မတ်တတ်ရပ်လျက်ကြီးနဲ့ နှစ်ယောက်စလုံး မပြောသင့် ဘူး။ ပြောဖို့လည်း သူတို့မှာ အခွင့်အရေးမရှိဘူးလို့ ဦးပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ တို့ထက် အသက်ကြီးတဲ့ ပုဂ်္ဂိုလ်နှစ်ဦးက စင်အောက်မှာ ရှိတယ်။ အဲဒီ နှစ်ယောက် ထက်လည်း ဦးက အသက် အများကြီးကြီးတယ်။ ဦးပြောတာကလည်း အချည်းနှီးဖြစ်မယ့် စကားကို ပြောတာလည်း မဟုတ် ဘူး။ အင်မတန် မကြံကောင်း မစည်အပ်တဲ့ ကံရဲ့အကြောင်းကို ပြောတာပါ။

ဦးက နှစ်နှစ်ကာကာ လေးလေးနက်နက် ပြောနေတဲ့အချိန်မှာ သူတို့က ပေါ့ပေါ့လေးနဲ့ ဟိုဘက်ကနေ ဖျက် လိုက်သလို ဖြစ်သွားတယ်။ ဦး လွန်တယ်ဆိုရင်လည်း တစ်ယောက်ယောက်က အနားကိုကပ်လာပြီးတော့ တိုးတိုးပြောသင့်တယ်။ ပြီးတော့မှ ဆရာပြောတာလည်း လုံလောက်ပါပြီ။ ပရိသတ်တွေကလည်း ဒီ လောက်ဆို ကျေနပ်ပါပြီဆိုပြီးတော့ စကားကို အရှေ့က အရင်ခံသင့်တယ်။ အခုဟာက အတင်း စင်ပေါ် ကနေ ဖြစ်နိုင်ရင် အခုဆင်းဆိုတဲ့ သဘောမျိုး ဖြစ်နေတယ်။ ဒါကလည်း ကိုရန်လေးကို အပြစ်ပြောလို့ မရ ပါဘူး။ သူတို့ကို လှမ်းကြည့်လိုက်တဲ့အခါမှာ သူတို့ အပေါ်မှာ ဘယ်လိုအမိန့် သြဇာအာဏာတွေ ရှိနေမှန်း မသိနိုင်ဘူးလေ။

အခုဟာက ကူးပြောင်းစဖြစ်နေတယ် ဆိုတော့ ဘောင်းဘီတစ်ဝက်၊ ပုဆိုးတစ်ဝက် ဖြစ်နေတယ်။ အဲဒီတော့ ဘောင်းဘီကလည်း ကျွတ်ကျွတ်လွတ်လွတ်ကြီး မကျွတ်သေးဘူး။ ပုဆိုးကလည်း သိသိသာသာ ခါးမှာ မချည်နိုင်သေးဘူး။ ဒါကတော့ လွတ်လပ်သောနိုင်ငံမှာက ၀ီစီက သိပ်ပြဿနာမရှိပါဘူး။ လွတ်လွတ် လပ်လပ်မဖြစ်သေးတဲ့ နိုင်ငံမှာတော့ ၀ီစီဟာ ပြဿနာရှိနေသေးသယောင်ယောင် ရှိနေသေးတယ်။

အမေး။ ။ ပရိသတ်တွေ အမြင်လွဲမှားစေတဲ့အပေါ် ဘာများ ပြောချင်ပါလဲ။

အဖြေ။ ။ ပရိသတ်တွေ ဒီထက် သိချင်သေးတယ်ဆိုရင် ကျွန်တော့်ဆီကို ဖုန်းဆက်ပြီးတော့ မေးမြန်းနိုင်ပါတယ်။

အမေး။ ။ တခြားပြောချင်တာများရှိရင် ပြောပြပေးပါဦး။

အဖြေ။ ။ ဦးတို့ တစ်သက်လုံးတွေ့တဲ့ ထုတ်လုပ်ရေးတွေက ဘဘတို့အရေခွံကို ခွာတာ။ အကုန်သုံးတာ ပြီးရင် သူတို့ ပိုက်ဆံပိုကုန်တယ်လို့ ထင်ရင် မင်းတို့ အရေခွံချွတ်ပေးဆိုပြီးတော့ ပြောတာ။ အဲဒီလိုထုတ်လုပ်ရေး တွေနဲ့ပဲ တွေ့ခဲ့တယ်။ အဲဒီလို လူတွေက ဘဘတို့အရေခွံ ကို တောက်လျှောက် ခွာခဲ့တာပါ။ အဲဒါကို ဒီပြင် ထုတ်လုပ်ရေးတွေက ကျုပ်တို့က ငွေကုန်တာဗျ။ ငွေရှာရတာ။ မကြိုက်ရင် ပြန်သွင်းမယ် ဆိုပြီးတော့ကို ပြောတာ။

မဇ္ဈိမ

0 comments:

Post a Comment