Tuesday, December 23, 2014

ခြင်ကိုက်ခံရတဲ့အခါ ယားယံခြင်းကို ချက်ချင်းသက်သာသွားစေမယ့် နည်းလမ်း (၅)သွယ်



ခြင်ကိုက်ခံလိုက်ရလို့ ယားယံမှုတွေ ဖြစ်လာတဲ့အခါ ဒါကို ပြေပျောက်သွားစေမယ့် သဘာဝနည်းလမ်း များစွာရှိပါတယ်။

• သွားတိုက်ဆေး

ကိုက်ထားတဲ့အရာပေါ်ကို သွားတိုက်ဆေး လူးပေးမယ်ဆိုရင် ယောင်ယမ်းတာ၊ ယားယံတာတွေ တခဏအတွင်း ပျောက်ကင်းသွားမှာဖြစ်တယ်။• ရေခဲ

အာရုံကြောကို ခေတ္တယာယီ ရပ်တန့်စေတာကြောင့် ရေခဲက ကုတ်ခြစ်ချင်တာတွေကို မဖြစ်စေတော့ပါဘူး။ ဒီ့အတွက်ကြောင့် ကိုက်ခံထားရတဲ့ နေရာမှာ ရေခဲတုံးတင်ထားသမျှ ကာလပတ်လုံး ယားယံမှုရှိတော့မှာ မဟုတ်ပါဘူး။

• ပင်စိမ်းရွက်

ပင်စိမ်းရွက်တွေကို ခြင်ကိုက်ခံပြီးပြီးချင်း တင်ထားနိုင်ပါတယ်။ အနံ့အသက်ပြင်းရှတဲ့ ပင်စိမ်းရွက်တွေမှာ ယားယံမှုကို လျော့နည်းပျောက်ကင်းစေတဲ့ thymol နဲ့ camphor တို့ပါဝင်ပါတယ်။

• ပျားရည်

ပျားရည်မှာ ယားယံခြင်းကို သက်သာရာရစေပြီး ယောင်ကိုင်းမှုကို လျင်မြန်စွာ လျော့ကျစေနိုင်တဲ့ ဂုဏ်သတ္တိတွေပါရှိတယ်။

• ငှက်ပျောခွံ

ငှက်ပျောခွံက ကိုက်ရာအနာကို သက်သာရာရစေပြီး ယားယံခြင်းကို တဖြေးဖြေးနဲ့ ယုတ်လျော့စေတယ်လို့ ကျန်းမာရေးဆရာဝန်များက ဆိုပါတယ်။ ၎င်းရဲ့ (sodium bicarbonate) ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် ပါဝင်မှုကြောင့် ရှားစောင်းပင်နဲ့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေဟာလည်း ခြင်ကိုက်ခြင်းနဲ့ ပတ်သက်လာရင် အထောက်အကူ ဖြစ်စေပါလိမ့်မယ်။

Source: naturalhealthcareforyou.com

Trend Myanmar

0 comments:

Post a Comment