Thursday, December 18, 2014

ပြိုင်ပွဲပြိုင်ရင်း ဒဏ်ရာရခဲ့တဲ့ မြန်မာအလှမယ် Photogenic ဆုရ

အရှေ့တောင်အာရှ ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့နဲ့ အာဆီယံချစ်ကြည်ရေးအတွက် ရည်ရွယ်ကျင်းပတဲ့ Miss Southeast Asian 2014 ပြိုင်ပွဲမှာ မြန်မာအလှမယ် အိမ့်မျက်ခြယ်ဟာ Miss Photogenic ဆုကို ရရှိခဲ့ပါတယ်။


မြန်မာအလှမယ် အိ့မ်မျက်ခြယ် (ဓာတ်ပုံများ- Miss Golden Land Myanmar official facebook)

အရှေ့တောင် အာရှနိုင်ငံမှ အလှမယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဒီအလှမယ်ပြိုင်ပွဲမှာ မြန်မာအလှမယ် အိမ့်မျက်ခြယ်ဟာ ပြိုင်ပွဲယှဉ်ပြိုင်နေရင်း မတော်တဆ ထိခိုက် ဒဏ်ရာလည်းရရှိခဲ့တာပါ။“အိမ့်မျက်ခြယ်က ထိုင်းပိုးထည်တွေနဲ့ ၀တ်ဆင်ပြီး ယှဉ်ပြိုင်ရတဲ့ပွဲမှာ စင်က သစ်သားတွေနဲ့ လုပ်ထား တယ်လို့ပြောတယ်။ ဒေါက်ဖိနပ်နဲ့ ကျွံပြီး ခြေခေါက်လဲပြီးတော့ စင်ပေါ်ကနေ ပြုတ်ကျတဲ့အထိ ဒဏ်ရာရသွားခဲ့ ပါတယ်။ အဲ့ဒါကြောင့် ပြိုင်ပွဲကြီးမှာ ကောင်းကောင်းမပြိုင်ခဲ့ရပါဘူး။ ပွဲကာလကလည်း တပတ်တည်းကို ခြောက်ရက်မြောက်နေ့က ဖိုင်နယ်ဆိုတော့ လေးရက်လောက်ကလည်း ဘာပွဲမှ မပါဝင်နိုင်ခဲ့ပါဘူး။ အဲ့ဒီ အတွက်ဆုနဲ့တော့ လွဲခဲ့ရပါတယ်။ဒါပေမယ့် Miss Photogenic ဆုတော့ ရခဲ့ပါတယ်” လို့ သူရဲ့ Organizer ဖြစ်တဲ့ Miss Golden Land Myanmar မှ ကိုဝေယံအောင်က ပြောပါတယ်။





မြန်မာအလှမယ် အိမ့်မျက်ခြယ်ဟာ Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီးရဲ့ 1st runner up ဆုရှင်လည်းဖြစ်ပါတယ်။

Miss Southeast Asian 2014 ပြိုင်ပွဲကို ဒီဇင်ဘာ ၇ ရက်ကနေ ၁၄ ရက်နေ့အထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တာပါ။

ဒီပြိုင်ပွဲမှာ အလှမယ်သရဖူဆုကို Miss Vietnam ကရရှိခဲ့ကာ 1st runner up ကို Miss Phillipine နဲ့ 2nd runner up ကို Miss Thailand တို့က ရရှိခဲ့ပါတယ်။


ဧရာဝတီ

0 comments:

Post a Comment