Tuesday, December 23, 2014

အကျဉ်းသားနှစ်ဦးနှင့် ရည်စားစာ အပြန်အလှန်ပေးသည့် ထောင်ဝန်ထမ်း အမျိုးသမီးငယ်ကို ထောင်ချထား

ဗြိတိန်နိုင်ငံတွင် လူသတ်မှုဖြင့် သေဒဏ်ကျ အကျဉ်းသား အပါအဝင် ထောင်သားနှစ်ဦးနှင့် လိင်ပိုင်းအပြော အဆိုများ ပါဝင်သည့် ရည်စား စာများ အပြန်အလှန် ပို့ ခဲ့သည့် ထောင်ဝန်ထမ်း အမျိုးသမီးငယ်ကို ထောင်ဒဏ်ချ မှတ်ထားသည်။



အကျဉ်းထောင် ဝန်ထမ်း မိသားစု မှဖြစ်သည့် စင်ဒီဘာ ကာဆိုသူ အသက်၂၅နှစ်အရွယ် ထောင်ဝန်ထမ်း အမျိုးသမီး ငယ်သည် အကျဉ်းထောင်တွင် တာဝန် ထမ်းနေခဲ့ ချိန်များ၌ ထောင်သားနှစ်ဦးနှင့် ပလဲနံသင့် ဆက်ဆံကြောင်း၊ စာပေးစာယူလည်း လုပ်ဆောင် ခဲ့ကြောင်းပေါ်ပေါက် ခဲ့၍ထောင်ဒဏ် တစ်နှစ်ချမှတ် ခံရခြင်းဖြစ်သည်။စင်ဒီသည် ထောင်သားတစ်ဦးနှင့် လိင်ဆက်ဆံသည်ဟု အခြားထောင်သားတစ်ဦးက စောင်းပါးရိပ်ခြည်ပြောရာမှ ဌာနတွင်း စစ်ဆေးမှုပြု ခဲ့ခြင်းဖြစ်သည်။စင်ဒီ ၏ အိမ်သို့ သွားရောက် ရှာဖွေရာတွင်လည်း အညှီ အဟောက် မကင်းသည့် စာများကို တွေ့ ရှိခဲ့သည့် အပြင် တစ်ပူပေါ်နှစ် ပူဆင့်ဆို သလိုနောက်ထပ် အကျဉ်း သားတစ်ဦးနှင့်ပါ စင်ဒီပတ်သက် မှုရှိခဲ့သည့် အမှုပါ ပေါ်ပေါက် ခဲရခြင်းဖြစ်သည်။

လူသတ်မှုဖြင့် ၂၀၀၉ခုနှစ်အတွင်းက သေဒဏ် ကျခဲ့သည့် ထောင်သားနှင့် အစောင့် တာဝန် ထမ်းဆောင် ချိန်တွင်စင်ဒီက တွေ့ဆုံပတ်သက်မှု ရှိခဲ့ကြောင်းများ ကို စာများအရသိရသည်။ ၂၀၁၀မှ ၂၀၁၂ကြား လန်ဒန်အရှေ့တောင်ပိုင်းမှ ဂရင်းဝတ်စ်အရပ်ရှိ HMP Isis လူငယ် ထိန်းသိမ်းရေး အကျဉ်းထောင်တွင် ၎င်းအ ကျဉ်းသားနှင့် တွေ့ ဆုံခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေများက ပြောသည်။

ထို့ပြင် စင်ဒီပေးပို့ မည်လုပ်ပြီးမှ မပေးဖြစ်ခဲ့သည့် စာတစ်စောင်တွင် ထောင်သားက စိတ်ဝင်စား မှုပြသခဲ့လျှင် လက်ခံဖို့ အသင့်ရှိသည့် သဘောရေး သားထား သည့် စာကိုလည်းတွေ့ ရသည်။

"စင်ဒီက သူလုပ်ရပ်က မိုက်မဲတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝန်ခံတယ်။ သူ့ကိုယ်သူ မထိန်းသိမ်းလို့ ဖြစ်သွားရတာဖြစ်ပြီး ခွင့်မလွတ်သင့်တဲ့ လုပ်ရပ် လို့ပြောပါတယ်။ စင်ဒီက အဲဒီထောင်သားနဲ့ ကျွမ်းဝင်သွားပေမယ့်လည်း လွန်လွန်ကျုးကျုးတွေ မဖြစ်ခဲ့ပါဘူး။" ဟု တရားခံရှေ့ နေ နေလာကပြောသည်။

ယခုအမှုနှင့် တစ်ပြိုင်တည်းတွင် စင်ဒီ၏ နောက်ထပ်အကျဉ်းသားတစ်ဦးနှင့် စာအပေးအယူရှိသည့် အမှုလည်းပေါ်ပေါက်ခဲ့သည်။ လက်နက် ကိုင်ပြစ်မှုကျုးလွန် မှုဖြင့် ထောင်ငါးနှစ် ကျခဲ့သူနှင့် စင်ဒီတို့ ၂၀၁၂ခုနှစ်အတွင်းက ရင်းနှီးသည့် ဆက်ဆံရေး များရှိခဲ့ကြောင်း ထွက်ပေါ်ခဲ့ ရခြင်းဖြစ်သည်။

ယင်းအကျဉ်းသားက စင်ဒီထံ လိင်ညှို့ အားပြင်း သည်ဟု ရေးသားထား သည့်စာကို ထောင်အာဏာ ပိုင်များက ကြားဖြတ်ရရှိ ခဲ့ခြင်းဖြစ်သည်။ ၎င်းအကျဉ်း သားအခန်းကို ဝင်ရောက်စစ်ဆေးရာ စင်ဒီက ထောင်ကလွတ်ရန်ကူညီပေးဖို့ ရေးဟန်ရှိသည့် ရေးလက်စစာတစ်စောင်ကို သိမ်းမိခဲ့ကြောင်း ယခုအမှုနှင့် အတူ အမှုဟောင်းပေါပေါ်က် ခဲ့ခြင်းဖြစ်သည်။

စင်ဒီတွင် လက်ရှိ ရည်းစားဖြစ် သူနှင့် ကိုယ်ဝန်ဆောင် ထားရချိန်ဖြစ်ရာ ကလေးမီးဖွား ရန်အတွက် ပြစ်ဒဏ်၏ တစ်ဝက် နှစ်ဝက်သာ ထောင်ဒဏ် ခံစား ရမည် ဖြစ်ကြောင်း တရားသူကြီး ခရစ်လိုးက စင်ဒီအား ပြောသည်။

"မိဘတွေလည်း ထောင်ဝန် ထမ်းတွေဖြစ်တယ်။ စင်ဒီရဲ့ လက်ရှိအဖြစ် အပျက်က သိပ်ဝမ်းနည်းရှက် ဖွယ်ဖြစ်တယ်။"ဟု တရား သူကြီး ခရစ်က ပြောခဲ့သည်။

စင်ဒီအား ပြစ်ဒဏ် ချမှတ်၍ ဖမ်းဆီးသွားချိန် စိတ်မကောင်း ကျန်ရစ်သည့် မိဘနှစ်ပါးကို "အမေတို့ကို သမီးချစ်တယ်။ သမီး တကယ့်ကို စိတ်မကောင်းဖြစ် ရပါ တယ်။"ဟု စင်ဒီက ငိုယိုအော်ပြောခဲ့သည်။


Mizzima

0 comments:

Post a Comment