Monday, December 22, 2014

အိမ်ထောင်ပြု နောက်ကျတဲ့အတွက် ကလေးယူဖို့ကြိုးစားနေတဲ့ လှမျိုးသဉ္ဖာနွယ်



အသက် ၃၅ နှစ်မှ အိမ်ထောင်ပြုသွားတဲ့ လှမျိုးသဉ္ဖာနွယ်က လက်ရှိမှာ ရွေပိုးဧကရီ ပိုးထည်ဆိုင်အပြင် အနုပညာအလုပ်တွေကိုလည်း ပြန်လည်လုပ်ကိုင်တော့မယ်လို့ ပြောပြလာတာကြောင့် အိမ်ထောင်ရေး ၊ စီးပွားရေးနဲ့သူမရဲ့အနုပညာလုပ်ငန်းအကြောင်းကို တစေ့တစောင်း အကဲခတ်ကြည့်မိတဲ့အခါ “မ မင်္ဂလာမဆောင်ခင် ၄ကားရိုက်ထားတယ်။ ပြီးတော့ ခုကမင်္ဂလာဆောင်ပြီး မင်္ဂလာဦးကာလဆိုတော့ အနုပညာကို ခဏလေးရပ်ပြီး အမျိုးသားဆီ ခဏလေး လိုက်သွားဖြစ်တယ်။ ခုကပြန်လာပြီဆိုတော့ ကားပြန်ရိုက်ဖို့တော့ရှိပါတယ်။ အရှေ့မှာ ရိုက်ထားတဲ့ကားတွေက ကိုလူမင်း၊ နေမင်းနဲ့ကနှစ်ကား၊ နေတိုးနဲ့လဲရိုက်ဖြစ်တယ်။ ခုနောက်ပိုင်းကတော့ အစ်မတို့ခေတ်တုန်းက ဒရာမာလိုင်းပဲ အားသန်ခဲ့တာဆိုတော့ ကိုယ့်ရဲ့ အသက်အရွယ်အရလဲ ဒရာမာလိုင်းပဲပေါ့။ ကားရိုက်က အိမ်ထောင်မပြုခင်ကတည်းက အစ်မက ရိုက်မယ်လို့ အမျိုးသားကို ပြောထားပြီးသားပါ။ သူကလဲ အနုပညာကို ချစ်တယ်။”လို့ သူမက ပြောပါတယ်။အိမ်ထောင်ကျသွားပြီမို့ အနုပညာအလုပ်တွေကို အချိန်ပြည့်တော့ မလုပ်နိုင်တော့ဘူးလို့ ဆိုတဲ့ သူမက “မိသားစုက တစ်ဖက်၊ ဆိုင်ကတစ်ဖက်၊ အိမ်ထောင်က တစ်ဖက်ဆိုတော့လေ။ ညှိပြီးတော့ လုပ်နေရတာပေါ့နော်။ အနုပညာသက်တမ်းက ၁၇ နှစ်လောက်ရှိပြီ။ ကားရိုက်ခဲ့တဲ့ အချိန်တုန်းကလဲ အစ်မအနုပညာ အလုပ်ကို အကောင်းဆုံးလုပ်ခဲ့တယ်။ စီးပွားရေးလုပ်တဲ့ အချိန်မှာလဲ အဲ့လိုပဲ။ အစ်မ သေသေချာချာနဲ့တစ်စိုက်မတ်မတ်လေး လုပ်ခဲ့တယ်။ ခုအိမ်ထောင်ပြုတဲ့အခါမှာလဲ အဲ့လိုပဲဆိုတော့ ခုချိန်မှာတော့ အစ်မက အိမ်ထောင်ရေးကိုတော့ နဲနဲ အချိန်ပိုပေးဖြစ်တယ်ပေါ့နော်။ အရင်တုန်း ကတော့ နုပျိုမှုတွေ၊ လတ်ဆတ်မှုတွေနဲ့လုံးဝ အလုပ်လုပ်မယ် ဆိုတာကြီးပဲ။ နည်းနည်း အရွယ်ရောက်လာတဲ့ အချိန်ကျတော့ စီးပွားရေးအောင်မြင်မှဖြစ်မယ်ပေါ့။ ခုချိန်ကျတော့လဲ အကုန်လုံးကလဲ သူ့ဟာနဲ့သူပေါ့နော်။ နည်းနည်းတော့ တည်ငြိမ်လာတယ်လို့ပြောလို့ရတယ်။ ငယ်ငယ်တုန်းကလို ဆန်းသစ်တက်ကြွ ရင်ခုန်တာမျိုးတော့ မရှိတော့ပါဘူး။ ကိုယ်ရောက်နေတဲ့ နေရာလေးတစ်ခုမှာ အကောင်းဆုံးဘယ်လို လုပ်သွားမလဲဆိုတာကိုပဲ ခေါင်းပဲထည့်တယ်။ မင်းသမီးတော်တော်များများက အိမ်ထောင်ပြုပြီးသွားရင်ကားမရိုက်တော့တာများတယ်။ သူတို့ကတော့ အဲ့လိုမဟုတ်ဘူး။ ရုပ်ရှင်ပေးရိုက်တယ်။ အဓိကကတော့ သူနဲ့ယုံကြည်မှုနဲ့ နားလည်မှုထားတယ်။ သရုပ်ဆောင်တစ်ယောက်အနေနဲ့ အစ်မကို အကျင့်စာရိတ္တ ပိုင်းနဲ့ပတ်သတ်ရင် သူယုံကြည်တယ်။ အစ်မကို တော်တော်များများလေးနားလည်ပေးပါတယ်”တဲ့။

ဒါ့အပြင် ကလေးယူဖို့ ရှိမရှိ မေးကြည့်လိုက်တော့ “ကလေးကတော့ယူဖို့အစီအစဉ်ရှိတယ်။ အခုအမ နယ်လိုက်နေတယ် ဆိုတာကလဲ ကလေးလိုချင်လို့ပေါ့။ ကလေးကိုလဲ မရမှာ စိတ်ပူတယ်။ အစ်မက အိမ်ထောင်ပြုတာ နောက်ကျတယ် ဆိုတော့လေ။ အစ်မအမျိုးသားက အစ်မထက် ၆ နှစ်ငယ်တယ်။ အမျိုးသားက ဗိုလ်ကြီးအောင်မျိုးသူ ရောဂါဗေဒပါရဂူ ခုက မြစ်ကြီးနား ၁/၃၀၀ စစ်ဆေးရုံမှာတာဝန်ကျနေပါတယ်။”လို့ သူမက ဆိုသွားပါတယ်။

ခင်ဆွေသက်
Trend Myanmar

0 comments:

Post a Comment