Thursday, December 18, 2014

သီချင်းမဆိုတတ်မှာစိုးလို့ အဆိုသင်တန်းတက်နေတဲ့ ရွှေပိုးအိမ်



သီချင်းဆိုရန် တောင်းဆိုမှုများရှိလာလျှင် မဆိုတတ်မည်စိုးသဖြင့်အဆိုသင်တန်း တက်နေသည်ဟု သရုပ်ဆောင်ရွှေပိုးအိမ်ကပြောသည်။

အနုပညာနှင့် ပတ်သက်လာလျှင် အားလုံးသိလို၊ တတ်လိုသည့် အတွက် စီးရီးထုတ်ရန် အစီအစဉ်မရှိသော်လည်း သီချင်းဆိုပေးရန် တောင်းဆိုလာလျှင် မဆိုတတ်မည်စိုးသဖြင့် ဂီတသင်တန်းကို တေးသံရှင်ခင်မြတ်မွန်ထံတွင် သင်ယူနေကြောင်း ၎င်းက ပြောသည်။‘‘ကိုယ်က အနုပညာကြေး ယူပြီးတော့ ပရိသတ်ကို ဖျော်ဖြေ ရမယ်ဆိုရင် အသံလည်း မကောင်းဘဲ လျှောက်ပြီးမဆိုချင် ဘူး’’ဟု သရုပ်ဆောင် ရွှေပိုးအိမ် က ပြောကြားသည်။

ဇာတ်ကားများစွာ ရိုက်ကူး လာရသဖြင့် ဇာတ်ကားတစ် ကားအတွက် ပြင်ဆင်မှုပိုင်းတွင် အတွေ့အကြုံများစွာရရှိခဲ့ပြီး ယခင်ကဆိုလျှင် မအပ်စပ် သည့် အ၀တ်အစားများနှင့် လှပ လိုသဖြင့် မိတ်ကပ်များစွာ လိမ်း ခြယ်ခဲ့သည့်အမှားများကို နမူနာ ယူ၍ ရင့်ကျက်လာသည်ဟု ၎င်းကပြောသည်။

ဇာတ်ကားရွေးချယ်မှုအပိုင်း တွင်လည်း ပရိသတ်အရမ်းမုန်း မည့် ဗီလိန်ဆန်ဆန်ဇာတ်ရုပ်များ မှလွဲ၍ ကိုယ်နှင့် လိုက်ဖက်လျှင် ရိုက်ကူးရန်လက်ခံဖြစ်ကြောင်း ရွှေပိုးအိမ်ကပြောသည်။

သရုပ်ဆောင် မိုးအောင်ရင် နှင့်အတူ ဟာသဇာတ်လမ်းတစ်ခု ရိုက်ကူးနေပြီး ဒီဇင်ဘာ ၂၄ ရက်တွင် ဘိုဘိုတေးထုတ်လုပ်ရေးက ပြုလုပ်သည့် ပြဇာတ်တစ်ခု၌ ပါဝင်ရန်ရှိပြီး ဒီဇင်ဘာလကုန်တွင် ဒါရိုက်တာသိန်းဟန်(ဖီးနစ်) ရိုက်ကူးမည့် ညီအစ်မလေးဖော် ဇာတ်ကားတွင် သရုပ်ဆောင်ခန့် စည်သူနှင့်အတူ သရုပ်ဆောင်ရန် ရှိကြောင်း သိရသည်


7Day Daily

0 comments:

Post a Comment