Monday, December 29, 2014

ပညာရှင်စကား

ဟိုတုန်းကတော့ အကယ်ဒမီဆိုတာ တန်မှပေးတယ် ၂ဝဝဝ ပြည့်နှစ်လောက်ကစပြီး အကယ်ဒမီတွေက ဖောခြင်းသောခြင်းဖြစ်သွားတယ်



ဒါရိုက်တာကြည်စိုးထွန်းက ''ဟိုတုန်းက တော့ အကယ်ဒမီဆိုတာ တန်မှပေးတယ်။ ၂ဝဝဝ ပြည့်နှစ်လောက်ကစပြီး အကယ်ဒမီတွေကဖောခြင်း သောခြင်းတွေ ဖြစ်သွားတယ်။ အကယ်ဒမီတစ်ခုကို နှစ်ယောက်ပေးတာမျိုးတွေ ဖြစ်လာတယ်။ တန်ဖိုးထား ရမှန်းမသိ ဖြစ်ကုန်တာပေါ့။ အရင်က ရွေးချယ်စရာ ဇာတ်ကားကများတယ်။ ဒီနေ့ခေတ်မှာက ဇာတ်ကား အရေအတွက်ကလဲ နည်းတာကိုး''ဟု ပြောသည်။ယနေ့ခေတ် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှာ စက်ပိုင်းဆိုင်ရာတွင် တိုးတက်မှု ရှိသော်လည်း ရုပ်ရှင် အနုပညာလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသည့်သူ များမှာ အာရုံစူးစိုက်ရမည့်လုပ်ငန်း များပြားနေခြင်း တို့ကြောင့် အနုပညာလုပ်ငန်းတွင် အာရုံစူးစိုက်မှု နည်းနေသေးသည်ဟုဆိုသည်။

အနုပညာရှင်များသည်လည်း အမူအရာ ထက် အဆောင်အယောင်ကိုသာ ဦးစားပေးလွန်းနေ သောကြောင့် ပရိသတ်များ၏ အားပေးမှုမှာ အား နည်းနေသေးကြောင်း ပြောသည်။

ဒါရိုက်တာကြည်စိုးထွန်းက ''ပရိသတ်က အရင်တုန်းက သရုပ်ဆောင်ကြီးတွေလောက် မကြိုက် ကြတော့ဘူး။ အမူအရာထက် အဝတ်အစားတို့၊ မိတ် ကပ်တို့ဘက်မှာ ပိုဦးစားပေးလာကြတယ်။ တချို့အနု ပညာရှင်တွေဆို ပေါ်ပေါ်လော်လော်တွေ လုပ်နေ တာရှိတယ်။

စာပေဘက်မှာရော သရုပ်ဘက်မှာရော ပဲ။ ဒါက ငွေနောက်လိုက်နေတာပဲ။ လမ်းမှားနေတာ။ ငွေနောက်လိုက်မယ်ဆိုရင် အနုပညာလုပ်ငန်းမလုပ် သင့်ဘူး။ အနုပညာလုပ်ငန်းဆိုတာ ပြည်သူတွေကို ဦးဆောင်ရမယ့် အလုပ်ဖြစ်နေတဲ့ အတွက် မလုပ်သင့် ဘူး''ဟု ပြောသည်။

မြန်မာရုပ်ရှင်လုပ်ငန်း တိုးတက်ရန်အတွက် မှန်မှန်ကန်ကန် သုံးသပ်ပေးမည့် ပရိသတ်လိုအပ် ကြောင်း၊ အနုပညာရှင်များအနေဖြင့်လည်း ပရိသတ် ၏ ဝေဖန်မှုကို ကျေကျေနပ်နပ်လက်ခံရန်လိုအပ်ပြီး၊ အပြုသဘောနှင့် ယှဉ်ပြိုင်တတ်ရမည်ဖြစ်ကာ ကော် ပီဇာတ်လမ်းများ ရိုက်ကူးမည်ဆိုပါကလည်း မှီငြမ်း ခြင်းသာပြုလုပ်သင့်ပြီး တိုက်ရိုက်ခိုးချခြင်းမပြုလုပ် သင့်ဟုပြောသည်။

''ဒီနှစ်အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီအကဲဖြတ်မှုတွေကို ရုပ်ရှင်အစည်းအရုံး ကနေပြီး တာဝန်ယူထားတော့ အကဲဖြတ်အဖွဲ့ဝင် ထက်ဝက် ကျော်က လက်ခံမှ ပေးဖို့ဆုံးဖြတ်ထားတယ်။ ဒါက ဒီနှစ်အတွက် ထူးခြားမှုတစ်ခုပေါ့။ တကယ်အရည်အ ချင်းရှိမှ ပေးဆိုတာမျိုးပေါ့။ ဒါပေမဲ့ ဇာတ်ကားအရေ အတွက်ကတော့ နည်းသေးတယ်ပေါ့'' ဟုပြောသည်။

TheFlowerNews

0 comments:

Post a Comment