Monday, December 1, 2014

"ကဲ……ဆဲချင်ကြသေးလား"


ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာတစ်ပါးကမေးတယ်။အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မပြုတာလည်းဆိုတော့ တစ်ပါးကသူ့ဇာတ်ကြောင်းကို ပြောပြတယ်။ သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့လက်ထပ်ခဲ့တယ်။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ကျန်ခဲ့တယ်။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ခလေးဆိုပြီးယူသွားတယ်။ ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက်မွေးတယ်။တစ်နေ့ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။ အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။ တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။ သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။ အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။ အဲဒါဟာသူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။ ဓမ္မမိတ်ဆွေတို့………… ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို" မအေ"နဲ့တပ်ပြီးမဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။ ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ ဘုရားရှင်က "ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့ ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ…… U Ti Law Ka ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့အချိန်မှာ တစ်ပါးကမေးတယ်။ အသက်ကလည်းငယ်တယ် အရွယ်လည်းရှိပါရဲ့နဲ့ ဘာကြောင့်အိမ်ထောင်မပြုတာလည်းဆိုတော့ တစ်ပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။ သူဟာဘဝတစ်ခုမှာ ကုန်သည်တစ်ယောက်နဲ့ လက်ထပ်ခဲ့တယ် ။ပေါင်းသင်းပြီးမကြာခင်မှာပဲ ယောကျာင်္းကကုန်ကူးသွားတော့ သူ့မှာကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။ ။ယောက္ခမတွေကသူ့သားနဲ့ရတဲ့ကိုယ်ဝန်မဟုတ်ဘူးဆိုပြီး နှင်ချလိုက်တယ်။ဗိုက်တစ်လုံးနဲ့ထွက်သွားခဲ့ရတယ်။ဇရပ်တစ်ခုရောက်တော့ ဗိုက်နာပြီး ခလေးမွေးတယ်။ခလေးကိုဇရပ်မှာခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွားတစ်ယောက်ကစွန့်ပစ်ထားတဲ့ခလေးဆိုပြီးယူသွားတယ်။ ဒီလိုနဲ့စိတ်လေပြီးလျောက်သွားနေတုန်း ဓါးမြဗိုလ်ကြီးနဲ့တွေ့ပြီးပေါင်းသင်းခဲ့ပြန်တယ်။မိန်းခလေးတစ်ယောက်မွေးတယ်။တစ်နေ့ခလေးပုခက်ထဲက ပြုတ်ကျပြီးခေါင်းမှာဒဏ်ရာရလို့ ယောကျာင်္းကိုကြောက်ပြီး ထွက်ပြေးခဲ့ပြန်တယ်။ အဲဒီလိုနဲ့ တစ်ယောက်ထဲနှစ်ပေါင်းများစွာလျှောက်သွားနေတုန်း ကုန်သည်လေးတစ်ယောက်နဲ့တွေ့ပြီး အိမ်ထောင်ပြုလိုက်ပြန်တယ်။အဲဒီကုန်သည်ပေါက်စလေးနဲ့ပေါင်းသင်းနေတုန်းမှာပဲ တစ်နေ့ကုန်သည်လေးက မိန်းမငယ်ငယ်လေးတစ်ယောက်ကိုခေါ်လာပြန်လို့ နှစ်ယောက်ပေါင်းရပြန်တယ်။ တစ်နေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းကဒဏ်ရာကိုတွေ့တော့ သူ့သမီးဒဏ်ရာနဲ့တူလိုက်တာလို့တွေးပြီး ဇာတိကိုမေးကြည့်တော့ တကယ်ပဲဓါးမြဗိုလ်ကြီးနဲ့ရခဲ့တဲ့ သူ့သမီးဖြစ်နေပါတော့တယ်။ သားအမိနှစ်ယောက်ယူကြုံးမရဖြစ်နေပြီး သူတိုလင်ကိုပြောပြတော့ သူ့လင်ကလည်း တစ်ချိန်ကဇရပ်မှာပျောက်သွားတဲ့ သူ့သားလေးဖြစ်နေပြန်တယ်။ အဲဒါဟာ ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကိုပြောပြပြီး သူလောကီမှာမနေဝံ့တော့လို့ တရားထူးရအောင် အားထုတ်ရတာပါလို့…ပြောပြခဲ့ပါတယ်။ အဲဒါဟာသူ "မအေ"နဲ့တပ်ပြီးဆဲခဲ့လို့ပြန်လည်းပေးဆပ်ရတာပါ…တဲ့။ဘယ်လောက်ထိကြောက်စရာကောင်းလိုက်ပါသလဲ…။ ဓမ္မမိတ်ဆွေတို့………… ဘာကြောင်းနဲ့ပဲဖြစ်ဖြစ် ဘယ်လောက်ပဲဒေါသထွက်နေပါစေ…သူတစ်ပါးကို" မအေ"နဲ့တပ်ပြီးမဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင်ပါတယ်။ ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်ကထွက်တာပါပဲ။ ဘုရားရှင်က "ပါးစပ်ကထွက်တဲ့စကားလုံးတွေဟာ အကျိုးမခံစားရပဲ…ပျောက်ပျက်မသွားပါဘူး"…တဲ့ ပါးစပ် စည်းကမ်းရှိနိုင်ကြပါစေ……

U Ti Law Ka

0 comments:

Post a Comment