Wednesday, December 3, 2014

ယီမင်နိုင်ငံရှိ အီရန်သံအမတ်နေအိမ် အသေခံကားဗုံးခွဲ တိုက်ခိုက်ခံရ

ယီမင်နိုင်ငံ ဆာနာမြို့တော်မှာ အီရန်သံအမတ်နေအိမ်ကို အသေခံကားဗုံးခွဲတိုက်ခိုက်မှု ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။

အီရန်သံအမတ် ဟောစိန် နစ်နမ် ကတော့ ထိခိုက်ခဲ့ခြင်းမရှိပေမယ့် သံရုံးလုံခြုံရေးအစောင့်တဦးနဲ့ လမ်းဖြတ်သွားသူ အမျိုးသမီးတဦးနဲ့ ကလေးတဦးတို့ သေဆုံးခဲ့ပါတယ်။



ဓာတ်ပုံ – ရိုက်တာ

ဟာဒါ သံတမန်ရပ်ကွက်ထဲမှာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တခြားအိမ်တွေလည်း အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။ လူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ဦးက ပြင်းထန်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ဆာနာမြို့တော်နဲ့ နယ်မြေအများအပြား ထိန်းချုပ်ထားတဲ့ ရှီးယာ ဟူသီသူပုန်တွေကို အီရန်နိုင်ငံက ထောက်ခံအားပေးနေပြီး ဒေသခံ ဆွန်နီ မွတ်စလင်တွေ၊ အယ်ကိုင်ဒါတွေနဲ့ပါ တိုက်ခိုက်မှုတွေ ဖြစ်နေတာပါ။အမေရိကနိုင်ငံနဲ့ အိမ်နီးချင်း ဆွန်နီမွတ်စလင်နိုင်ငံတွေက ယီမင်နိုင်ငံအရေးမှာ အီရန်နိုင်ငံက ၀င်ရောက် စွတ်ဖက်နေတယ်လို့ ယူဆနေကြတာ ဖြစ်ပြီး အီရန်နိုင်ငံကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။

လက်ရှိအချိန်အထိ ဒီတိုက်ခိုက်မှုကို တာဝန်ခံတဲ့အဖွဲ့အစည်းမရှိသေးပေမယ့် အခုလို တိုက်ခိုက်မှုမျိုးတွေကို အယ်အိုင်ဒါတွေ လုပ်လေ့ရှိခဲ့တယ်လို့ ယီမင်သတင်းစာတစောင်က ရေးသားထားပါတယ်။

ယီမင်နိုင်ငံက အီရန်သံတမန်တွေကို အရင်ကလည်း ပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး အီရန်သံတမန်တဦးကို လက်ရှိအချိန်အထိ လက်နက်ကိုင်အဖွဲ့တဖွဲ့က ပြန်ပေး ဆွဲထားဆဲ ဖြစ်ပါတယ်။

DVB

0 comments:

Post a Comment