Wednesday, December 3, 2014

ကိုရီးယား SBS သတင်းဌာနမှ မေမြတ်နိုးမှန်ကန်ကြောင်း ထုတ်ပြန်


၂၀၁၄ခုနှစ် မေလ၌ တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပခဲ့သောMissAsia Pacific World2014 ပြိုင်ပွဲ၌ သရဖူဆုကြီးကို ဆွတ်ခူးရရှိခဲ့သော မေမြတ်နိုးနှင့်ပတ်သက်၍ တောင်ကိုရီးယား နိုင်ငံရှိSBS သတင်းဌာနက မေမြတ်နိုး စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောခဲ့သည်များ မှန်ကန်ကြောင်း ဒီဇင်ဘာလ ၃ရက်က ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။ မေမြတ်နိုးအနေဖြင့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည့်အတိုင်း ခန္ဓာကိုယ်ခွဲစိတ်ပြုပြင်ရန်အတွက် ငွေကြေးမရှိပါက စပွန်ဆာရှာပေးပြီး ကာမဆိုင်ရာဖျော်ဖြေပေးရမည်ဟု အဆိုပါ Organization ကတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ ချွဲကပြောဆိုခဲ့သည်ဟု ဒီဇင်ဘာ ၃ရက် ကထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။ မစ္စတာချွဲသည်Organization ၏ရင်းနှီးမြှုပ်နှံမှုငွေကြေးများကို
တစ်ဦးပိုင်အဖြစ်သုံးစွဲခဲ့သောကြောင့်လိမ်လည်မှုများဖြင့် ၀ရမ်းထုတ်ဖမ်း ဆီးခဲ့သော်လည်း ခြေချုပ်ဖြင့် ပြန်လည်လွှတ်ပေးထားကြောင်း သိရသည်။ မစ္စတာ ချွဲသည် ရဲများ၏စစ်ဆေးချက်၌လည်း ရုံးခန်းအတည်တကျမရှိဘဲ နိုင်ငံတကာအလှမယ်များကို စာချုပ်များချုပ်ဆိုပြီးခေါ်ဆိုခဲ့ကြောင်း ကိုရီးယားသတင်း ဌာနများမှ သတင်းများအရ သိရှိရသည်။၎င်းင်းသတင်းနှင့် ပတ်သက်၍ အလှ
မယ် မေမြတ်နိုးက ““မစ္စတာချွဲကို ရဲတွေရဲ့ စစ်ဆေးချက်အရ မြတ်နိုးကို ခွဲစိတ်ပြုပြင်ဖို့အတွက် ငွေမလုံလောက်ရင် စပွန်ဆာရှာပြီး ဖျော်ဖြေပေးရမယ်လို့ ပြောခဲ့တယ်ဆိုတာကို ၀န်ခံကြောင်း ထွက်ဆိုထားပါတယ်။ ဒီသတင်းကို ကိုရီးယားSBS သတင်းဌာနများက ဒီဇင်ဘာ ၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး
မြတ်နိုးပြောခဲ့သမျှတွေက မှန်ကန်ကြောင်းဖော်ပြထားပါတယ်။

လက်ရှိမှာ သရဖူကတော့ မြတ်နိုးဆီမှာရှိနေပါတယ်””ဟု ၃-၁၂-၂၀၁၄ရက်ကပြည်မြန်မာသတင်းစာသို့ ပြောသည်။


မင်းအိုက်စွန်းန်
(၄-၁၂-၂၀၁၄ ရက်ထုတ် ပြည်မြန်မာနေ့စဉ်သတင်းစာမှ)
Pyimyanmar

0 comments:

Post a Comment