Tuesday, February 3, 2015

မင်္ဂလာလှည်း



ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ ကျေးလက်အလေ့အထတွေနဲ့ ဟာသဆန်ဆန်ရိုက်ကူး ထားတဲ့ဇာတ်ကားလေးတစ်ကားအကြောင်း ညွှန်း
ပေးလိုက်ပါတယ်။


အေးသီနဲ့ ဒေါ်စွန်မတို့က သားအမိနှစ်ယောက်တည်းနေပါတယ်။ အေးသီတို့နေတဲ့ ရွာက မြို့နဲ့ တော်တော်အလှမ်းဝေးပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ အေးသီတစ်ယောက် မြို့မှာ သနပ်ခါးသွားရောင်းရင်းမောင်ကြိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ စတွေ့တဲ့အချိန် ဘုဘောက်ကျခဲ့ပေမယ့် နောက်ဆုံးမှာတော့ ရည်းစားတွေဖြစ်ခဲ့ကြပါတယ်။ အဲဒါကြောင့်အေးသီရွာကို ပြန်တဲ့အချိန်မှာ မောင်ကြိုင်က အေးသီကိုလာတောင်း မယ်လို့ပြောခဲ့ပါတယ်။ ဒါပေမဲ့ မောင်ကြိုင်က အေးသီနေတဲ့ ရွာနာမည်ကိုပဲသိပြီးနေရာကိုတော့သေချာမမေးခဲ့ပါဘူး။



သောင်းစိန်က အေးသီကို တစ်ဖက်သတ်စိတ်ဝင်စားနေတာပါ။ အေးသီနဲ့နီးဖို့ ရွာမှာရှိတဲ့ နတ်ကတော်ဆီမှာ အဆောင်တောင် လုပ်ထားပါတယ်။ အဆောင်ကလည်း သော့လေးပါ။ အဲဒါကြောင့် ရွာကလူတွေက သူ့ကို ၀က်ရူးပြန် နေတာလားလို့တောင် ထင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အေးသီကတော့ သူ့ကိုပြန်ပြီးစိတ်မ၀င်စားခဲ့ပါဘူး။

မောင်ကြိုင် လာတောင်း မယ်ဆိုတဲ့နေ့မှာ အေးသီတို့ဘက် က ပြင်ဆင်သင့်တာတွေ ပြင်ဆင် ထားပါတယ်။ မနက် ၁၀ နာရီ အရောက်လာမယ်လို့ ချိန်းထား ပေမယ့် မရောက်လာတာကြောင့် အေးသီတို့ စိတ်ပူနေသလို ရွာထဲမှာရှိတဲ့ လူတွေကလည်း အမျိုးမျိုးထင်ကြေးပေးနေကြပါတယ်။ သောင်းစိန်ဆိုရင် ရွာထိပ်ကနေ မောင်ကြိုင်ကို သွားပြီးစောင့်နေခဲ့ပါတယ်။



မောင်ကြိုင်တို့ ဘက်က လည်းအခက်အခဲတွေရှိနေပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာ နာမည်ကိုသာ သိပြီး ဘယ်နေရာ မှာဆိုတော့ မသိတာကြောင့် ခက် ခဲနေတာပါ။ လမ်းသိတယ်ဆိုပြီး လမ်းပြခေါ်လာတဲ့သူကလည်း တကယ်မသိဘဲ လမ်းပြတာဖြစ်လို့ လမ်းတွေမှားလာခဲ့ပါတယ်။

မောင်ကြိုင်တို့ အေးသီတို့ ဆီကို ဘယ်အချိန်မှ ရောက်လာ မှာလဲ။ လမ်းမှာ ဘယ်လိုအခက် အခဲတွေကြုံနေရလို့လဲ။ မောင် ကြိုင်နဲ့အတူ ဘယ်သူတွေပါလာဦးမှာလဲ ဆိုတာတွေကိုတော့ ခရေ ဖြူထုတ်လုပ်ရေးက ရိုက်ကူးထားပြီး ဖေဖော်ဝါရီလကုန်ပိုင်းမှာ ရန် ကုန်နဲ့ မန္တလေးမှာ ရုံတင်ပြသမယ့် မင်္ဂလာလှည်းဆိုတဲ့ ရုပ်ရှင်ဇာတ် ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ မောင်ကြိုင်အဖြစ် ပြေတီဦး၊ အေးသီအဖြစ် မိုးဟေကို၊ သောင်းစိန်အဖြစ် နေမင်းတို့ အဓိကပါဝင်သရုပ်ဆောင် ထားပါတယ်။ ခင်ခင်ထူးရဲ့ ၀တ္ထုကို နေစိုးသော် ဇာတ်ညွှန်းရေးပေးပြီး ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)က ရိုက်ကူးပုံဖော်ထားပါတယ်။


7Day Daily

0 comments:

Post a Comment