Tuesday, February 3, 2015

ကျယ်ပြန့်လာ နေသော အဓမ္မပြုကျင့်မှု ဖြစ်ရပ်များ


ရှေးခေတ်က ကျွန်တော်တို့ နိုင်ငံ၌ အလိုမတူဘဲသား မယားပြုကျင့်မှု၊(ဝါ) အဓမ္မပြုကျင့် မှု (ဝါ) မုဒိမ်းမှု သတင်းများ မကြားရ လောက်အောင် လူ့ဘောင်လောကကြီးတည် ငြိမ်အေးချမ်းခဲ့သည်။ ထိုခေတ်ထိုအခါက ပြည်သူ အများသည် ဟီရိသြတပ္ပတရားကို စောင့်ထိန်းသော အလေ့ရှိကြသည်။ အမျိုးသမီးများသည် ကြီးကြီးငယ် ငယ်အဝတ်အစားများကို လုံလုံခြုံခြုံ ဝတ်စားဆင်ယင် ကြသည်။ပဒုမ္မာ၊ ဝိုင်သား၊ တက်ထရွန်အင်္ကျီလက်ရှည်၊ လက်စက၊ လက်ချိုင်းပြတ်ပုံစံ အမျိုးမျိုးဝတ်ကြသည်။ ထိုထက်စောသည့်ခေတ်က ထူထူထဲထဲပင်နီအင်္ကျီချုပ် ဝတ်ကြသည်။ ရင်သားမပေါ်အောင် လည်ဟိုက်မဝတ် ကြ။

ထဘီကျပြန်တော့လည်း ခြေမျက်စိဖုံးအောင်ဝတ်ကြ သည်။ ၁၉၆ဝပြည့်တစ်ဝိုက်၌ ခေတ်ဆန်သောရုပ်ရှင် မင်းသမီးတစ်ဦး၏ဖက်ရှင်ကိုသဘောကျအတုယူကာ ထဘီကိုတိုတိုဝတ် လာကြသည်။

ထိုခေတ်က လူငယ်တို့သဘာဝသမီးရည်းစား ထားရာ၌ စောင့်ထိန်းသူက အများစုဖြစ်သည်။ အနည်း အကျဉ်းလောက်သာ လွန်လွန်ကြူးကြူးဖြစ်ကြသူများ ဆိတ်ကွယ်ရာ၌ ချိန်းတွေ့ကြသည့်အခါ မဖွယ်မရာလုပ် နေပုံများကို ထိုခေတ်က ထုတ်ဝေသောသတင်းစာများ ၌ ဖတ်ရှုခဲ့ရသည်။

ဖဆပလအစိုးရလက်ထက်က ဤ လိုသတင်းမျိုးကို ဗမာ့ခေတ်သတင်းစာက အများဆုံး ဖော်ထုတ်ရေး သားခဲ့သည်။ The Nation သတင်းစာ ကြီးကလည်း အလား တူမဖွယ် မရာလုပ်နေ ပုံများနှင့် သားမယား ပြုကျင့်သည့်သတင်း များကို အင်္ဂလိပ်ဘာ သာဖြင့် ရေးသားဖော် ပြသည်။

ခေတ်ရေစီးသည် တစ်နှစ်ထက် တစ်နှစ်ရွေ့ လျားပြောင်းလဲလာသည်။ ခေတ်ပြောင်းလာသည်နှင့် အမျှ လူတို့၏စိတ်ဓာတ်၊ အနေ အထိုင်နှင့် ဝတ်စား ဆင်ယင်မှုများလည်းလိုက်၍ပြောင်းလဲလာသည်။ မြန်မာ အမျိုးသမီးငယ်များ ထဘီဝတ်သောခေတ်သည် တဖြည်း ဖြည်းမှေးမှိန်ပျောက်ကွယ်၍လာသည်။

၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာမိန်းကလေးများထဘီဝတ်ခြင်းကို တဖြည်းဖြည်း စွန့်လွှတ်၍ ဘောင်းဘီရှည်၊ ဘောင်းဘီတို ဝတ် လာကြသည်။ တချို့က စကက်ဝတ်လာကြသည်။ ယောက်ျားရှပ်အင်္ကျီ၊ ဘလောက်စ်၊ စွပ်ကျယ်လက်စက တို့ကို အတွင်းခံဘော်လီအင်္ကျီမပါဘဲဝတ်ကြသည်။ ကုန်းလိုက်ကွလိုက်လျှင် သူတို့၏ရင်သားများကို အ တိုင်းသားမြင်ရသည်။ အပေါစားဂျင်းဘောင်းဘီရှည်၊ ဘောင်းဘီတို၊ ဂါဝန်ဟောင်းများကို လမ်းနံဘေးအဟောင်း ဆိုင်များတွင် ပုံ၍ရောင်းကြသည်။

မြန်မာမိန်းကလေးငယ်များသည် လမ်းနံဘေး မှတွေ့သမျှဘောင်းဘီတို၊ ရှည်၊ ဂါဝန်များကို ဈေးပေါ ပေါဖြင့်ဝယ်ဝတ်ကြသည်။ မြို့ပြနေလူတန်းစားမိန်းက လေးများသာမဟုတ် ကျေးလက်နေမိန်းမငယ်များလည်း ဘောင်းဘီနှင့် စကက်များဝတ်လာကြသည်။ ရှေးတုန်း က မြန်မာပြည်ရောက်နိုင်ငံခြားသူများသာ ဂါဝန်ဝတ်ကြ သည်။ အင်္ဂလိပ်ကျောင်းနေသောမြန်မာမိန်းကလေး များသည် ကျောင်းတက်ရာ၌ကျောင်းစည်းကမ်းအရ ဂါဝန်ဝတ်ကြရသည်။ ကျောင်းဆင်း၍ အိမ်ပြန်ရောက် လျှင် ထဘီဝတ်ကြသည်။ ယနေ့ခေတ်မြန်မာ အမျိုးသမီး တော်တော်များများဂါဝန်ဝတ်ကုန်ကြသည်။ အိမ်မှာနေ ရင်း ဝတ်သည်မဟုတ် လမ်းပေါ်ထွက်၍ဝတ်ကြသည်။

ကြာလျှင် မြန်မာအမျိုးသမီးများ၏ ရိုးရာအ ဝတ်အစားများ ကွယ်ပျောက်ကုန်မှာသေချာသည်။ မြန် မာပြည်ရောက် နိုင်ငံခြားသူများ မြန်မာရိုးရာအဝတ်အ စားကိုခုံမင်၍ ထဘီဝတ်ကုန်ကြသည်။ မြန်မာမိန်းကလေး များသည် ဘောင်းဘီတို၊ ဘောင်းဘီရှည်သာမဟုတ် လည်ဟိုက်အင်္ကျီများကိုပင် ဝတ်လာကြသည်။ ရင်သား ပေါ်လုနီးပါးလည်ဟိုက်ကုန်ကြသည်။ ကုမ္ပဏီဖွင့်ပွဲ၊ ဧည့်ခံပွဲအခမ်းအနားများကိုတက်ရောက်လာကြသော အမျိုးသမီးများဆိုလျှင် ပခုံးနှင့်နောက်ကျောပြင်တစ်ခု လုံးဖော်ထားသည်ကိုမမြင်ချင်မှအဆုံး မြင်တွေ့နေရ သည်။ မြန်မာမိန်းကလေးများ ဘောင်းဘီတိုဝတ်ကြရာ၌ တဖြည်းဖြည်းအတင့်ရဲလာကြသည်။ ပေါင်တံတစ်ခုလုံး ပေါ်အောင် ဘောင်းဘီများကို တိုပစ်လိုက်ကြသည်။ လမ်းပေါ်ထွက်၍ လမ်းသလားကြသည်။

ကိုရီးယားဇာတ်လမ်းတွဲများအား ရုပ်သံလိုင်း အားလုံးလိုလို၌ အလုအယက် တင်ဆက်ပြသနေကြသ ဖြင့် မြန်မာအမျိုးသမီးများအဖို့ ကိုရီးယားသရုပ်ဆောင် မင်းသမီးများ၏ဝတ်စားဆင်ယင်ပုံများကိုအားကျပြီး အတုယူကုန်ကြသည်။ ကိုရီးယားဇာတ်လမ်းတွဲတိုင်း တွင် ကိုရီးယားအမျိုးသမီးများ ဆိုဂျူအရက်သောက် ကြသည်။ မြန်မာအမျိုးသမီးများကလည်း အားကျမခံ အရက်ဆိုင်ထိုင်၍ ဘီယာသောက်ကြသည်။

ဤသို့ မြန်မာအမျိုးသမီးငယ်များပရမ်းပတာ ဝတ်စား ဆင်ယင်နေကြခြင်းသည် သူတို့ကိုစော်ကား မော်ကားပြုလာကြမည့်ပုရိသများအား ဖိတ်ခေါ်နေမှန်း သိကြပုံမပေါ်ပေ။

တစ်နေ့ထက်တစ်နေ့ မြို့ရွာအနှံ့အလို မတူဘဲသားမယားပြု ကျင့်သည့်မှုခင်းများ နေ့စဉ်ရက် ဆက်ဖြစ်ပေါ်နေသည်မှာ ကြာလှပေပြီ။ ယခင်က ပုရိသ ယောက်ျားများသည် အရွယ်ရောက်သည့် မိန်းကလေး များကို သားမယားပြုကျင့်နေရာမှ ယခု တလောအရွယ် မရောက်သေးသည့် မိန်းကလေးများကိုပင် မညှာမတာ ပြုကျင့်လာကြသည်။ ခြောက်နှစ်အရွယ်မိန်းကလေးများ ကိုပင်အလွတ်မပေး။

အလိုမတူဘဲ သားမယားပြုကျင့် နေသူများသည် အများအားဖြင့် ၂ဝကျော်အရွယ်၊ ၃ဝ ဝန်းကျင် အမျိုးသားဖြစ်နေသည်ကို တွေ့ရသည်။ သက် လတ် အရွယ်အမျိုးသားများသည် သူတို့အမေအရွယ်၊ အဒေါ်အရွယ် အမျိုးသမီးကြီးများကိုပင် လစ်လျှင်လစ် သလိုသားမယားပြုကျင့်ကြသည်။

ဟိုတလောကလည်း မိန်းမသေဆုံးသွား၍ အတူနေမိမိ၏ သမီးအရင်းကိုပင် တိတ်တဆိတ်သားမယားပြုကျင့်လာခဲ့သူ လူမဆန်သော လယ်လုပ်သား တစ်ဦးအကြောင်း ဂျာနယ်တစ်စောင်တွင် ဖတ်လိုက်ရသည်။ ထိုသူသည် မိမိသမီးကြီးအား သားမယား အဖြစ်ဆက်ဆံပေါင်းသင်းလာရာမှကိုယ်ဝန်ရလာ၍ ဗိုက်ထဲမှ ကလေးထွက်ကျလာသည့်အခါ မိမိရင်သွေး ငယ်အား ရက်စက်ကြမ်းကြုတ်စွာ လည်ပင်းညှစ်သတ် လိုက်ပြီး မြစ်ထဲမျှောလိုက်သည်။ သမီးငယ်က မခံမရပ် နိုင်ဖြစ်၍ ရဲကိုတိုင်ကြားလိုက်မှ လူသတ်မှုနှင့် သားမယား ပြုကျင့်မှု ပေါ်လာသည်။

မိန်းကလေးများ အလိုမတူဘဲ သားမယားပြု ကျင့်ခံရလျှင်ရှက်၍ ထုတ်ဖော်မပြောဝံ့ကြ။ ကျူးလွန် သူများကလည်း သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားသ ဖြင့် ကြိတ်မှိတ်ပြီးခံလိုက်ရသည်။ မတော်တဆကိုယ် ဝန်ရလာမှ မိဘများအား အသိပေးကြသည်။

သားမ ယားပြုကျင့်မှုပဲခေါ်ခေါ် မုဒိမ်းမှုပဲခေါ်ခေါ်ပြစ်မှု ကျူးလွန်ကြသော အမျိုးသားများ ဤမျှလက်ရဲဇက် ရဲကျူးလွန်လာကြသည်မှာ မပေါ့တပေါ်ဝတ်စားနေ ကြသော မိန်းကလေးများနှင့် ထိတွေ့ဆက်ဆံနေ ရခြင်း၊ ပြည်ပမှ တရားမဝင်ခိုးသွင်းလာသောညစ် ညမ်းဗီဒီ ယိုခွေများကိုကြည့်၍ စိတ်မထိန်းနိုင်ခြင်း၊ ကျူးလွန်သောအမှုနှင့် ကျခံရသောပြစ်ဒဏ်နည်းလွန်း ခြင်း၊ ပြစ်မှုဖြင့်ထောင်ကျသွားပြီး ထောင်ထဲ၌နှစ်အနည်း ငယ်သာနေရ၍ လျှော့ရက်များရကာ ပြန်လည်လွတ် မြောက်လာခြင်းတို့ကြောင့်ဖြစ်ရသည်ဟု သုံးသပ်မိသည်။

များမကြာမီ ကျိုက်ထီးရိုးတောင်အတက်လမ်း၊ ကင်ပွန်းစခန်းအနီး၌ ဓာတ်ပုံရိုက်ရင်း လမ်းမှားလာသော ပီရူးနိုင်ငံသူအမျိုးသမီးအား ဒေသခံ လူငယ်တစ်ဦးက တစ်နေရာသို့ လှည့်ဖြားခေါ်ဆောင်သွားပြီး အလိုမတူ ဘဲသားမယားပြုကျင့်၍ သတ်ပစ်ရန်ကြိုးပမ်းနေစဉ် ကိုဝင်းဦးဆိုသူ အမျိုးသားတစ်ဦးက ဝင်ရောက်ကယ် တင်လိုက်ရသည်။

ကိုဝင်းဦးနှင့်အတူအနီး ဝန်းကျင်ဈေး ဆိုင်များမှလူများလိုက်လံဖမ်းဆီးသဖြင့် တရားခံကိုဖမ်း မိသွားသည်။ ထိုတရားခံအား သထုံခရိုင်တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၄၃နှစ်ချမှတ်လိုက်သည်။ တချို့ က ပြစ်ဒဏ်များလွန်းသည်ဟု ဝေဖန်ကြသည်။

အခြား နိုင်ငံများရှိ မုဒိမ်းမှုကျူးလွန်သူအား သေဒဏ်ချမှတ် သည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဘတ်စ်ကားတစ်စီး ပေါ်တွင် ဆေးကျောင်းသူမိန်းကလေးအား အိန္ဒိယနိုင်ငံ သားငါးဦးက အလိုမတူဘဲသားမယားပြုကျင့်ပြီး ကား ပေါ်မှ တွန်းချခဲ့သည့်ပြစ်မှုတစ်ခုဖြစ်ပေါ်ခဲ့သည်။

ဒဏ်ရာ အပြင်းအထန်ရသွားသောထို မိန်းကလေးသည် နိုင်ငံခြား ဆေးရုံ၌ ဆေးကုသမှုခံယူရင်း သေဆုံးသွားသည်။ အိန္ဒိယ နိုင်ငံသူအမျိုးသမီးထုက မခံမရပ်နိုင်ဖြစ်လျက် လမ်းပေါ် ထွက်ပြီး ဆန္ဒပြကြသည်။ မကြာခင်က မုဒိမ်းမှုကျူးလွန် သောတရားခံငါးဦးအား သေဒဏ်ပေးလိုက်သည်။

ပြည်တွင်း၌ မုဒိမ်းမှုကျူးလွန်သူတို့အား သက် ဆိုင်ရာတရားရုံးများက ချမှတ်လိုက်သောထောင်ဒဏ် မှာ နှစ်အနည်းငယ်သာရှိသည်။ နှစ်နှစ်လောက်ကျခံပြီး လွတ်မြောက်လာနိုင်သည်။ တရားရုံးများက ချမှတ်သော ပြစ်ဒဏ်နည်း၍သာ မုဒိမ်းမှုကျူးလွန်သူများ တစ်နေ့ တခြားများလာသည်။

၂ဝ၁၄ခုနှစ်အတွင်း ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာပင် မုဒိမ်းမှုပေါင်း ရာဂဏန်းရှိသည်။ အမျိုးသမီးလူမှုရေးအဖွဲ့များကလည်း ချမှတ်သောပြစ် ဒဏ်နည်း၍ အမျိုးသမီးငယ်များ၏လုံခြုံရေးကိုကာကွယ် သည့်အနေဖြင့် ဆန္ဒထုတ်ဖော်ကြသည်။

မုဒိမ်းမှုကျူးလွန်သော သတင်းများသည် ညစ် ညမ်းသည်ဟု သုံးသပ်သည်လားတော့မသိ သတင်းအဖြစ် ထည့်သွင်းဖော်ပြသည့် သတင်းစာနှင့် ဂျာနယ်အတော်ပင် နည်းသည်။ မှုခင်းသတင်းဂျာနယ်များမှာပင် ဖော်ပြသည် ကို သိပ်မတွေ့ရ။ သတင်းဖော်ပြရာ၌လည်း ကျူးလွန်သူ တရားခံ၏ အမည်ကိုဖော်ထုတ်ခြင်းမပြု၊ ဓာတ်ပုံပါလျှင် လည်း မျက်စိကိုအနက်ရောင်ဖြင့် ပိတ်ထားပြန်သည်။

ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာသောသားမယား ပြုကျင့်သည့် ဖြစ်ရပ်များလျော့နည်းလာအောင် တရား ရုံးများက ပြစ်ဒဏ်ကို မှတ်လောက်သားလောက်အောင် နှစ်ရှည်ထောင်ဒဏ်အဖြစ် တိုးမြှင့်ပေးရန်လိုသည်။

အ မျိုးသမီးများအနေဖြင့် မပေါ့တပေါ်ဝတ်စားဆင်ယင် ခြင်းကို လျှော့သင့်သည်။ တရားမဝင်ခိုးသွင်းလာသော ညစ်ညမ်းဗီဒီယိုခွေများ လုံးဝပပျောက်သွားအောင် ဆောင် ရွက်ဖို့ လိုပေသည်။ ။

တက္ကသိုလ်ခင်မောင်ဇော်
‪TheFlowerNews‬

0 comments:

Post a Comment