Tuesday, March 31, 2015

“တိုက်ခိုက်မှုရှိလေ ပိုပြီးတော့ ကြိုးစားချင်စိတ် ရှိလေပဲ”


အဆိုတော် ၀ိုင်းစုခိုင်သိန်း (ဓာတ်ပုံ – ကိုနိုင်၊ N2)


အနုပညာလောကမှာ သရုပ်ဆောင်ပိုင်းသာမက အဆိုတော် အနေနဲ့ပါ အောင်မြင်မှု ရရှိထားသူက အနုပညာရှင်တွေ ထဲမှာ ရှားပါတယ်။ ဒါပေမယ့် သရုပ်ဆောင်မော်ဒယ်လ် အဖြစ်လည်း ပရိသတ်တွေက အသိအမှတ် ပြုခဲ့ပြီး တကိုယ်တော် အခွေလည်း ထွက်ရှိအောင်မြင် ထားတဲ့ အနုပညာရှင် တယောက်ရှိပါတယ်။ သူကတော့ ဝိုင်းစုခိုင်သိန်း ပဲပါ။ မက်လောက်စရာ၊ မျက်လှည့်၊ အာဘွား ဆိုတဲ့ တကိုယ်တော်စီးရီးအခွေ သုံးခွေအပြင် အမျိုးသား တေးသံရှင်တွေ နဲ့ အတူ သီဆိုထားတဲ့ ခါချနေရတယ် ဆိုတဲ့ အတွဲတွေတခွေ ထွက်ရှိထားတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်းက အနုပညာ သက်တမ်း ၁၀ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲ Action in 10 years One Lady Show ကို Myanmar Event Park (MEP) မှာ မတ်လ ၂၁ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ လက်ရှိအခြေအနေနဲ့ သူ့ရဲ့ အနုပညာအကြောင်းကို ဧရာဝတီ သတင်းထောက် ယုမွန်ကျော်က တွေ့ဆုံ မေးမြန်းထားပါတယ်။

မစုပုံချစ် တိုက်ခန်းပြန်သိမ်းခံရမှု ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့မှုနှင့် မသက်ဆိုင်ဟု ဖခင်ရှင်းလင်း

မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂိုလ် ၁၀၀ စာရင်းတွင်ပါဝင်သူ မစုပုံချစ်ကို လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက နေထိုင်ရန် တိုက်ခန်းတစ်ခန်း ပေးအပ်ထားရာ အဆိုပါတိုက်ခန်းကို ပြန်လည်ပေးအပ်ရန် တောင်းဆိုမှုသည် အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်သူများထဲတွင် မစုပုံချစ် ပါဝင်ခြင်းကြောင့်မဟုတ်ဟု ဖခင်ဖြစ်သူ ဦးအုန်းကျော်က ပြောသည်။


ရွှေဂုံတိုင်မြို့နယ် ကလေးစောင့်ရှောက်ရေးဌာနရှိ တိုက်(ဗ) အခန်းအမှတ် ၂၀၃ ကို ပြန်လည် အပ်နှံရန် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြန်လည်အပ်နှံရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၈ ရက်တွင် အကြောင်းကြားခဲ့သည်။ ယင်းနောက် မစုပုံချစ်သည် ၂၀၁၅ ခုနှစ် ဖေဖေါ်ဝါရီလအတွင်း ကျောင်းသားသပိတ် ဆန္ဒပြပွဲများတွင် ပါဝင်လာခဲ့သည်။

မစုပုံချစ်၏ တိုက်ခန်း ပြန်သိမ်းမှု ကျောင်းသားသပိတ်နှင့် မပတ်သက်ဟု ဦးရဲထွဋ်ပြော

မစုပုံချစ် (ဓာတ်ပုံ – မြတ်စုမွန်)


အမျိုးသား ပညာရေးဥပဒေ ကန့်ကွက်ဆန္ဒပြသော ကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည့် အင်ဂျင်နီယာ မဟာတန်း ကျောင်းသူ မသန်စွမ်းအရေးတက်ကြွလှုပ်ရှားသူ မစုပုံချစ်အတွက် ရန်ကုန်မြို့တွင် အစိုးရက နေထိုင်ရန် ခွင့်ပြုထားသည့် တိုက်ခန်းကို ပြန်လည် သိမ်းယူမှုသည် ကျောင်းသားသပိတ်နှင့်မပတ်သက်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောသည်။

ခင်မေခ
























Sabai Sabai သီချင်းကို ထုံချိုင်းနဲ့တွဲပြီးဆိုတဲ့ ကျော်ကျော်ဗို


မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာသော ထိုင်းအဆိုကျော် ထုံချိုင်းနှင့် တွေ့ ဆုံပွဲ တွင် Sabai Sabai သီချင်း ကို ထုံချိုင်းနှင့်အတူ သီဆိုဖြစ်ခဲ့ကြောင်း ကျော်ကျော်ဗိုက ပြောသည်။

‘‘ထိုင်းလိုပဲ ဆိုဖြစ်တာ။ ပထမတော့ ကိုယ့်ဘာသာကိုယ် ဆိုနေတာ။ နောက်မှ သူက တက် လာတာပါ’’ ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရဲရင့်သော ပြုပြင်ပြောင်းလဲရေးသမား - ဂျက်ဖရီဂေါ့ဒတ် (မဇ္ဈိမနေ့စဉ်)


သမ္မတဦးသိန်းစိန်၏ သမ္မတသက်တမ်း သုံးနှစ်အတွင်း လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ထင်မြင်ချက်များပေးရန် မြန်မာ့အရေး ကျွမ်းကျင်သူအချို့ထံ Email ဖြင့် စာရေးသား တောင်းခံခဲ့ရာ ဦးသိန်းစိန်သည် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဦးစီးဆောင်ရွက်ခဲ့သော၊ အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းမှုများ အစပျိုးပေးနိုင်ခဲ့သော၊ မြန်မာနိုင်ငံ၏ အထီးကျန်အခြေအနေ အဆုံးသတ်သွားရန် ဆောင်ရွက်နိုင်ခဲ့သော၊ အတိုက်အခံ ခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ညှိနှိုင်းမှုများ ပြုလုပ်နိုင်ခဲ့သော တည်ကြည်ရဲရင့်သော ခေါင်းဆောင် တစ်ဦးအဖြစ် အကဲဖြတ်သူတို့က ရှုမြင်ခဲ့ကြသည်။

ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံး အချိန်ဟာ ဘယ်အချိန်တွေ ဖြစ်လိမ့်မလဲ


ဘယ်အချိန်ကများ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဖို့ အကောင်းဆုံးအချိန်ဖြစ်မလဲဆိုတာ သိချင်ကြမလား။ “အားကစားရုံသွားဖို့ငါ့အားကစားဝတ်စုံကိုလှမ်းယူလိုက်တဲ့ အချိန်တိုင်းပဲပေါ့” လို့မင်းကပြန်ဖြေလိမ့်မယ်။ ဒီလိုဖြေတဲ့အတွက် မင်းမမှားပါဘူး။ ဒါပေမဲ့မင်းရဲ့ ခန္ဓာကိုယ်ကတော့တစ်နေ့ထက်တစ်နေ့လေ့ကျင့်ခန်း လုပ်တဲ့ရလဒ်ချင်း မတူနိုင်ပါဘူး။ ကျွမ်းကျင်မှုကမင်းရဲ့ အကောင်းဆုံး လေ့ကျင့်မှု အချိန်ဇယား ရေးဆွဲတဲ့နေရာမှာ ဘယ်လို အထောက်အကူပေးတယ်ဆိုတာ လေ့လာကြည့်ရအောင်။ 

၂၀၁၅ ရွေးကောက်ပွဲမှာ ဗေလုဝနဲ့ ဦးလှဆွေ ဘယ်သူ့ကိုမဲပေးမလဲ

သရုပ်ဆောင် လူရွှင်တော် ဗေလုဝ(ဓာတ်ပုံ -ကောင်းမြတ်မင်း)

မကြာသေးခင်လောက်က လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေတယောက် ရုပ်ရှင်သရုပ်ဆောင်၊ လူရွှင်တော်တဦးဖြစ်တဲ့ ဗေလုဝကို Facebook ကနေပြီး တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီလို ဦးလှဆွေရဲ့ပြောဆိုမှုတွေဟာ လွှတ်တော် ကိုယ်စားလှယ်တဦးအနေနဲ့ မပြောသင့်တာကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး၊ ထပ်မံတိုက်ခိုက်မှုတွေ ပြုလုပ်လာရင်လည်း တရားစွဲဆိုဖို့ စီစဉ်ထားတယ်လို့ ဗေလုဝက ပြောပါတယ်။

Monday, March 30, 2015

၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီး ၅ ကား လက်ခံထားတဲ့ အိချောပို



၂၀၁၅ ထဲမှာ ရုပ်ရှင်ကားကြီး ၅ ကား လက်ခံထားပြီး ၂ကားမြောက်ကို နေပြည်တော်မှာ ဒီလ ၂၇ရက်နေ့ သွားရောက်ရိုက်ကူးမယ်လို့သိရပြီး ဒီကားဟာ ထူးခြားဆန်းပြားတဲ့ ပျူခေတ် တစ်ခေတ်တစ်ခါကို ပြန်လည်ရိုက်ကူးပုံဖော်မဲ့ ရုပ်ရှင်ကားကြီးလို့ ဆိုပါတယ်။

အမျိုးသမီးတွေ စိတ်ကျရခြင်းနဲ့ ပတ်သက်ပြီး ဘယ်လိုကုစားနိုင်မလဲ



စိတ်ကျမှုဟာ တစ်ဦးနဲ့တစ်ဦးမတူပါဘူး။ အထူးသဖြင့် ယောကျာ်းလေးနဲ့ မိန်းကလေးတွေမှာ မတူညီတတ်ပါဘူး။ မိန်းကလေးတွေဟာ ယောကျာ်းလေးတွေထက်ပိုပြီး စိတ်ကျလွယ်ပါတယ်။ မိန်းကလေးတွေရဲ့ စိတ်ကျရတဲ့အကြောင်းရင်းနဲ့ လက္ခဏာတွေ ဟာ ယောကျာ်းလေးတွေ စိတ်ကျရတဲ့အကြောင်းရင်းနဲ့လည်း မတူညီပါဘူး။

စိတ်ကျမှုဟာ ဆိုးရွားပြင်းထန်လှတဲ့ အခြေအနေတစ်ရပ်ပါပဲ။ အခန့်မသင့်ရင် ဘ၀ရဲ့အစိတ်အပိုင်းတိုင်းကို အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။ စိတ်ကျနေတဲ့အတွက်လူမှုဆက်ဆံရေး၊ အချစ်ရေး၊ အလုပ်အကိုင်နဲ့ ယုံကြည်ချက်တွေကို ထိခိုက်လာနိုင်ပါတယ်။ မိန်းကလေးတစ်ယောက် အတွက်တော့ စိတ်ကျတယ်ဆိုတာ ပုံမှန်ပါပဲ။ အမျိုးသားစိတ်ကျန်းမာရေးအဖွဲ့အစည်းရဲ့ အဆိုအရတော့ မိန်းကလေး ရှစ်ယောက်မှာ တစ်ယောက်ဟာ တစ်နေရာရာ၊ တစ်ချိန်ချိန်မှာ စိတ်ဓါတ် ကျနေနိုင်တယ်လို့ သိရပါတယ်။

Sunday, March 29, 2015

ပင်စင်စား စစ်သည်တို့၏ မရေရာသော ဘဝနေညိုချိန်

တပ်ပိုင်မြေ ကျူးကျော်မှုနဲ့ တရားစွဲ ခံနေရတဲ့ စစ်မှုထမ်းဟောင်း ဦးကျော်သိန်းန့်နဲ့ မိသားစု နေအိမ် (ဓာတ်ပုံ- ဆလိုင်းသန့်စင် / ဧရာဝတီ)


ည ၆ နာရီ ထိုးခါနီးပြီ ဖြစ်၍ ဦးသိန်းလှအောင် တယောက် အလုပ်သွားရန် အတွက် ထမင်းထုပ်နှင့် ရေဘူးများ ပြင်ဆင်နေသည်။ သူ့အလုပ်က ပုသိမ် ကွန်ပျူတာတက္ကသိုလ်၌ ညစောင့်လုံခြုံရေး ဝန်ထမ်းဖြစ်သည်။ ဒီအလုပ်က သူ့ အတွက် အရေးကြီးသည်။ အကြောင်းရင်းကတော့ တပ်မတော်မှ ဆေးပင်စင်ဖြင့် အငြိမ်းစားယူ၍ နုတ်ထွက်ခဲ့ပြီး နောက်ပိုင်း ပထမဆုံး ရရှိခဲ့သည့် လခစားဝန်ထမ်း အလုပ် ဖြစ်နေသောကြောင့် ဖြစ်သည်။

ကျော်သူပြန်လာပြီ

သရုပ်ဆောင် လောကကို ပြန်လည် ၀င်ရောက်လာတဲ့ ကျော်သူ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)


သရုပ်ဆောင်ဟောင်း တဦးလည်းဖြစ်၊ နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ကိုကျော်သူဟာ သူ ပထမဆုံး ပြန်လည် ပါဝင် သရုပ်ဆောင်မယ့် ရုပ်ရှင်ဇာတ်ကားကို ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား ဇာတ်ကားနဲ့ စဖွင့်လိုက်ပါပြီ။

Saturday, March 28, 2015

‘အာရွှီးတဲ့ကိုကို’ဇာတ်ကားမှာ စိတ်တိုင်းမကျတာတွေ များခဲ့တယ်ဆိုတဲ့ Bobby Soxer


သရုပ်ဆောင်တစ် ယောက်အဖြစ် အာရွှီးတဲ့ကိုကို ဇာတ်ကားတွင် ပထမဆုံးပါဝင်ခဲ့ သည့် Bobby Soxer က ဇာတ် ကားရိုက်ကူးရန် ထပ်မံကမ်းလှမ်း လာပါက ဇာတ်လမ်းကို သေသေ ချာချာရွေး၍ ရိုက်ကူးချင်သည်ဟု ပြောသည်။

Tuesday, March 24, 2015

ဗိုလ်စောဆန်းအောင် အရေး DKBA အခက်ကြုံနေ

ဗိုလ်မှူးကြီး စောဆန်းအောင် (ဓာတ်ပုံ – ကရင်အမျိုးသား မီဒီယာ Facebook မှ)


ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) ကို တကျော့ပြန်ရောက်လာတဲ့ ဗိုလ်မှူးကြီး စောဆန်းအောင် အဖွဲ့အတွင်း ပြန်လက်ခံရေး၊ လက်မခံရေး ကိစ္စနဲ့ ပတ်သက်ပြီး DKBA အတွင်းမှာ အမြင်ကွဲပြားမှုတွေ ရှိနေပါတယ်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်အတွင်း တစ်ဖက်နိုင်ငံသို့ သစ်များခိုးထုတ်နေမှုကို တပ်မတော် စစ်ကြောင်းများက ဖော်ထုတ်ဖမ်းဆီးရာမှ KIA (ကချင်) အဖွဲ့နှင့် တိုက်ပွဲများ ဖြစ်ပွား


ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်း မတ် ၂၀ ရက် မွန်းလွဲပိုင်း တွင် တပ်မတော်မှ လေ့ကျင့်ရေး ဂျက် လေယာဉ်များက လေ့ကျင့်ပျံသန်းစဉ် ပလောင်ဒိန်ဆာ ရွာနှင့် မဂျီဂွမ်ရွာ အကြား၌ တရားမဝင် သစ်များ တင်ဆောင် ထားသည့် ယာဉ်တန်းအား တွေ့ရှိရကြောင်း သတင်းပို့ချက်အရ တပ်မတော် စစ်ကြောင်းများက အဆိုပါနယ်မြေ အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ သစ်ခိုးထုတ်နေမှုများကို အကာအကွယ် ပေးနေသည့် KIA (ကချင်) အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

တစ်မိနစ်အတွင်း သင်ပိုမို ကြည့်ကောင်းသွားစေဖို့ လုပ်ဆောင်နိုင်တဲ့ အချက် (၅)ချက်


သင့်အသားအရေ၊ အလှအပ စတာတွေနဲ့ ပတ်သက်ပြီး တစ်မိနစ်အတွင်း ကြည့်ကောင်းသွားစေဖို့ နည်းလေးတွေ ဝေမျှပေးချင်ပါတယ်။

၁။သင့်မျက်နှာပေါ် ရေခဲတုံးလေးတွေနဲ့ ချွေးပေါက်ကျဉ်းသွားအောင် လုပ်ပါ။

မျက်နှာသစ်ပြီးတဲ့နောက် မျက်နှာပေါ် ရေခဲတုံးလေးတွေ တင်ထားလိုက်ပါ။ ဒီလို လုပ်ပေးခြင်းဟာ သင့်မျက်နှာပေါ်က ချွေးပေါက်တွေကို ကျဉ်းသွားစေနိုင်ပါတယ်။ တင်မထားချင်ဘူးဆိုရင်လည်း လက်ကလေးနဲ့ကိုင်ပြီး မျက်နှာပေါ် ပွတ်ပေးပါ။ အေးမြတဲ့ခံစားချက်ဟာ သင့်မျက်နှာပေါ်က ယောင်ရမ်းနေတာတွေ ရှိရင်တောင် သက်သာစေနိုင်ပါတယ်။

ပြင်သစ်တောင်ပိုင်း အဲ့လ်ပ်တောင်တန်းအနီးတွင် Germanwings လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်လိုက်ပါသူ လူ ၁၅၀ စလုံး သေဆုံး


ပြင်သစ်လေတပ်မှ ရဟတ်ယာဉ်များကို မတ် ၂၄ ရက်က လေယာဉ်ပျက်ကျခဲ့သည့် နေရာအနီးတွင် တွေ့ရစဉ်

ဂျာမနီလေကြောင်းလိုင်း Lufthansa က ပိုင်ဆိုင်သော စရိတ်နည်းလေကြောင်းလိုင်း Germanwings က ပြေးဆွဲနေသော လေယာဉ်တစ်စင်းသည် မတ် ၂၄ ရက်က ပြင်သစ်နိုင်ငံတောင်ပိုင်း အဲ့လ်ပ်တောင်တန်း၌ ပျက်ကျခဲ့ပြီးနောက် လေယာဉ်ပေါ် လိုက်ပါလာသည့် လူ ၁၅ဝ စလုံး သေဆုံးခဲ့သည်။

ကလေးရယူမယ့် စုံတွဲတွေအနေနဲ့ ၂ ရက် (သို့) ၃ ရက်တစ်ခါသာ ချစ်တင်းနှီးနှောသင့်


ကမ္ဘာကျော် အနုပညာရှင် စုံတွဲဖြစ်တဲ့ Kanye West နဲ့ Kimkardashian တို့ကတော့ ဒုတိယရင်သွေးရအောင် ကြိုးစားတဲ့အနေနဲ့ တစ်နေ့ကို အကြိမ် ၅၀၀ လောက် ချစ်တင်းနှီးနှောကြတယ်လို့ “Keeping Up With the Kardashians” အစီအစဉ် အသစ်မှာ Kim Kardashina က သူမရဲ့ ညီမ Khloe Kardashian ကို ပြောပြ ခဲ့ပါတယ်။