Wednesday, March 18, 2015

ဦးလှဆွေကို တရားစွဲဖို့ ဗေလုဝ စောင့်ကြည့်နေ


''ဦးလှဆွေနဲ့ ကျွန်တော်က ရန်ဘက်လည်း မဟုတ်ဘဲနဲ့ သူ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ခုလိုတင်တာ စိတ်ထဲမကောင်းဘူး။ စောင့်ကြည့် နေတယ်။ သူ့ဘက်က ပြင်းထန် လာရင်တော့ တရားစွဲဖို့လုပ်မယ်'' ဟု ဗေလုဝကပြောသည်။''အခုသူ့ဘက်က ငြိမ်သွားပြီ။ လွှတ်တော်ထဲမှာ သူလုပ်စရာတွေ အများကြီးပဲ။ ဗေလုဝနဲ့မှကို လုပ် စရာမလိုတာ။ သူနဲ့ ကျွန်တော် လည်း ဘာမှမဆိုင် ရန်ဘက်တွေ လည်း မဟုတ်ဘဲနဲ့။ စာပေဟော ပြောပွဲမှာလည်း ဦးဗေက လိုင်း တစ်ခုတည်း မဟောဘူး အစုံဟော ပြောပါတယ်။ ဒါလည်း သူမသိလို့ နေမှာပါ''ဟု ဗေလုဝကပြောသည်။

ဦးလှဆွေ၏ ရေးသားချက် မှာ ''နောက်တစ်ယောက်က ဗေလု ဝတဲ့၊ ဟာသ သရုပ်ဆောင်၊ ဥပဓိ ရုပ်က သိတော်မူတဲ့အတိုင်းပဲ၊ ကျက်သတုံး၊ လုပ်ရပ်ကလည်း ဘာစာမှ ဟုတ်တိပတ်တိ မရေးဖူး ဘဲနဲ့ စာပေဟောပြောပွဲတွေ လိုက် ပြီး အစိုးရ မကောင်းကြောင်း လိုက် အပုပ်ချနေတယ်၊ ဗေလုဝ ဂန့်ဂေါဘက်ရောက်လာလို့ ဘုန်းကြီး တွေက ခဲနဲ့ထုမလို့ မနည်းတားထား ရတယ်၊ ဟုတ်တယ်လေ ဗေလုဝ ဆိုတာ နတ်သား၊ ဘုရားကိုတောင် စောင်းတီးပြီး တရားပြခဲ့တာ၊ သူက ပွဲဆူအောင်လုပ်နေတာ၊ သူနဲ့က တခြားစီပဲ'' ဟု ၄င်း၏ ဖေ့စ်ဘွတ်ခ်တွင် ရေးသားခဲ့သည်။

''စာပေဟောပြောပွဲဆိုတာ ဗဟုသုတများမှ၊ စာများများဖတ်မှ စာပေစင်မြင့်ပေါ် တက်လို့ရတာ။သာမန်လူလောက်ပဲဆိုရင် စာပေ စင်မြင့်ပေါ်တက်လို့ မရဘူး။ သူ လည်း နှံ့နှံ့စပ်စပ် လေ့လာတဲ့ပုဂ္ဂိုလ် လည်း မဟုတ်ပါဘူး'' ဟုဗေလုဝ က ပြောသည်။

''အရင်က စာပေဟောပြောပွဲ တွေ ပိတ်တယ်။ အခု ပြန်ဖွင့်တယ်။ အခု ကိစ္စတွေများတော့ ပြန်ပိတ် ရင်လည်း ပိတ်ခံရနိုင်တယ်။ ရတုန်း လေးမှာ ကိုယ့်ဆီက ဗဟုသုတ တွေကို အများပြည်သူများကို ဝေငှချင်တယ်'' ဟု ဗေလုဝက ပြောသည်။

ဗေလုဝက လတ်တလောတွင် သရုပ်ဆောင်နေတိုးနှင့် ဇာတ်ကား တစ်ကား ရိုက်ကူးလျက်ရှိပြီး စာပေ ဟောပြောပွဲများကိုလည်း လက်ခံ ထားသည်ဟု သိရသည်။

ထူးထူး
Popular Myanmar News Journal

0 comments:

Post a Comment