Friday, March 20, 2015

ရီးရဲလ်နှင့်ပွဲတွင် ရလဒ်ကောင်းယူရန် မက်ဆီ မျှော်လင့်ထား


ဘာစီလိုနာအသင်း တိုက်စစ်မှူး မက်ဆီက မိမိတို့အနေဖြင့် ရလဒ်ကောင်းများ ဆက်တိုက်ရရှိနေ သောကြောင့် တနင်္ဂနွေတွင် ယှဉ်ပြိုင် ကစားမည့် ရီးရဲလ်နှင့် ပွဲစဉ်တွင်လည်း အနိုင်ရရှိအောင် စွမ်းဆောင်နိုင် လိမ့်မည်ဟု မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။ မက်ဆီသည် မန်စီးတီးကို အနိုင်ရ ခဲ့သည့် ချန်ပီယံလိဂ် ပွဲစဉ်တွင် အဓိကနေရာမှ ခြေစွမ်း ပြသခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြန် ရရှိနေပြီဟု ယူဆ ထားသည်။ ရီးရဲလ်နှင့် ပွဲစဉ်သည် လာလီဂါ ချန်ပီယံ ဆုရယူနိုင်ရေး အရေး ပါသည့် ပွဲစဉ် ဖြစ်နေပြီး ယင်းပွဲတွင် ရလဒ်ကောင်းယူသွား ရန် မက်ဆီက ဆန္ဒရှိနေသည်။မက်ဆီက မိမိတို့သည် ယခုရာသီတွင် ကွဲပြားသည့် အခြေအနေများနှင့် ရင်ဆိုင်ခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် အကောင်းဆုံး ခြေစွမ်း ထုတ်ပြ နိုင်ပြီဟု ယုံကြည် ထားကြောင်း၊ မိမိတို့ အသင်းသည် အနိမ့်အမြင့်များ ရှိခဲ့သော်လည်း ပွဲကျပ်များကို အကောင်းဆုံး ကစားပြနိုင် ခဲ့ကြောင်း၊ အရေးကြီးသည့် ပွဲများတွင် အရေးပါသည့် နိုင်ပွဲများ ရရှိခဲ့ခြင်းကြောင့် လာမည့် ပွဲစဉ်များ အတွက် အဆင်သင့်ဖြစ် နေကြောင်း၊ မိမိတို့ ရင်ဆိုင်ရမည့် ရီးရဲလ်နှင့် ရော်နယ်ဒိုတို့ကို လေးစားမှု ရှိကြောင်း၊ မိမိအနေဖြင့် ရီးရဲလ်အသင်း၏ ခြေစွမ်းကောင်း၊ မကောင်းကို ပြောနေခြင်း မဟုတ်ကြောင်း၊ ရီးရဲလ် အသင်းတွင် နာမည်ကြီး ကစားသမားများ ရှိနေခြင်းကြောင့် သာမန်ပွဲများထက် ပိုမို ခက်ခဲမည် ဖြစ်ကြောင်း ဆိုခဲ့သည်။

ထို့အပြင် မက်ဆီက မိမိ၏ ခြေစွမ်း ကျဆင်းသွားသည်မှာ ဟုတ်မှန်ခြင်း မရှိကြောင်း၊ လက်ရှိ အချိန်တွင် အကောင်းဆုံး ခြေစွမ်း ရရှိနေပြီဟု ခံစားမိကြောင်း၊ မန်စီးတီးနှင့် ပွဲတွင် ဂိုးသမား ဂျိုးဟတ် ကာကွယ်ပုံ ကောင်းမွန်ခဲ့ကြောင်း၊ မန်စီးတီးနှင့်ပွဲတွင် မိမိတို့အသင်း၏ ကစားပုံ အတွက် ကျေနပ် မိကြောင်း ဆိုခဲ့သည်။ ဘာစီလိုနာ အသင်းနည်းပြ အန်းနရစ် ကလည်း မက်ဆီသည် ဘောလုံးသမိုင်း တစ်လျှောက် အကောင်းဆုံး ကစားသမား တစ်ဦး ဖြစ်ကြောင်း ချီးကျူးစကားဆိုခဲ့သည်။

Messenger News Journal

0 comments:

Post a Comment