Thursday, March 19, 2015

ABSDF မြောက်ပိုင်းဒေသတွင် သူလျှိုဟုစွပ်စွဲ၍ သတ်ဖြတ်မှုပေါင်း ၃၆ ခုရှိခဲ့ကြောင်း အစီရင်ခံစာထွက်ပေါ်


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABADF) ၏ မြောက်ပိုင်းဒေသတွင် ကျောင်းသားရဲဘော်များအချင်းချင်း သံသယစိတ် များဝင်ကာ သူလျှိုဟု တစ်ယောက်နှင့်တစ်ယောက်စွပ်စွဲ၍ သတ်ဖြတ်မှုပေါင်း ၃၆ခုဖြစ်ပွားခဲ့ကြောင်း ABADF ၏ အမှန်တရားနှင့် တရားမျှတမှုဖော်ထုတ် ရေးကော်မတီက မတ်၁၅ရက်တွင် အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်လိုက် သည်။အဆိုပါအစီရင်ခံစာအား 'ဂုဏ်သိက္ခာ' ဆိုသောအမည်ဖြင့် ၁၉၉၁နှင့် ၁၉၉၂က ဗြှီင်္ ၏ မြောက်ပိုင်းဒေသတွင်ဖြစ်ပွားခဲ့သော လူသတ်မှု၊ လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်ပြီး ပြုစုထားသောအစီရင်ခံစာဖြစ် ကြောင်း သိရသည်။
ယင်းအစီရင်ခံစာကို ၂ဝ၁၂ က စတင်ဖွဲ့စည်းခဲ့သော (ABADF) ၏ အ မှန်တရားနှင့် တရားမျှတမှုဖော်ထုတ်ရေးကော်မတီက ပြုစုရေးသားခဲ့ပြီး မတ် ၁၅ရက်တွင် ဦးဝိစာရလမ်းရှိံသကျန သ် နြာသမပ တွင် ရှင်းလင်းပြောကြား ခဲ့သည်။

''အခုအစီရင်ခံစာက မြန်မာပြည်မှာ ပထမဆုံးထွက်လာတာပဲ။ ABADF အနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုကိုနမူနာပြတဲ့အနေနဲ့ စလုပ်တာဖြစ်ပါတယ်'' ဟု ABADF ၏ အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးကော်မတီမှတာ ဝန်ခံညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက ဆိုသည်။
မတ် ၁၅ရက်ကထုတ်ပြန်လိုက်သော 'ဂုဏ်သိက္ခာ' အမည်ရှိ အစီရင်ခံ စာတွင် အာသံကုန်း၌ ၁၅ဦးကွပ်မျက်ခံရခြင်း၊ ဖားကန့်ဒေသ၌ နှစ်ဦးကွပ် မျက်ခံရခြင်း၊ စစ်ကြောရေးကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှုများကြောင့် ၁၁ ဦးသေဆုံးခဲ့ သလို ထိန်းသိမ်းထားစဉ်အတွင်း ရှစ်ဦးမှာလည်း ညှဉ်းပန်းနှိပ် စက်ခြင်း၊ ရိုက်နှက်ခြင်း၊ သေနတ်ဖြင့်ပစ်ခြင်း၊ ဆေးကုသခွင့်မပေးခြင်းတို့ကြောင့် သေဆုံးခဲ့ကြောင်းနှင့် ကျောင်းသားရဲဘော်အချင်းချင်း သူလျှိုဟုစွပ်စွဲခံရစဉ် လျှပ်စစ်ရှော့ရိုက်ခြင်း၊ ရိုက်နှက်ခြင်း၊ ကိုယ်ပေါ်တွင် ရင်ဘောင်ကြမ်း (ကတ္တ ရာပူ)များ အစက်ချခြင်း၊ ခြေသလုံးပေါ်တွင် ဝါးဖြင့်လှိမ့်ခြင်း၊ လက်ကောက် ဝတ်မှဖြတ်ပစ်ခြင်း စသည့်နည်းလမ်းများကို စစ်ကြောရေးတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် နေ့ခင်းအလုပ်ချိန်မှအပ ကျန်အချိန်အားလုံးတွင် မျက်စိများကို အဝတ်စည်းထားပြီး ခြေကျင်းဝတ်ခတ်၍ လက်နောက်ပြန်ကြိုးချည်အိပ်ရ ခြင်း၊ ပုလင်းသေးသေးအတွင်းသို့သာ ဆီးသွားခွင့်ပြုသည့်အပြင် ပုံစံတစ်မျိုး တည်း တစ်ဖက်သို့သာ စောင်းအိပ်ရခြင်းတို့ကို ရင်ဆိုင်ခဲ့ရပြီး ၁၉၉၂အစတွင် ABADF မြောက်ပိုင်းတပ်ဖွဲ့ဝင် ၁ဝ၅ဦးနှင့် အရပ်သားတစ်ဦး စုစုပေါင်း ၁ဝ၆ ဦး ဖမ်းဆီးခံခဲ့ကြောင်း အဆိုပါဖမ်းဆီးညှဉ်းပန်းသတ်ဖြတ်မှုများတွင် ပါဝင် ခဲ့သူများကို ABADF မှ နိုင်ငံရေးတာဝန်များရပ်ဆိုင်ခြင်း၊ တစ်ဦးချင်းတာ ဝန်ရှိသူများက တောင်းပန်စေခြင်း၊ ထိခိုက်နစ်နာခဲ့သူများနှင့်မိသားစုများကို ကူညီထောက်ပံ့ခြင်းများကိုလုပ်ဆောင်ပေးရန် အစီရင်ခံစာတွင် ထည့် သွင်းဖော်ပြထားသည်။

TheYangonTimes

0 comments:

Post a Comment