Sunday, March 22, 2015

U-20 မြန်မာလူငယ်ဘောလုံးအသင်းကို နယူးဇီလန်အထိ လိုက်အားပေးနိုင်တော့မည်

U-20 ကမ္ဘာ့ဖလားခြေစစ်ပွဲကို တက်ရောက်ခွင့်ရသွားတဲ့ မြန်မာလူငယ်ဘောလုံးအသင်း (ဓာတ်ပုံ - ဟိန်းထက် / The Irrawaddy)

နယူးဇီလန်မှာပြုလုပ်မယ့် U-20 ကမ္ဘာ့ဖလားပြိုင်ပွဲကို မြန်မာ့လူငယ်ဘောလုံးအသင်း ခြေစစ်ပွဲအောင်လို့ တက်ရောက်သွားနိုင်တာ အားလုံးလည်းအသိပါ။ ကဲ ခုတော့ မြန်မာဘောလုံးချစ်ပရိတ်သတ်တွေ နယူးဇီလန်အထိ လိုက်ပါ အားပေးနိုင်တော့မှာပါ။အဲ့ဒါက Visita Travel ဆိုတဲ့ ခရီးသွားလုပ်ငန်းက ကမ္ဘာ့ဖလား အုပ်စုပွဲ ၃ ပွဲအတွက် လက်မှတ်တွေပါဝင်ပြီး ၈ ညအိပ် ၉ ရက်ခရီးစဉ်အဖြစ် နယူးဇီလန်နိုင်ငံကို သွားရောက်လည်ပတ်နိုင်တော့မယ်ဆိုတဲ့ အစီအစဉ်တွေ ရှိပါတယ်တဲ့။

အင်္ဂလန်နိုင်ငံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ တခုတည်းသော မြန်မာပိုင် Visita Travel ခရီးသွားလုပ်ငန်းဟာ နယူးဇီလန် ကမ္ဘာ့ဖလားပွဲကို သွားကြည့်နိုင်ဖို့အတွက် FIFA ကနေ တရားဝင် အသိအမှတ်ပြု(Official Travel Package) ခရီးစဉ်ကို ရောင်းချခွင့်ရထားတာပါ။

မြန်မာပြည်မှာသာမက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဘောလုံးချစ်ပရိတ်သတ်တွေ လိုက်ပါ အားပေးနိုင်ဖို့အတွက် ဘယ်သူမဆို ဒီ http://www.visitatravel.com/myanmaru20/ ကနေ စာရင်းပေးသွင်းနိုင်ပါတယ်တဲ့။

ဒ့ါထက် Visita Travel ခရီးသွားလုပ်ငန်းဟာ ဗြိတိန်နိုင်ငံနဲ့ ဥရောပနိုင်ငံသားတွေအတွက် မြန်မာပြည် ခရီးစဉ်တွေကို ဆောင်ရွက်ပေးလျှက်ရှိသလို၊ မြန်မာပြည်သားတွေအတွက်လည်း အင်္ဂလန်နှင့် ဥရောပနိုင်ငံတွေကို သွားရောက်လည်ပတ်နိုင်မယ့် ခရီးစဉ်တွေကို ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

နောက်ပြီး မြန်မာပြည်တွင်းကနေ သွားမယ့်သူတွေအတွက် ဗီဇာလျှောက်ထားခြင်းကအစ တာဝန်ယူ ဆောင်ရွက်ပေးပြီး ပြည်ပနိုင်ငံတွေကနေ သွားရောက်မယ့်သူတွေအတွက်တော့ ခရီးစဉ်ချည်း သီးသန့် ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ Visita Travel ခရီးသွားလုပ်ငန်းက ဆိုပါတယ်။

အသးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ် http://www.visitatravel.com/myanmaru20/ မှာ သွားကြည့်လိုက်ပါနော်။

ဧရာဝတီ

0 comments:

Post a Comment